လိပ္ကြၽန္း အမႈမွာ ငါတို႔ လုပ္ခ်င္သလို လုပ္မယ္ဆိုတာမ်ိဳး ျဖစ္ေနတယ္...

ထိုင္းနိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံး လိပ္ကြၽန္း လူသတ္မႈ အထူးစုံစမ္းေရးအဖြဲ႕ တာဝန္ခံ ဦးေက်ာ္ေသာင္း / ေက်ာ္ခ / ဧရာဝတီ
ထိုင္းနိုင္ငံေတာင္ပိုင္း လိပ္ကြၽန္းလူသတ္မႈမွာ ေသဒဏ္ခ်ခံထားရတဲ့ ျမန္မာနိုင္ငံသား ႏွစ္ဦးျဖစ္တဲ့ ကိုေဇာ္လင္းနဲ႕ ကိုဝင္းေဇာ္ထြန္း တို႔ အတြက္ အယူခံဝင္ခြင့္ ရခဲ့ေပမယ့္ အယူခံ တရား႐ုံးကလည္း မူလ စီရင္ခ်က္အတိုင္း ေသဒဏ္ အျဖစ္ ထပ္မံ အတည္ျပဳခဲ့တယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ ဒီအမႈမွာ ျမန္မာနိုင္ငံသားႏွစ္ဦး လြတ္ေျမာက္ေရးအတြက္ အခင္းျဖစ္ပြားစဥ္ ကာလကတည္းက လိုက္ပါ ေဆာင္႐ြက္ေပးခဲ့တဲ့ ထိုင္းနိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံး လိပ္ကြၽန္း လူသတ္မႈ အထူးစုံစမ္းေရးအဖြဲ႕ တာဝန္ခံ ဦးေက်ာ္ေသာင္း ကို ဧရာဝတီ သတင္းေထာက္ ေက်ာ္ခ က ျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး  ။    ။  လိပ္ကြၽန္းအမႈနဲ႕ ပတ္သက္ၿပီး အယူခံတရား႐ုံးက ထပ္ၿပီးေတာ့ ေသဒဏ္ကို အတည္ျပဳလိုက္တယ္လို႔ ၾကားသိရပါတယ္။ ဘယ္လိုျဖစ္ခဲ့သလဲ ဆိုတာကို ရွင္းျပေပးေစခ်င္ပါတယ္။

ေျဖ  ။    ။  က်ေနာ္တို႔လည္း ထိုင္းသတင္းေတြနဲ႕ နိုင္ငံတကာ သတင္းေတြရဲ႕ တင္ျပခ်က္ေတြ အရသာ သိလိုက္ရတယ္။ သတင္းေတြ တက္လာလာခ်င္း ထိုင္းနိုင္ငံဆိုင္ရာ ျမန္မာနိုင္ငံသံ႐ုံးကို ဖုန္းဆက္တယ္။ မရဘူး။ မရဘူးဆိုတာ ဖုန္းကို မကိုင္တာ။ ဒီအမႈမွာ ျမန္မာနိုင္ငံသား ႏွစ္ဦးဘက္က လိုက္ပါေဆာင္႐ြက္ေပးေနတဲ့ ေရွ႕ေနမ်ားေကာင္စီကို ဖုန္းဆက္ေတာ့ သူတို႔လည္း မသိလိုက္ရဘူးတဲ့။

ဒါေၾကာင့္ ဒီအမႈမွာ ပါဝင္ေဆာင္႐ြက္ေနတဲ့ ေရွ႕ေနႀကီး ဦးေအာင္မ်ိဳးသန႔္နဲ႕ ေျပာၾကတဲ့ အခါမွာ ဒီကိစၥကေတာ့ ဥပေဒနဲ႕ မညီဘူးလို႔ေတာ့ ေျပာလို႔ မရဘူးေပါ့ေနာ္။ ဒါေပမယ့္ ႏွစ္နိုင္ငံ အစိုးရအဆင့္ လုပ္ေနတဲ့ကိစၥ ျဖစ္တဲ့အတြက္ ထိုင္းေရွ႕ေနမ်ား ေကာင္စီလည္း ပါေနေတာ့ အက်ိဳးအေၾကာင္းသင့္ေတာ့ ေျပာသင့္တယ္ေပါ့။ အဲဒီေလာက္ပဲ က်ေနာ္တို႔ဘက္က သုံးသပ္ ၾကတာေပါ့။

သတင္းေတြထဲ ပါလာခ်က္အရ အမွတ္ ၈ ျပည္နယ္ရဲတပ္ဖြဲ႕က ၂၃ ရက္ေန႕က သြားၿပီးေတာ့မွ ဒီကေလးေတြကို ဘာသာျပန္ မပါဘဲနဲ႕ သြားၿပီး ေအာက္ေျခတရား႐ုံးရဲ႕ ဆုံးျဖတ္ခ်က္အတိုင္း အတည္ျဖစ္တယ္။ အယူခံ႐ုံးက ပယ္ခ်တယ္။ အရင္အတိုင္း ရွိတယ္လို႔သာ သြားေျပာတယ္လို႔သာ ေျပာၿပီးေတာ့ ဘယ္ေန႕၊ ဘယ္ရက္က သြားဖတ္ျပတယ္ဆိုတာ မပါဘူး။

