ဘိန္းျဖဴမ်ားကုိ အတြင္းခံေဘာင္းဘီအတြင္း ခိုးဝွက္သယ္ေဆာင္လာေသာ အမ်ိဳးသမီးမ်ား ရန္ကုန္ေလဆိပ္တြင္ ဖမ္းမိ


ဘိန္းျဖဴ မ်ားကုိ အတြင္းခံေဘာင္းဘီအတြင္း လွ်ိဳ႕ဝွက္သယ္ေဆာင္လာသည့္ အမ်ိဳးသမီးေလးဦးကုိ ရန္ကုန္အျပည္ျပည္ဆုိင္ရာေလဆိပ္တြင္ ဖမ္းဆီးမိခဲ့ေၾကာင္း သတင္းရရွိ သည္။

ဘိန္းျဖဴသယ္ေဆာင္လာသည့္ အမ်ိဳးသမီးမ်ားသည္ရွမ္းျပည္နယ္၌ ေနထုိင္သူမ်ားျဖစ္ၿပီး ၾသဂုတ္ ၁ ရက္ နံနက္၁၁ နာရီ၁၅ မိနစ္တြင္ တိုင္ေပသို႔ ထြက္ခြာမည့္ China AirCI-7916 ေလယာဥ္ျဖင့္ လုိက္ပါမည့္သူမ်ားျဖစ္ေၾကာင္း၊ရန္ကုန္အျပည္ျပည္ဆုိင္ရာေလဆိပ္ Terminal(2) ဝင္ေပါက္(၃၊ ၄၊ ၅)တြင္ X-Ray ဓာတ္မွန္စက္ျဖင့္ စစ္ေဆးစဥ္ဘိန္းျဖဴမ်ားဖမ္းဆီးရမိခဲ့ေၾကာင္း ေလဆိပ္ရဲတပ္ဖြဲ႕မွ ရဲအရာရွိတစ္ဦးက ေျပာသည္။

ဖမ္းဆီးရမိသည့္ ဘိန္းျဖဴပမာဏ သည္ ၇၀၀ ဂရမ္ေက်ာ္ရွိေၾကာင္း သိရသည္။

‘‘အတြင္းခံေဘာင္းဘီထဲမွာ ပလတ္စတစ္အၾကည္နဲ႔ ထုပ္ တယ္။ ၿပီးေတာ့ တိပ္ပတ္ၿပီး သယ္လာတာပါ။ အားလံုးလာတာ ေတာ့ ေလးေယာက္လာတယ္။ ဘိန္းျဖဴကိုေတာ့ အမ်ိဳးသမီးသံုး ေယာက္ဆီကေန မိတယ္။ ရွမ္း ျပည္ ကြတ္ခိုင္က ႏွစ္ေယာက္နဲ႔ မိုင္းကိုင္က ႏွစ္ေယာက္လို႔သိရပါ တယ္’’ဟု ၎က ေျပာသည္။

အသက္(၅၃)ႏွစ္အရြယ္ မရန္စိုက္ခ်င္၏အတြင္းခံေဘာင္း ဘီအတြင္းမွ ၁၀၀ ဂရမ္ပါ ဘိန္းျဖဴႏွစ္ထုပ္၊ အသက္(၄၀)အရြယ္ မလီးေဟြလီ၏အတြင္းခံေဘာင္း ဘီအတြင္းမွ ၉၅ ဂရမ္တစ္ထုပ္ ႏွင့္ ၆၅ ဂရမ္ပါ တစ္ထုပ္ဖမ္းဆီး ရမိခဲ့ၿပီး အဆိုပါအမ်ိဳးသမီးႏွစ္ဦး သည္ ကြတ္ခိုင္ၿမိဳ႕နယ္တြင္ ေန ထိုင္္ေၾကာင္း ရဲအရာရွိတစ္ဦးက ေျပာသည္။ အျခားအမ်ိဳးသမီး တစ္ဦးသည္ အသက္(၅၁) ႏွစ္အရြယ္ မလရီျဖစ္ၿပီး ၎သယ္ ေဆာင္လာသည့္ ဘိန္းျဖဴ ၃၆၅ ဂရမ္ကို အမ်ိဳးသမီးအိမ္သာ အမိႈက္ျခင္းထဲ၌ လႊင့္ပစ္ထား ေၾကာင္း ၎က ဆိုသည္။

‘‘ေနာက္တစ္ေယာက္က ေတာ့ အမ်ိဳးသမီးအိမ္သာထဲက အမိႈက္ျခင္းထဲမွာ လႊင့္ပစ္ခဲ့တယ္။ သူ႔ကိုလည္း ကြၽန္ေတာ္တို႔ေလဆိပ္မွာ အခ်ိန္မီ ဖမ္းဆီးႏိုင္ခဲ့ပါတယ္။ သူက အေလးခ်ိန္အ မ်ားဆံုးသယ္လာတဲ့သူပါ။ သူကေတာ့ မိုင္းကိုင္ၿမိဳ႕မွာေနတယ္လို႔ သိရပါတယ္’’ဟု ၎က ေျပာသည္။ အဆိုပါ အမ်ိဳးသမီးသံုးဦး ထံမွ စုစုေပါင္းဘိန္းျဖဴအေလးခ်ိန္ ၇၂၅ ဂရမ္ ဖမ္းဆီးရမိေၾကာင္း သတင္းရရွိသည္။

