မိခင်နှင့်အတူအိပ်နေသည့် ကလေးငယ်ကို တရွာတည်းသားက အဓမ္မပြုကျင့်



တိုက်ကြီးမြို့နယ် ချင်းကုန်းကျေးရွာအုပ်စု သဲဝါကျေးရွာတွင် မေလ ၉ ရက်နေ့ မနက် နာရီခွဲက မိခင်နဲ့အတူ အိပ်ပျော်နေတဲ့ ၇ နှစ်အရွယ်သမီးငယ်ကို တရွာထဲအတူနေထိုင်သူက ပွေ့ချီပြီး နေအိမ်အနောက်မှာ အဓမ္မပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့ တိုက်ကြီးမြို့မ ရဲစခန်းက ပြောပါတယ်။
ချင်းကုန်းကျေးရွာအုပ်စု သဲဝါကျေးရွာမှာ အသက် ၇ နှစ်အရွယ် သမီးငယ်ဟာ မိခင်ဖြစ်သူ ဒေါ်—–နဲ့အတူ အိပ်ပျော်နေစဉ် ည ၂ နာရီခွဲလောက်မှာ မိခင်ဖြစ်သူ နိုးလာပြီး သမီးကိုဘေးမှာ မတွေ့တဲ့အတွက် လိုက်လံရှာဖွေရာ အိမ်အနောက်ဘက်ရှိ အုန္နဲပင်အောင်မှ တွေ့ရှိပြီး သမီးဖြစ်သူရဲ့ မိန်းမအင်္ဂါမှသွေး ထွက်နေတာကို တွေ့ရှိခဲ့ပါတယ်။ သမီးဖြစ်သူကို မေးကြည့်ရာ တရွာတည်းနေ နေလင်းထိုက် (ခ) ဖိုးဆူရောက်လာပြီး အသာမယူကာ အုန္နဲပင်အောက် အရောက် အဓမ္မတကြိမ် ပြုကျင့်ထားခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။
သမီးဖြစ်သူကို အဓမ္မ ပြုကျင့်သူကို ဥပဒေအရအရေးယူပေးဖို့ တိုက်ကြီးမြို့မရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့ပြီး တိုက်ကြီးမြို့နယ် သဲဝါကျေးရွာနေသူ အသက် ၂၆ နှစ်အရွယ် တရားခံ နေလင်းထိုက် (ခ) ဖိုးဆူ ကို (ပ)၁၇၇/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၇၆ (မုဒိန်းမှု)နဲ့ တရားစွဲဆိုထားပြီး စခန်းမှူးဒုရဲမှူးသိန်းအေးက စစ်ဆေးနေတယ်လို့ သိရပါတယ်။
DVB

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...