ေမး  ။    ။  ဆရာတို႔ ေကာ္မတီအေနနဲ႕ ဒီအမႈနဲ႕ ပတ္သက္ၿပီး ဘယ္လိုေရွ႕ဆက္ေဆာင္႐ြက္ဖို႔ရွိပါသလဲ။

ေျဖ  ။    ။  မေန႕က သမၼတ႐ုံးရယ္၊ ေဒၚေအာင္ဆန္းစုၾကည္ရယ္ကို က်ေနာ္တို႔ လိပ္ကြၽန္း အထူး စုံစမ္းေရး ေကာ္မတီအေနနဲ႕ ညေနဘက္မွာ စာပို႔တယ္။ ပို႔တယ္ဆိုတာက ဒီအမႈက ထိုင္းဥပေဒအရ တလအတြင္း က်ေနာ္တို႔ဘက္က ျမန္ျမန္ဆန္ဆန္ တရားလႊတ္ေတာ္ကို တင္နိုင္ဖို႔လိုတယ္။ ခက္တာက ျပႆနာက ဘာလဲဆိုေတာ့ ဒီေကာ္မတီကို ၂၀၁၄ ေအာက္တိုဘာ ၃ ရက္ေန႕မွာ အဲဒီတုန္းက သံအမတ္ႀကီး ဦးဝင္းေမာင္က ဦးေဆာင္ၿပီးေတာ့ လိပ္ကြၽန္းအထူးစုံစမ္းေရး ေကာ္မတီဆိုၿပီး ဖြဲ႕ခဲ့တယ္။

ဦးဝင္းေမာင္က သူ႕ရဲ႕ တာဝန္ခ်ိန္ ၿပီးသြားတဲ့ အတြက္ ၿပီးခဲ့တဲ့ ဇန္နဝါရီလကတည္းက ျပန္သြားၿပီ။ ျပန္သြားခ်ိန္မွာ ဦးဝင္းေမာင္ က လိပ္ကြၽန္းေကာ္မတီနဲ႕ ပတ္သက္ၿပီးေတာ့ က်ေနာ္တို႔ကို ေခၚၿပီးေတာ့ ေတြ႕တာမ်ိဳး၊ လက္ရွိ က်န္ေနခဲ့တဲ့ သို႔မဟုတ္ အသစ္ေရာက္လာတဲ့ သံအမတ္၊ သံမႉး၊ သံမႉးႀကီး အစရွိသျဖင့္ နိုင္ငံဝန္ထမ္း တေယာက္ေယာက္နဲ႕ ဒီေကာ္မတီကို လႊဲေျပာင္းၿပီး တာဝန္ေပးခဲ့တာမရွိဘူး။ ဒါေၾကာင့္ အဲဒီကတည္းက က်ေနာ္တို႔က စိုးရိမ္ေနတယ္။

ဒါေၾကာင့္ မေန႕က သတင္းေတြ တက္လာၿပီးတဲ့ေနာက္မွာ ဘန္ခဝမ္ေထာင္မွာ ရွိေနတဲ့ ဝင္းေဇာ္ထြန္းနဲ႕ ေဇာ္လင္းတို႔ကို သြားေရာက္ အားေပးစကားေျပာဖို႔ ခ်က္ခ်င္း လိုအပ္တယ္။ မိဘေတြကိုလည္း အေၾကာင္းၾကားဖို႔ လိုအပ္တယ္။ ဒါေပမယ့္ ခုနက ေျပာသလို အစိုးရ အဆင့္က နာမည္တပ္ၿပီးေတာ့မွ တရားဝင္ ထိုင္းနိုင္ငံရဲ႕ ျပည္ထဲေရး ဌာနတို႔ နိုင္ငံျခားေရး ဝန္ႀကီးဌာနကို စာပို႔ဖို႔အတြက္ ေခါင္းတင္မယ့္လူ၊ တာဝန္ယူမယ့္လူ သံ႐ုံးမွာ မရွိဘူး။ သံ႐ုံးက ဖုန္းေတာင္မကိုင္ဘူး။

ဒါေၾကာင့္ ဒီကိစၥကို အျမန္ဆုံး ကိုင္တြယ္ေဆာင္႐ြက္ဖို႔ ဒီေကာ္မတီမွာ နိုင္ငံဝန္ထမ္း နိုင္ငံျခားေရး ဝန္ႀကီးဌာနက သံအမတ္ကို ထားမလား၊ သံမႉးကိုထားမလား၊ သံမႉးႀကီးကို ထားမလား ဘယ္သူ႕ကို ထားမလဲ၊ သို႔မဟုတ္ ဒီေကာ္မတီကို သေဘာမက်ဘဴး ဆိုရင္လည္း အသစ္ျပန္ေျပာင္းဖို႔အတြက္ ဒီရက္ပိုင္းအတြင္းမွာ အျမန္ဆုံး ေဆာင္႐ြက္သင့္တယ္ဆိုၿပီးေတာ့ မေန႕ညေနက နိုင္ငံျခားေရးဝန္ႀကီးဌာနကိုေရာ သံ႐ုံးရယ္၊ စစ္သံ႐ုံးရယ္က တဆင့္ က်ေနာ္ စာပို႔လိုက္တယ္။

