H1N1 ျဖင့္ ၁၃ ဦးေျမာက္ ေသဆံုးမႈအျဖစ္ ဆရာ၀န္တစ္ဦး၏ ဇနီးျဖစ္သူ ေသဆံုး



H1N1 ျဖင့္ ၁၃ ဦးေျမာက္ ေသဆံုးမႈအျဖစ္ ရန္ကုန္ျပည္သူ႔ ေဆး႐ံုႀကီးတြင္ ကုသမႈ ခံယူေနေသာ အသုတ္တိုက္နယ္ေဆး႐ံုမွ ဆရာ၀န္တစ္ဦး၏ ဇနီးျဖစ္သူ ေသဆံုး

ၾသဂုတ္ ၂ ရက္တြင္ H1N1 ျဖင့္ အမ်ဳိးသမီး လူနာတစ္ဦး ထပ္မံေသဆံုးၿပီး လက္ရွိအခ်ိန္ထိ H1N1 ေၾကာင့္ ေသဆံုးသူ ၁၃ ဦးထိ ရွိလာေၾကာင္း က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာနမွ သိရသည္။


ကနဦးထုတ္ျပန္ခ်က္အရ ေသဆံုးလူနာမွာ ဧရာ၀တီတိုင္းေဒသႀကီး၊ အသုတ္တိုက္နယ္ေဆး႐ံုမွ ဆရာ၀န္တစ္ဦး၏ အမ်ဳိးသမီးျဖစ္ၿပီး ရန္ကုန္ျပည္သူ႔ေဆး႐ံုႀကီးသို႔ ေျပာင္းေရႊ႕ကုသမႈ ခံယူစဥ္ ေသဆံုးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ၾသဂုတ္ ၁ ရက္အထိ ရရွိေသာ ေဆး႐ံုတက္ေရာက္ လူနာစာရင္းအရ အထူးကုေဆး႐ံု (ေ၀ဘာဂီ) တြင္ H1N1 လူနာ ၁၀ ဦး၊ ရန္ကုန္ျပည္သူ႔ ေဆး႐ံုႀကီးတြင္သံုးဦး စုစုေပါင္း လူနာ ၁၃ ဦး တက္ေရာက္ကုသ လ်က္ရွိေၾကာင္း က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာနမွ သိရသည္။

ဇူလိုင္ ၃၁ ရက္မွ ၾသဂုတ္ ၁ ရက္ မြန္းလြဲ ၂ နာရီအထိ သံသယလူနာ ၃၂ ဦးအား ထပ္မံဓာတ္ခြဲစမ္းသပ္ စစ္ေဆးခဲ့ရာ H1N1 အတည္ျပဳလူနာ ၁၄ ဦး ေတြ႕ရွိရၿပီး ေသဆံုးလူနာ မရွိေၾကာင္း၊ ၾသဂုတ္ ၁ ရက္အထိ ရရွိေသာ အခ်က္အလက္အရ လူနာမ်ားႏွင့္ တိုက္႐ိုက္ထိေတြ႕ရေသာ က်န္းမာေရး ၀န္ထမ္းမ်ားတြင္ ေရာဂါကူးစက္ျခင္း မရွိေၾကာင္း H1N1 ျဖစ္ပြားမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ခ်က္ အမွတ္စဥ္ (၉) တြင္ ေဖာ္ျပခ်က္အရ သိရသည္။