‘‘အခု ေလးေယာက္လံုးကို စစ္ေနတယ္။ သူတို႔ ဒီပစၥည္းေတြ ဘယ္ကရတာလဲ၊ ဘယ္သူ႔အ တြက္ သယ္ေပးတာလဲ။ အမႈနဲ႔ ပတ္သက္တာေတြကိုလည္း ဆက္ၿပီး စစ္ေဆးေနပါတယ္။ အမႈနဲ႔ ပတ္သက္တဲ့ သူေတြကိုလည္း ေဖာ္ထုတ္ဖမ္းဆီးသြားမွာပါ’’ဟု ရန္ကုန္တုိင္း မူးယစ္ႏွိမ္နင္းေရး တပ္ဖြဲ႕၀င္ ရဲအရာရွိတစ္ဦးက ေျပာသည္။

Credit: 7Day

Unicode

ဘိန်းဖြူ များကို အတွင်းခံဘောင်းဘီအတွင်း လျှို့ဝှက်သယ်ဆောင်လာသည့် အမျိုးသမီးလေးဦးကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိ သည်။

ဘိန်းဖြူသယ်ဆောင်လာသည့် အမျိုးသမီးများသည်ရှမ်းပြည်နယ်၌ နေထိုင်သူများဖြစ်ပြီး သြဂုတ် ၁ ရက် နံနက်၁၁ နာရီ၁၅ မိနစ်တွင် တိုင်ပေသို့ ထွက်ခွာမည့် China AirCI-7916 လေယာဉ်ဖြင့် လိုက်ပါမည့်သူများဖြစ်ကြောင်း၊ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal(2) ဝင်ပေါက်(၃၊ ၄၊ ၅)တွင် X-Ray ဓာတ်မှန်စက်ဖြင့် စစ်ဆေးစဉ်ဘိန်းဖြူများဖမ်းဆီးရမိခဲ့ကြောင်း လေဆိပ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

 ဖမ်းဆီးရမိသည့် ဘိန်းဖြူပမာဏ သည် ၇၀ဝ ဂရမ်ကျော်ရှိကြောင်း သိရသည်။

‘‘အတွင်းခံဘောင်းဘီထဲမှာ ပလတ်စတစ်အကြည်နဲ့ ထုပ် တယ်။ ပြီးတော့ တိပ်ပတ်ပြီး သယ်လာတာပါ။ အားလုံးလာတာ တော့ လေးယောက်လာတယ်။ ဘိန်းဖြူကိုတော့ အမျိုးသမီးသုံး ယောက်ဆီကနေ မိတယ်။ ရှမ်း ပြည် ကွတ်ခိုင်က နှစ်ယောက်နဲ့ မိုင်းကိုင်က နှစ်ယောက်လို့သိရပါ တယ်’’ဟု ၎င်းက ပြောသည်။

အသက်(၅၃)နှစ်အရွယ် မရန်စိုက်ချင်၏အတွင်းခံဘောင်း ဘီအတွင်းမှ ၁၀ဝ ဂရမ်ပါ ဘိန်းဖြူနှစ်ထုပ်၊ အသက်(၄၀)အရွယ် မလီးဟွေလီ၏အတွင်းခံဘောင်း ဘီအတွင်းမှ ၉၅ ဂရမ်တစ်ထုပ် နှင့် ၆၅ ဂရမ်ပါ တစ်ထုပ်ဖမ်းဆီး ရမိခဲ့ပြီး အဆိုပါအမျိုးသမီးနှစ်ဦး သည် ကွတ်ခိုင်မြို့နယ်တွင် နေ ထိုင်ကြောင်း ရဲအရာရှိတစ်ဦးက ပြောသည်။ အခြားအမျိုးသမီး တစ်ဦးသည် အသက်(၅၁) နှစ်အရွယ် မလရီဖြစ်ပြီး ၎င်းသယ် ဆောင်လာသည့် ဘိန်းဖြူ ၃၆၅ ဂရမ်ကို အမျိုးသမီးအိမ်သာ အမှိုက်ခြင်းထဲ၌ လွှင့်ပစ်ထား ကြောင်း ၎င်းက ဆိုသည်။

‘‘နောက်တစ်ယောက်က တော့ အမျိုးသမီးအိမ်သာထဲက အမှိုက်ခြင်းထဲမှာ လွှင့်ပစ်ခဲ့တယ်။ သူ့ကိုလည်း ကျွန်တော်တို့လေဆိပ်မှာ အချိန်မီ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ သူက အလေးချိန်အ များဆုံးသယ်လာတဲ့သူပါ။ သူကတော့ မိုင်းကိုင်မြို့မှာနေတယ်လို့ သိရပါတယ်’’ဟု ၎င်းက ပြောသည်။ အဆိုပါ အမျိုးသမီးသုံးဦး ထံမှ စုစုပေါင်းဘိန်းဖြူအလေးချိန် ၇၂၅ ဂရမ် ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

‘‘အခု လေးယောက်လုံးကို စစ်နေတယ်။ သူတို့ ဒီပစ္စည်းတွေ ဘယ်ကရတာလဲ၊ ဘယ်သူ့အ တွက် သယ်ပေးတာလဲ။ အမှုနဲ့ ပတ်သက်တာတွေကိုလည်း ဆက်ပြီး စစ်ဆေးနေပါတယ်။ အမှုနဲ့ ပတ်သက်တဲ့ သူတွေကိုလည်း ဖော်ထုတ်ဖမ်းဆီးသွားမှာပါ’’ဟု ရန်ကုန်တိုင်း မူးယစ်နှိမ်နင်းရေး တပ်ဖွဲ့ဝင် ရဲအရာရှိတစ်ဦးက ပြောသည်။

Credit: 7Day

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...