ေမး  ။    ။  ဒီအမႈမွာ ျမန္မာနိုင္ငံသား ႏွစ္ဦးဘက္က အဓိက လိုက္ပါေဆာင္႐ြက္ေပးေနတဲ့ ထိုင္းနိုင္ငံ ေရွ႕ေနမ်ားေကာင္စီ အဖြဲ႕ ဘက္ကေရာ ဒီအမႈနဲ႕ ပတ္သက္ၿပီး ဘယ္လို ဆက္လက္ ေဆာင္႐ြက္သြားမယ္ဆိုတာမ်ိဳး ေျပာတာရွိလဲဗ်။

ေျဖ  ။    ။  ေရွ႕ေနမ်ား ေကာင္စီကေျပာတာကေတာ့ ေနာက္ဆုံးအဆင့္တဆင့္ကိုေတာ့ လုပ္စရာရွိတာ လုပ္ၾကတာေပါ့။ စိတ္ဓာတ္ မက်ပါနဲ႕ ဒါေတာ့ ငါတို႔ ၿပီးေအာင္အထိ လုပ္ၾကမယ္ဆိုၿပီးေတာ့ အားေပးစကား ေျပာတာေပါ့။ က်ေနာ္တို႔ကလည္းပဲ အရင္ကတည္းက ဘယ္အဆင့္ေတြ က်န္ေသးတယ္ဆိုတာ သိၿပီးသားျဖစ္တဲ့အတြက္ ေရွ႕ေနေတြနဲ႕ က်ေနာ္တို႔က သံ႐ုံးအဖြဲ႕ေတြ နိုင္ငံျခားေရး ဝန္ႀကီးဌာနဘက္က ဘာစာထြက္လာမလဲ ဆိုတဲ့အေပၚမွာ မူတည္ၿပီးေတာ့ က်ေနာ္တို႔ လာမယ့္ အပတ္ လုပ္ငန္းစဥ္ ဆက္လုပ္မယ္ဆိုတာကိုေတာ့ အၾကမ္းအားျဖင့္ ေျပာထားၾကတယ္။

ေမး  ။    ။  ဒီအမႈကို အယူခံဝင္ခြင့္ ရၿပီးတဲ့ေနာက္ အမႈနဲ႕ဆိုင္တဲ့ ကြဲလြဲခ်က္ေတြကို ေထာက္ျပတဲ့ အခါမွာ အားသာခ်က္ေတြ ရွိခဲ့တယ္လို႔ ဆိုတယ္။ အဲဒီလိုမ်ိဳး အေနအထားကေန အခုလိုျဖစ္သြားတာက ဘာေၾကာင့္လို႔ ယူဆပါသလဲ။

ေျဖ  ။    ။  နိုင္ငံျခားသား ႏွစ္ေယာက္ကို အကယ္၍သာ ထိုင္းလူမ်ိဳးေတြက သတ္ပါတယ္လို႔ ေပၚသြားရင္ ထိုင္းနိုင္ငံအတြက္ တတိယအဆင့္ ဝင္ေငြ ျဖစ္ေနတဲ့ နိုင္ငံျခား ခရီးသြားလုပ္ငန္းကို ထိခိုက္သြားမယ္။ ဧည့္သည္ကို အိမ္ရွင္က သတ္တယ္ဆိုတဲ့ အမည္းစက္ႀကီး ျဖစ္သြားမွာကို ထိုင္းေတြက ကာကြယ္တယ္။ ဥပမာ တရားခံနဲ႕ ပတ္သက္ၿပီး ဘယ္သူ၊ ဘယ္ဝါ ဆိုတာ ထိုင္းသာမက ျမန္မာအသိုင္းအဝိုင္းကေရာ ေျပာေနၾကတာပဲ။ ဟုတ္သလား။ မဟုတ္ဘူးလား ဆိုၿပီးေတာ့ စုံစမ္းစစ္ေဆးတဲ့ အပိုင္း၊ တရား႐ုံးအပိုင္းက အမွန္တရားဘက္က ခ်ဥ္းကပ္ခဲ့တာ မေတြ႕ရဘူး။နာမည္ေက်ာ္ DNA ပညာရွင္ ေဒါက္တာဖြန္ထစ္လို ပညာရွင္တေယာက္က ေထာက္ျပခဲ့တဲ့ အခ်က္ကိုေတာင္မွ မရွင္းတတ္ခဲ့ဘူး ဆိုရင္ ဒီအမႈကေတာ့ ဒီအတိုင္းျဖစ္ရမယ္ဆိုတဲ့ တခါတည္း အၿပီးသတ္ ထုတ္ထား၊ ပိုးထားတဲ့ သေဘာမ်ိဳးကို က်ေနာ္တို႔ ေတြ႕ရတယ္ဗ်။ ဒီလိပ္ကြၽန္း အမႈမွာ ငါတို႔လုပ္ခ်င္သလို လုပ္မယ္ဆိုတာမ်ိဳး ျဖစ္ေနတယ္။

ေမး  ။    ။  အယူခံမွာ ျမန္မာနိုင္ငံသား ႏွစ္ေယာက္ လြတ္ေျမာက္ေရးအတြက္ အမႈမွာ ကြဲလြဲခ်က္၊ အားနည္းခ်က္ အခ်က္ အလက္ေတြကို တင္ျပခဲ့တယ္ဆိုေပမယ့္။ တင္ျပခ်က္ေတြမွာ အားနည္းလို႔ အခုလို ျဖစ္သြားတယ္လို႔ေရာ ေျပာလို႔မရဘူးလားဗ်။

