YBS City Bus ကားသစ် တွေပေါ်က လိမ္မော်ရောင်ထိုင်ခုံများ အကြောင်း မသိသေးသူများအတွက်ရှဲပေးပါ။
တတ်ကြပါတယ် အဲ့ဒါမဟုတ်ပါ
‎Khun Banyar‎
==============
မသိသေးသူများ သိကြပါစေရန် ပြန်လည်မျှဝေပါ၏
YBS စီးကြတဲ့ ခရီးသည်တွေအနေနဲ့ အသစ်ရောက်ရှိလာပြီး
လက်ရှိပြေးဆွဲပေးနေတဲ့
YBS City Bus ကားသစ် တွေမှာတပ်ဆင်ထားတဲ့ ထိုင်ခုံအပြာရောင်တွေ
အများကြီးအထဲကမှ ကားရဲ ့ဘယ်ဘက်ခြမ်းမှာပါတဲ့
ထိုင်ခုံ လိမ္မော်ရောင်လေးတွေကို မြင်မိကြမယ်ထင်ပါတယ်။
အဲ့ဒီထိုင်ခုံ လိမ္မော်ရောင်လေးတွေက
( သက်ကြီးရွယ်အိုး၊မသန်စွမ်း၊ကိုယ်ဝန်ဆောင်မိခင် နှင့် ရဟန်းသံဃာတော် ) တို့ စီးဖို့ သီးသန့် သတ်မှတ်ပေးထားတဲ့ခုံလေးတွေဖြစ်ပါတယ်။
အဲ့ဒီနေရာမှာ ထိုင်နေတဲ့ခရီးသည်တွေဟာ အထက်ပါ ပုဂ္ဂိလ်များ ကားပေါ်တတ်လာရင် မိမိထိုင်နေတဲ့နေရာကနေထပေးရမယ်ဆိုတဲ့ အသိလေးရှိဖို့လိုအပ်ပါတယ် ။ တချို့ခရီးသည်တွေက ကားပေါ်တတ်လာတဲ့အခါ ထိုင်ခုံအပြာရောင်လေးတွေနေရာလွတ်နေတာတောင်
ထိုင်ခုံ လိမ္မော်ရောင် မှာ သွားထိုင်ကြတာတွေနေရလို့ပါ ။ ထိုင်တာကို
အပြစ်မပြောလိုပါ ကိုယ်က လိမ္မော်ရောင်ခုံလေးတွေမှာ
ထိုင်မယ်ဆိုင်ရင် ( သက်ကြီးရွယ်အိုး ၊မသန်စွမ်း၊ကိုယ်ဝန်ဆောင်မိခင် နှင့် ရဟန်းသံဃာတော် ) တွေထဲက တစ်စုံတစ်ဦးကားပေါ်တတ်လာရင် ကိုယ်အသိစိတ်နဲ့ ကိုယ်ထပေးဖို့လိုပါတယ် ။ သူများပြောမှ ထပေးရတာ လူကြီးလူကောင်းတွေအတွက်ရှက်စရာပါ ။
မထပေးသောသူတွေ ရှက်တတ်ကြပါ ။
လိမ္မော်ရောင်ခုံလေးတွေက အလှတပ်ဆင်ထားချင်မဟုတ်
သူမှာ အဓိပ္ပါယ် သတ်မှတ်ချက်ရှိနေပါတယ် ။ ကိုယ်ကသွားရမယ်ခရီးဝေးတယ်ဆိုရင် ကားချောင်းတဲ့အခါထဲက ထိုင်ခုံအပြာရောင်လေးတွေကိုဘဲ ရွေးထိုင်ကြဖို့အကြံပြုပေးချင်တာပါ ။
ထိုင်ခုံ လိမ္မော်ရောင်လေးတွေရဲ့ ဘေးဘက်မှာလည်း ပုံလေးနဲ့စာကပ်ထားပါတယ် ။ တချို့တွေက ရဟန်းသံဃာအတွက်ဘဲထားတယ်လို့
ထင်ပြီး ရဟန်းသံဃာတွေလာမှနေရာထပေး
တတ်ကြပါတယ်် အဲ့ဒါမဟုတ်ပါ
သက်ကြီးရွယ်အိုး ၊ မသန်စွမ်း ၊ ကိုယ်ဝန်ဆောင်မိခင်တွေ ကားပေါ်တတ်လာရင်လည်း
ထိုင်ခုံ လိမ္မော်ရောင်လေးမှာ ထိုင်နေတဲ့ ခရီးသည်များက ကိုယ်ရဲ့အသိစိတ်ဓာတ်လေးနဲ့ ထိုင်နေရာမှ ထပေးဖို့တာဝန်ရှိပါတယ် ။
ဒါက နိုင်ငံတကားသတ်မှတ်ချက်ပါ ။
ထိုင်ခုံ လိမ္မော်ရောင်လေးတွေက
ထိုင်ခုံ အပြာရောင်တွေကြားမှ
အလှတပ်ဆင်ထားချင်မဟုတ်ပါ ။
‎Khun Banyar‎
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...