ေသသြားတဲ့ သူငယ္ခ်င္းကို ေနာက္ဆံုးႏႈတ္ဆက္ဖုိ႔ တမလြန္ထိလိုက္သြားတဲ့ မိန္းကေလး


အခ်စ္ဆံုးသူငယ္ခ်င္းအတြက္ ဝမ္းနည္းေနေနတဲ့ မိန္းကေလးတစ္ေယာက္ဟာ သူငယ္ခ်င္းကို ေနာက္ဆံုးအႀကိမ္ ႏႈတ္ဆက္ဖုိ႔ ခဏလိုက္သြားႏုိင္မယ္လုိ႔ ထင္ခဲ့ေပမဲ့ အၿပီးအပိုင္ လုိက္သြားခဲ့ရပါတယ္။
အသက္ ၂၅ ႏွစ္အရြယ္ ဂ်က္စ္မုိင္းေဟာင္းဝါ့သ္ဟာ ေသျခင္းတရားကို ထိန္းခ်ဳပ္ႏုိင္တယ္လုိ႔ အထင္ေရာက္ခဲ့သူ ျဖစ္ပါတယ္။အဂၤလန္ႏိုင္ငံ အေနာက္ေျမာက္ပိုင္း၊ ေဘာ့တြန္ၿမိဳ႕ရွိ သူမရဲ႕အိမ္အနီးက ပန္းျခံထဲမွာ ႀကိဳးဆြဲခ်ေသေနတာကို ေတြ႕ရွိခဲ့ပါတယ္။
သူမဟာ စိတ္က်ေရာဂါျဖစ္ေနၿပီး ေသဆံုးသြားတဲ့ သူငယ္ခ်င္းကို ေနာက္ဆံုးအႀကိမ္သြားေတြ႕မယ္၊ ျပန္ေခၚလလုိ႔ရရင္ ေခၚလာခဲ့မယ္လို႔ ေရးထားတဲ့စာေတြကို ေတြ႕ရွိခဲ့တယ္လို႔ ဆိုပါတယ္။
သူတုိ႔ႏွစ္ေယာက္ဟာ လမ္းေလွ်ာက္တတ္စအရြယ္ကတည္းက အခ်စ္ဆံုး သူငယ္ခ်င္းေတြျဖစ္ၿပီး ကေလးယူရင္ေတာင္ အတူတူယူၾကမယ္လုိ႔ ကတိျပဳထားၾကသူေတြပါ။

"သူတုိ႔က ညီအစ္မအင္းေတြလုိပဲ။ တစ္ေယာက္မပါရင္ ေနာက္တစ္ေယာက္က ဘာမွမလုပ္ဘူး။ ငါ သူ႔ကို သြားျပန္ေခၚမယ္လို႔ ေျပာၿပီး ငိုေၾကြးေနခဲ့တာ" လို႔ ဂ်က္စ္မုိင္းရဲ႕ ခင္ပြန္းေလာင္း ဘာရန္ဒန္က ေျပာျပပါတယ္။

Source & Photos : Metro
Credit: duwun



Unicode
အချစ်ဆုံးသူငယ်ချင်းအတွက် ဝမ်းနည်းနေနေတဲ့ မိန်းကလေးတစ်ယောက်ဟာ သူငယ်ချင်းကို နောက်ဆုံးအကြိမ် နှုတ်ဆက်ဖို့ ခဏလိုက်သွားနိုင်မယ်လို့ ထင်ခဲ့ပေမဲ့ အပြီးအပိုင် လိုက်သွားခဲ့ရပါတယ်။
အသက် ၂၅ နှစ်အရွယ် ဂျက်စ်မိုင်းဟောင်းဝါ့သ်ဟာ သေခြင်းတရားကို ထိန်းချုပ်နိုင်တယ်လို့ အထင်ရောက်ခဲ့သူ ဖြစ်ပါတယ်။အင်္ဂလန်နိုင်ငံ အနောက်မြောက်ပိုင်း၊ ဘော့တွန်မြို့ရှိ သူမရဲ့အိမ်အနီးက ပန်းခြံထဲမှာ ကြိုးဆွဲချသေနေတာကို တွေ့ရှိခဲ့ပါတယ်။
သူမဟာ စိတ်ကျရောဂါဖြစ်နေပြီး သေဆုံးသွားတဲ့ သူငယ်ချင်းကို နောက်ဆုံးအကြိမ်သွားတွေ့မယ်၊ ပြန်ခေါ်လလို့ရရင် ခေါ်လာခဲ့မယ်လို့ ရေးထားတဲ့စာတွေကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
သူတို့နှစ်ယောက်ဟာ လမ်းလျှောက်တတ်စအရွယ်ကတည်းက အချစ်ဆုံး သူငယ်ချင်းတွေဖြစ်ပြီး ကလေးယူရင်တောင် အတူတူယူကြမယ်လို့ ကတိပြုထားကြသူတွေပါ။

"သူတို့က ညီအစ်မအင်းတွေလိုပဲ။ တစ်ယောက်မပါရင် နောက်တစ်ယောက်က ဘာမှမလုပ်ဘူး။ ငါ သူ့ကို သွားပြန်ခေါ်မယ်လို့ ပြောပြီး ငိုကြွေးနေခဲ့တာ" လို့ ဂျက်စ်မိုင်းရဲ့ ခင်ပွန်းလောင်း ဘာရန်ဒန်က ပြောပြပါတယ်။

Source & Photos : Metro
Credit: duwun

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...