ေျဖ  ။    ။  မျဖစ္နိုင္ပါဘူး။ မျဖစ္နိုင္ဘူးဆိုတာက ေနျပည္ေတာ္ ဥပေဒခ်ဳပ္႐ုံးရယ္၊ CID ရယ္လာၿပီးေတာ့မွ က်ေန္ာရယ္၊ ဦးေအာင္မ်ိဳးသန႔္ရယ္ ဘန္ေကာက္က ျမန္မာသံ႐ုံးမွာ ေန႕ေရာ ညပါ၊ ဘာသာေတြျပန္ၿပီးေတာ့ လုပ္လိုက္ၾကတယ္။ ျမန္မာနဲ႕ ထိုင္း ဥပေဒၾကားက လစ္ဟာခ်က္၊ ကြဲလြဲခ်က္ေတြကအစ ေသေသခ်ာခ်ာ လုပ္ခဲ့ၾကတယ္။ ေနာက္တခု အားေကာင္းတာက ထိုင္းဥပေဒ အေၾကာင္းကို ႏွံ႕ႏွံ႕စပ္စပ္ ကြၽမ္းက်င္တဲ့ ထိုင္းေရွ႕ေနမ်ားေကာင္စီ လည္းပါတယ္။ က်ေနာ္တို႔ဘက္က အခ်က္အလက္ ေတြက အရမ္းကိုေကာင္းတယ္၊ ခိုင္မာတယ္။

သို႔ေသာ္ မင္းတို႔ဟာ ဘယ္ေလာက္ပဲ ေကာင္းေကာင္း ငါတို႔ ဂ႐ုမစိုက္ဘူးဆိုတဲ့ ပုံစံမ်ိဳး အဆုံးသတ္သြားတာ ေတြ႕ရတယ္။ ဥပေဒေၾကာင္းအရသာ ၾကည့္မယ္ဆိုရင္ ျမန္မာနိုင္ငံသား ႏွစ္ေယာက္ဟာ ဒီလူသတ္မႈကို လုံးဝ မက်ဴးလြန္တာ က်ေနာ္တို႔ဘက္က အခိုင္အမာနီးပါးကို တင္ျပနိုင္ခဲ့တာေပါ့။

ေမး  ။    ။  ဒီအမႈနဲ႕ ပတ္သက္ၿပီး တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္က ထိုင္းနိုင္ငံ ထိပ္ပိုင္း အာဏာပိုင္ပုဂၢိဳလ္ေတြနဲ႕ ေတြ႕တဲ့အခါမွာလည္း ေျပာဆိုတာေတြ႕ခဲ့ရေပမယ့္ အခုလို လုပ္ေဆာင္ခ်က္အေပၚ ဘယ္လိုသုံးသပ္မိပါသလဲ။

ေျဖ  ။    ။  အရင္အစိုးရ လက္ထက္က အမ်ိဳးသားလႊတ္ေတာ္ ဥကၠ႒ ဦးခင္ေအာင္ျမင့္တို႔ လာခဲ့တယ္။ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္တို႔လည္း လာခဲ့တယ္။ ထိုင္းဘက္က တပ္ပိုင္းဆိုင္ရာ အႀကီးအကဲ၊ ဝန္ႀကီးခ်ဳပ္၊ ဒုဝန္ႀကီးတို႔နဲ႕ ေတြ႕တိုင္း ဒီကေလး ႏွစ္ေယာက္အတြက္ ေျပာတာဆိုတာေတြကို ၾကားသိရတယ္။ ဒါေပမယ့္ ဒီနိုင္ငံေတာ္အဆင့္ လူႀကီးေတြ ေျပာတာ၊ လုပ္တာေတြကို ထိုင္းတရား႐ုံးဘက္က၊ တစုံတရာ၊ ထည့္သြင္းစဥ္းစား၊ ဂ႐ုစိုက္တာ မရွိဘူးဗ်။ အဲဒီလို ႏွစ္နိုင္ငံ ေ႐ႊလမ္း ေငြလမ္း ေဖာက္ၿပီးေတာ့မွ အျပန္အလွန္၊ ေလးစား ဂ႐ုစိုက္မႈကိုေတာ့ ထားလိုက္ပါဦး။ ဥပေဒ အေၾကာင္းအရ က်ေနာ္တို႔ဘက္က ခိုင္မာ၊ ေရရာ၊ ေသခ်ာတဲ့ အခ်က္အလက္ေတြ တင္ျပတာတို႔၊ သူတို႔နိုင္ငံသူ ျဖစ္တဲ့ ေဒါက္တာ ဖြန္ထစ္ရဲ႕ DNA တင္ျပခ်က္ေတြကို ေတာင္မွ မစဥ္းစားခဲ့ဘူးဆိုေတာ့ ထိုင္းနိုင္ငံရဲ႕ တရားေရးဟာ ဒီအမႈအခင္းအေပၚမွာ ေတာ္ေတာ္ကို စိတ္မခ်မ္းေျမ့စရာ ျမင္ရတယ္။

