မိဘတိုင်း ပညာရေးကို အလေးထားသော်လည်း ကိုယ့်ရင်သွေးရဲ့ စာလိုက်နိုင်အားကို သတိထားကြပါ။

★ မြိတ်မြို၊ ရေပုန်းနယ်မြေ၊ လမင်းရပ်ကွက်တွင် ကလေးငယ်တစ်ဦး ကြိုးဆွဲချသေဆုံး★ 
 (၂-၁-၂၀၁၇)ရက်နေ့(၁၇၄၅)အချိန် မြိတ်မြို့၊ ရေပုန်းနယ်မြေ၊ လမင်းရပ်ကွက်၊(၂)လမ်းတွင် လူငယ် တစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်း သတင်းအရ ရဲအုပ် ဝင်းမြင့်ထွန်းနှင့်အဖွဲ့မှ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ မောင်ခင်မောင်ထွန်း(၁၂)နှစ်၊ (ဘ) ဦးကျော်စိုးအောင်၊ ဆဋ္ဌမတန်း(A)၊ ကြံတောအမက ကျောင်းသားဖြစ်ကြောင်း ၄င်းသည် လပတ်စာမေးပွဲ ကျရှုံး၍ မိခင်ဖြစ်သူမှ ဆူပူကြိမ်းမောင်း မည်ကို စိုးရိမ် ကြောက်လန့်ပြီး ကျောင်းမှအပြန် မိခင်ဖြစ်သူအိပ်ပျော် နေစဉ် (၃×၅)အုတ်ပတ်ကာတက် သစ်သားနှစ်ထပ် အိမ်၏ နေအိမ်အောက်ထပ် အမြင့်(၃)ပေရှိ သစ်သား ကွပ်ပျစ်ပေါ်တွင် (၂)ပေအမြင့်ရှိ ခွေးချေခုံပေါ်နေ၍ အမြင့်(၁၀)ပေရှိ နေအိမ်အောက်ထပ် ယက်မတန်းတွင် ချည်ထားသော လက်သန်းလုံးခန့်ရှိ အပြာရောင် နိုင်လွန်ကြိုးဖြင့် ကြိုးဆွဲချလျက်သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။
 သေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံး ခြင်းဟုတ်/မဟုတ် စစ်ဆေးနိုင်ရန်အတွက် ရဲအုပ် ဝင်းမြင့်ထွန်းမှ(၁၈၃၀)အချိန် တရားလိုပြုလုပ်တိုင်တန်း သဖြင့် မြိတ်မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၁/၂၀၁၇)ဖြင့်ဖွင်လှစ်ပြီး အမှုအား ရဲအုပ် အောင်ဝင်းလှိုင်မှ စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
#မြိတ်ခရိုင်သတင်းနှင့်မှုခင်းမီဒီယာ



Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...