ေမး  ။    ။  ဒီကိစၥအေပၚမွာ ျဖည့္စြက္ေျပာၾကားခ်င္တာ ရွိရင္လည္း ေျပာေပးပါဦး။

ေျဖ  ။    ။  ထိုင္းနိုင္ငံ အတြင္းမွာ သန္းနဲ႕ခ်ီရွိေနတဲ့ ျမန္မာအလုပ္သမားေတြကို လူထုေ႐ြးခ်ယ္ တင္ေျမာက္ထားတဲ့ NLD အစိုးရနဲ႕ နိုင္ငံေတာ္ အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္တို႔က ဒီအလုပ္သမားေတြကို ကာကြယ္ေစာင့္ေရွာက္ဖို႔ အတြက္ အလုပ္သမား သံအရာရွိ ပို႔ထားပါတယ္ဆိုတဲ့ အရင္တုန္းက အေျပာ၊ အျမင္ေလာက္နဲ႕ ဒီအလုပ္သမားေတြကို ဥပကၡာ ျပဳမထားပါနဲ႕။ အစိုးရအေနနဲ႕ တိုင္းတပါး ေရာက္ေနၾကတဲ့ ျမန္မာနိုင္ငံသား ေ႐ႊ႕ေျပာင္းလုပ္သားကို ကိုယ့္မိဘသဖြယ္ လိုက္လံ ေစာင့္ေရွာက္ျခင္း မရွိသေ႐ြ႕ ကာလပတ္လုံး တေနရာမွာ ျမန္မာ အလုပ္သမား တေယာက္ အသတ္ခံရတယ္။ တေနရာမွာ အဓမၼျပဳက်င့္ ခံရတယ္။ တေနရာမွာ လုပ္ငန္းခြင္ ထိခိုက္လို႔ ေသသြားတယ္။ မတရား စြပ္စြဲဖမ္းဆီး ေထာင္ခ်ခံေနရတာ ေတြက စိတ္မခ်မ္းေျမ့စရာ ျဖစ္ေနမွာဘဲ။

ေက်ာ္ခ
Senior Reporter
burma.irrawaddy.com


ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး လိပ်ကျွန်း လူသတ်မှု အထူးစုံစမ်းရေးအဖွဲ့ တာဝန်ခံ ဦးကျော်သောင်း / ကျော်ခ / ဧရာဝတီ
ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုမှာ သေဒဏ်ချခံထားရတဲ့ မြန်မာနိုင်ငံသား နှစ်ဦးဖြစ်တဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်း တို့ အတွက် အယူခံဝင်ခွင့် ရခဲ့ပေမယ့် အယူခံ တရားရုံးကလည်း မူလ စီရင်ချက်အတိုင်း သေဒဏ် အဖြစ် ထပ်မံ အတည်ပြုခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီအမှုမှာ မြန်မာနိုင်ငံသားနှစ်ဦး လွတ်မြောက်ရေးအတွက် အခင်းဖြစ်ပွားစဉ် ကာလကတည်းက လိုက်ပါ ဆောင်ရွက်ပေးခဲ့တဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး လိပ်ကျွန်း လူသတ်မှု အထူးစုံစမ်းရေးအဖွဲ့ တာဝန်ခံ ဦးကျော်သောင်း ကို ဧရာဝတီ သတင်းထောက် ကျော်ခ က ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားပါတယ်။

မေး  ။    ။  လိပ်ကျွန်းအမှုနဲ့ ပတ်သက်ပြီး အယူခံတရားရုံးက ထပ်ပြီးတော့ သေဒဏ်ကို အတည်ပြုလိုက်တယ်လို့ ကြားသိရပါတယ်။ ဘယ်လိုဖြစ်ခဲ့သလဲ ဆိုတာကို ရှင်းပြပေးစေချင်ပါတယ်။

ဖြေ  ။    ။  ကျနော်တို့လည်း ထိုင်းသတင်းတွေနဲ့ နိုင်ငံတကာ သတင်းတွေရဲ့ တင်ပြချက်တွေ အရသာ သိလိုက်ရတယ်။ သတင်းတွေ တက်လာလာချင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးကို ဖုန်းဆက်တယ်။ မရဘူး။ မရဘူးဆိုတာ ဖုန်းကို မကိုင်တာ။ ဒီအမှုမှာ မြန်မာနိုင်ငံသား နှစ်ဦးဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေများကောင်စီကို ဖုန်းဆက်တော့ သူတို့လည်း မသိလိုက်ရဘူးတဲ့။

ဒါကြောင့် ဒီအမှုမှာ ပါဝင်ဆောင်ရွက်နေတဲ့ ရှေ့နေကြီး ဦးအောင်မျိုးသန့်နဲ့ ပြောကြတဲ့ အခါမှာ ဒီကိစ္စကတော့ ဥပဒေနဲ့ မညီဘူးလို့တော့ ပြောလို့ မရဘူးပေါ့နော်။ ဒါပေမယ့် နှစ်နိုင်ငံ အစိုးရအဆင့် လုပ်နေတဲ့ကိစ္စ ဖြစ်တဲ့အတွက် ထိုင်းရှေ့နေများ ကောင်စီလည်း ပါနေတော့ အကျိုးအကြောင်းသင့်တော့ ပြောသင့်တယ်ပေါ့။ အဲဒီလောက်ပဲ ကျနော်တို့ဘက်က သုံးသပ် ကြတာပေါ့။

သတင်းတွေထဲ ပါလာချက်အရ အမှတ် ၈ ပြည်နယ်ရဲတပ်ဖွဲ့က ၂၃ ရက်နေ့က သွားပြီးတော့မှ ဒီကလေးတွေကို ဘာသာပြန် မပါဘဲနဲ့ သွားပြီး အောက်ခြေတရားရုံးရဲ့ ဆုံးဖြတ်ချက်အတိုင်း အတည်ဖြစ်တယ်။ အယူခံရုံးက ပယ်ချတယ်။ အရင်အတိုင်း ရှိတယ်လို့သာ သွားပြောတယ်လို့သာ ပြောပြီးတော့ ဘယ်နေ့၊ ဘယ်ရက်က သွားဖတ်ပြတယ်ဆိုတာ မပါဘူး။

မေး  ။    ။  ဆရာတို့ ကော်မတီအနေနဲ့ ဒီအမှုနဲ့ ပတ်သက်ပြီး ဘယ်လိုရှေ့ဆက်ဆောင်ရွက်ဖို့ရှိပါသလဲ။

ဖြေ  ။    ။  မနေ့က သမ္မတရုံးရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်ကို ကျနော်တို့ လိပ်ကျွန်း အထူး စုံစမ်းရေး ကော်မတီအနေနဲ့ ညနေဘက်မှာ စာပို့တယ်။ ပို့တယ်ဆိုတာက ဒီအမှုက ထိုင်းဥပဒေအရ တလအတွင်း ကျနော်တို့ဘက်က မြန်မြန်ဆန်ဆန် တရားလွှတ်တော်ကို တင်နိုင်ဖို့လိုတယ်။ ခက်တာက ပြဿနာက ဘာလဲဆိုတော့ ဒီကော်မတီကို ၂၀၁၄ အောက်တိုဘာ ၃ ရက်နေ့မှာ အဲဒီတုန်းက သံအမတ်ကြီး ဦးဝင်းမောင်က ဦးဆောင်ပြီးတော့ လိပ်ကျွန်းအထူးစုံစမ်းရေး ကော်မတီဆိုပြီး ဖွဲ့ခဲ့တယ်။

ဦးဝင်းမောင်က သူ့ရဲ့ တာဝန်ချိန် ပြီးသွားတဲ့ အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက ပြန်သွားပြီ။ ပြန်သွားချိန်မှာ ဦးဝင်းမောင် က လိပ်ကျွန်းကော်မတီနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကို ခေါ်ပြီးတော့ တွေ့တာမျိုး၊ လက်ရှိ ကျန်နေခဲ့တဲ့ သို့မဟုတ် အသစ်ရောက်လာတဲ့ သံအမတ်၊ သံမှူး၊ သံမှူးကြီး အစရှိသဖြင့် နိုင်ငံဝန်ထမ်း တယောက်ယောက်နဲ့ ဒီကော်မတီကို လွှဲပြောင်းပြီး တာဝန်ပေးခဲ့တာမရှိဘူး။ ဒါကြောင့် အဲဒီကတည်းက ကျနော်တို့က စိုးရိမ်နေတယ်။

ဒါကြောင့် မနေ့က သတင်းတွေ တက်လာပြီးတဲ့နောက်မှာ ဘန်ခဝမ်ထောင်မှာ ရှိနေတဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ကို သွားရောက် အားပေးစကားပြောဖို့ ချက်ချင်း လိုအပ်တယ်။ မိဘတွေကိုလည်း အကြောင်းကြားဖို့ လိုအပ်တယ်။ ဒါပေမယ့် ခုနက ပြောသလို အစိုးရ အဆင့်က နာမည်တပ်ပြီးတော့မှ တရားဝင် ထိုင်းနိုင်ငံရဲ့ ပြည်ထဲရေး ဌာနတို့ နိုင်ငံခြားရေး ဝန်ကြီးဌာနကို စာပို့ဖို့အတွက် ခေါင်းတင်မယ့်လူ၊ တာဝန်ယူမယ့်လူ သံရုံးမှာ မရှိဘူး။ သံရုံးက ဖုန်းတောင်မကိုင်ဘူး။

ဒါကြောင့် ဒီကိစ္စကို အမြန်ဆုံး ကိုင်တွယ်ဆောင်ရွက်ဖို့ ဒီကော်မတီမှာ နိုင်ငံဝန်ထမ်း နိုင်ငံခြားရေး ဝန်ကြီးဌာနက သံအမတ်ကို ထားမလား၊ သံမှူးကိုထားမလား၊ သံမှူးကြီးကို ထားမလား ဘယ်သူ့ကို ထားမလဲ၊ သို့မဟုတ် ဒီကော်မတီကို သဘောမကျဘူး ဆိုရင်လည်း အသစ်ပြန်ပြောင်းဖို့အတွက် ဒီရက်ပိုင်းအတွင်းမှာ အမြန်ဆုံး ဆောင်ရွက်သင့်တယ်ဆိုပြီးတော့ မနေ့ညနေက နိုင်ငံခြားရေးဝန်ကြီးဌာနကိုရော သံရုံးရယ်၊ စစ်သံရုံးရယ်က တဆင့် ကျနော် စာပို့လိုက်တယ်။

မေး  ။    ။  ဒီအမှုမှာ မြန်မာနိုင်ငံသား နှစ်ဦးဘက်က အဓိက လိုက်ပါဆောင်ရွက်ပေးနေတဲ့ ထိုင်းနိုင်ငံ ရှေ့နေများကောင်စီ အဖွဲ့ ဘက်ကရော ဒီအမှုနဲ့ ပတ်သက်ပြီး ဘယ်လို ဆက်လက် ဆောင်ရွက်သွားမယ်ဆိုတာမျိုး ပြောတာရှိလဲဗျ။

ဖြေ  ။    ။  ရှေ့နေများ ကောင်စီကပြောတာကတော့ နောက်ဆုံးအဆင့်တဆင့်ကိုတော့ လုပ်စရာရှိတာ လုပ်ကြတာပေါ့။ စိတ်ဓာတ် မကျပါနဲ့ ဒါတော့ ငါတို့ ပြီးအောင်အထိ လုပ်ကြမယ်ဆိုပြီးတော့ အားပေးစကား ပြောတာပေါ့။ ကျနော်တို့ကလည်းပဲ အရင်ကတည်းက ဘယ်အဆင့်တွေ ကျန်သေးတယ်ဆိုတာ သိပြီးသားဖြစ်တဲ့အတွက် ရှေ့နေတွေနဲ့ ကျနော်တို့က သံရုံးအဖွဲ့တွေ နိုင်ငံခြားရေး ဝန်ကြီးဌာနဘက်က ဘာစာထွက်လာမလဲ ဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ လာမယ့် အပတ် လုပ်ငန်းစဉ် ဆက်လုပ်မယ်ဆိုတာကိုတော့ အကြမ်းအားဖြင့် ပြောထားကြတယ်။

မေး  ။    ။  ဒီအမှုကို အယူခံဝင်ခွင့် ရပြီးတဲ့နောက် အမှုနဲ့ဆိုင်တဲ့ ကွဲလွဲချက်တွေကို ထောက်ပြတဲ့ အခါမှာ အားသာချက်တွေ ရှိခဲ့တယ်လို့ ဆိုတယ်။ အဲဒီလိုမျိုး အနေအထားကနေ အခုလိုဖြစ်သွားတာက ဘာကြောင့်လို့ ယူဆပါသလဲ။

ဖြေ  ။    ။  နိုင်ငံခြားသား နှစ်ယောက်ကို အကယ်၍သာ ထိုင်းလူမျိုးတွေက သတ်ပါတယ်လို့ ပေါ်သွားရင် ထိုင်းနိုင်ငံအတွက် တတိယအဆင့် ဝင်ငွေ ဖြစ်နေတဲ့ နိုင်ငံခြား ခရီးသွားလုပ်ငန်းကို ထိခိုက်သွားမယ်။ ဧည့်သည်ကို အိမ်ရှင်က သတ်တယ်ဆိုတဲ့ အမည်းစက်ကြီး ဖြစ်သွားမှာကို ထိုင်းတွေက ကာကွယ်တယ်။ ဥပမာ တရားခံနဲ့ ပတ်သက်ပြီး ဘယ်သူ၊ ဘယ်ဝါ ဆိုတာ ထိုင်းသာမက မြန်မာအသိုင်းအဝိုင်းကရော ပြောနေကြတာပဲ။ ဟုတ်သလား။ မဟုတ်ဘူးလား ဆိုပြီးတော့ စုံစမ်းစစ်ဆေးတဲ့ အပိုင်း၊ တရားရုံးအပိုင်းက အမှန်တရားဘက်က ချဉ်းကပ်ခဲ့တာ မတွေ့ရဘူး။နာမည်ကျော် DNA ပညာရှင် ဒေါက်တာဖွန်ထစ်လို ပညာရှင်တယောက်က ထောက်ပြခဲ့တဲ့ အချက်ကိုတောင်မှ မရှင်းတတ်ခဲ့ဘူး ဆိုရင် ဒီအမှုကတော့ ဒီအတိုင်းဖြစ်ရမယ်ဆိုတဲ့ တခါတည်း အပြီးသတ် ထုတ်ထား၊ ပိုးထားတဲ့ သဘောမျိုးကို ကျနော်တို့ တွေ့ရတယ်ဗျ။ ဒီလိပ်ကျွန်း အမှုမှာ ငါတို့လုပ်ချင်သလို လုပ်မယ်ဆိုတာမျိုး ဖြစ်နေတယ်။

မေး  ။    ။  အယူခံမှာ မြန်မာနိုင်ငံသား နှစ်ယောက် လွတ်မြောက်ရေးအတွက် အမှုမှာ ကွဲလွဲချက်၊ အားနည်းချက် အချက် အလက်တွေကို တင်ပြခဲ့တယ်ဆိုပေမယ့်။ တင်ပြချက်တွေမှာ အားနည်းလို့ အခုလို ဖြစ်သွားတယ်လို့ရော ပြောလို့မရဘူးလားဗျ။

ဖြေ  ။    ။  မဖြစ်နိုင်ပါဘူး။ မဖြစ်နိုင်ဘူးဆိုတာက နေပြည်တော် ဥပဒေချုပ်ရုံးရယ်၊ CID ရယ်လာပြီးတော့မှ ကျနေ်ာရယ်၊ ဦးအောင်မျိုးသန့်ရယ် ဘန်ကောက်က မြန်မာသံရုံးမှာ နေ့ရော ညပါ၊ ဘာသာတွေပြန်ပြီးတော့ လုပ်လိုက်ကြတယ်။ မြန်မာနဲ့ ထိုင်း ဥပဒေကြားက လစ်ဟာချက်၊ ကွဲလွဲချက်တွေကအစ သေသေချာချာ လုပ်ခဲ့ကြတယ်။ နောက်တခု အားကောင်းတာက ထိုင်းဥပဒေ အကြောင်းကို နှံ့နှံ့စပ်စပ် ကျွမ်းကျင်တဲ့ ထိုင်းရှေ့နေများကောင်စီ လည်းပါတယ်။ ကျနော်တို့ဘက်က အချက်အလက် တွေက အရမ်းကိုကောင်းတယ်၊ ခိုင်မာတယ်။

သို့သော် မင်းတို့ဟာ ဘယ်လောက်ပဲ ကောင်းကောင်း ငါတို့ ဂရုမစိုက်ဘူးဆိုတဲ့ ပုံစံမျိုး အဆုံးသတ်သွားတာ တွေ့ရတယ်။ ဥပဒေကြောင်းအရသာ ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံသား နှစ်ယောက်ဟာ ဒီလူသတ်မှုကို လုံးဝ မကျူးလွန်တာ ကျနော်တို့ဘက်က အခိုင်အမာနီးပါးကို တင်ပြနိုင်ခဲ့တာပေါ့။

မေး  ။    ။  ဒီအမှုနဲ့ ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုင်းနိုင်ငံ ထိပ်ပိုင်း အာဏာပိုင်ပုဂ္ဂိုလ်တွေနဲ့ တွေ့တဲ့အခါမှာလည်း ပြောဆိုတာတွေ့ခဲ့ရပေမယ့် အခုလို လုပ်ဆောင်ချက်အပေါ် ဘယ်လိုသုံးသပ်မိပါသလဲ။

ဖြေ  ။    ။  အရင်အစိုးရ လက်ထက်က အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့ လာခဲ့တယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့လည်း လာခဲ့တယ်။ ထိုင်းဘက်က တပ်ပိုင်းဆိုင်ရာ အကြီးအကဲ၊ ဝန်ကြီးချုပ်၊ ဒုဝန်ကြီးတို့နဲ့ တွေ့တိုင်း ဒီကလေး နှစ်ယောက်အတွက် ပြောတာဆိုတာတွေကို ကြားသိရတယ်။ ဒါပေမယ့် ဒီနိုင်ငံတော်အဆင့် လူကြီးတွေ ပြောတာ၊ လုပ်တာတွေကို ထိုင်းတရားရုံးဘက်က၊ တစုံတရာ၊ ထည့်သွင်းစဉ်းစား၊ ဂရုစိုက်တာ မရှိဘူးဗျ။ အဲဒီလို နှစ်နိုင်ငံ ရွှေလမ်း ငွေလမ်း ဖောက်ပြီးတော့မှ အပြန်အလှန်၊ လေးစား ဂရုစိုက်မှုကိုတော့ ထားလိုက်ပါဦး။ ဥပဒေ အကြောင်းအရ ကျနော်တို့ဘက်က ခိုင်မာ၊ ရေရာ၊ သေချာတဲ့ အချက်အလက်တွေ တင်ပြတာတို့၊ သူတို့နိုင်ငံသူ ဖြစ်တဲ့ ဒေါက်တာ ဖွန်ထစ်ရဲ့ DNA တင်ပြချက်တွေကို တောင်မှ မစဉ်းစားခဲ့ဘူးဆိုတော့ ထိုင်းနိုင်ငံရဲ့ တရားရေးဟာ ဒီအမှုအခင်းအပေါ်မှာ တော်တော်ကို စိတ်မချမ်းမြေ့စရာ မြင်ရတယ်။

မေး  ။    ။  ဒီကိစ္စအပေါ်မှာ ဖြည့်စွက်ပြောကြားချင်တာ ရှိရင်လည်း ပြောပေးပါဦး။

ဖြေ  ။    ။  ထိုင်းနိုင်ငံ အတွင်းမှာ သန်းနဲ့ချီရှိနေတဲ့ မြန်မာအလုပ်သမားတွေကို လူထုရွေးချယ် တင်မြောက်ထားတဲ့ NLD အစိုးရနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့က ဒီအလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်ဖို့ အတွက် အလုပ်သမား သံအရာရှိ ပို့ထားပါတယ်ဆိုတဲ့ အရင်တုန်းက အပြော၊ အမြင်လောက်နဲ့ ဒီအလုပ်သမားတွေကို ဥပက္ခာ ပြုမထားပါနဲ့။ အစိုးရအနေနဲ့ တိုင်းတပါး ရောက်နေကြတဲ့ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သားကို ကိုယ့်မိဘသဖွယ် လိုက်လံ စောင့်ရှောက်ခြင်း မရှိသရွေ့ ကာလပတ်လုံး တနေရာမှာ မြန်မာ အလုပ်သမား တယောက် အသတ်ခံရတယ်။ တနေရာမှာ အဓမ္မပြုကျင့် ခံရတယ်။ တနေရာမှာ လုပ်ငန်းခွင် ထိခိုက်လို့ သေသွားတယ်။ မတရား စွပ်စွဲဖမ်းဆီး ထောင်ချခံနေရတာ တွေက စိတ်မချမ်းမြေ့စရာ ဖြစ်နေမှာဘဲ။

ကျော်ခ
Senior Reporter

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...