ဇူလိုင္ ၂၁ ရက္မွ ၾသဂုတ္ ၁ ရက္အထိ တစ္ႏုိင္ငံလံုး အတိုင္းအတာျဖင့္ ရရွိေသာ ေရာဂါျဖစ္ပြားမႈ အခ်က္အလက္မ်ားအရ လတ္တေလာ ျပင္းထန္အသက္႐ႈလမ္းေၾကာင္း ပိုး၀င္ေရာဂါျဖင့္ ေဆး႐ံုတက္ေရာက္ ကုသသူ စုစုေပါင္းလူနာ ၂၄၅ ဦးရွိခဲ့ၿပီး ယင္းတို႔အနက္ Seasonal Influenza A (H1N1) pdm 2009 Positive လူနာ စုစုေပါင္း ၇၆ ဦး၊ ေသဆံုးသူ ၁၂ ဦး ရွိခဲ့ေၾကာင္း၊ လတ္တေလာ ျပင္းထန္အသက္႐ႈလမ္းေၾကာင္း ပိုး၀င္ေရာဂါျဖင့္ ေဆး႐ံုတက္ေရာက္သူမ်ားတြင္ ေသဆံုးမႈႏႈန္းမွာ ၄ ဒသမ ၈ ရာခိုင္ႏႈန္း ျဖစ္ေၾကာင္း က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာနက ထုတ္ျပန္ထားသည္။

ေသဆံုးလူနာမ်ားမွာ ရန္ကုန္ျပည္သူ႔ေဆး႐ံုႀကီးတြင္ ငါးဦး၊ ရန္ကင္းကေလးေဆး႐ံုႀကီးတြင္ တစ္ဦး၊ ရန္ကုန္ကေလးေဆး႐ံုႀကီးတြင္ တစ္ဦး၊ သဃၤန္းကြၽန္းစံျပ ေဆး႐ံုႀကီးတြင္ ႏွစ္ဦးႏွင့္ ေ၀ဘာဂီအထူးကု ေဆး႐ံုႀကီးတြင္ သံုးဦးစုစုေပါင္း ေသဆံုးလူနာ ၁၂ ဦးရွိေၾကာင္း သိရသည္။

လက္ရွိတြင္ လတ္တေလာ ျပင္းထန္အသက္႐ႈလမ္းေၾကာင္း ပိုး၀င္ေရာဂါလူနာမ်ားကို ေရာဂါပ်ံ႕ႏွံ႔မႈ လ်င္ျမန္စြာ ထိန္းခ်ဳပ္ႏုိင္ရန္ အထူးကုေဆး႐ံု (ေ၀ဘာဂီ) တြင္ ဦးစားေပး ပို႔ေဆာင္ကုသေနေၾကာင္း၊ ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရး ဌာနခြဲမွလည္း တစ္ႏုိင္ငံလံုးရွိ ေဆး႐ံုႀကီးမ်ား၌ ရာသီတုပ္ေကြးေရာဂါ သံသယျဖင့္ ၂၀၁၇ ခုႏွစ္ ဇြန္ ၁ ရက္မွ လက္ရွိအထိ ေဆး႐ံုတက္ေရာက္သူမ်ား စာရင္းအတိအက်ကို စုေဆာင္းလ်က္ရွိေၾကာင္း က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာနမွ သိရသည္။

Eleven Media Group

Unicode

H1N1 ဖြင့် ၁၃ ဦးမြောက် သေဆုံးမှုအဖြစ် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ကုသမှု ခံယူနေသော အသုတ်တိုက်နယ်ဆေးရုံမှ ဆရာဝန်တစ်ဦး၏ ဇနီးဖြစ်သူ သေဆုံး

သြဂုတ် ၂ ရက်တွင် H1N1 ဖြင့် အမျိုးသမီး လူနာတစ်ဦး ထပ်မံသေဆုံးပြီး လက်ရှိအချိန်ထိ H1N1 ကြောင့် သေဆုံးသူ ၁၃ ဦးထိ ရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ကနဦးထုတ်ပြန်ချက်အရ သေဆုံးလူနာမှာ ဧရာဝတီတိုင်းဒေသကြီး၊ အသုတ်တိုက်နယ်ဆေးရုံမှ ဆရာဝန်တစ်ဦး၏ အမျိုးသမီးဖြစ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသမှု ခံယူစဉ် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သြဂုတ် ၁ ရက်အထိ ရရှိသော ဆေးရုံတက်ရောက် လူနာစာရင်းအရ အထူးကုဆေးရုံ (ဝေဘာဂီ) တွင် H1N1 လူနာ ၁၀ ဦး၊ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင်သုံးဦး စုစုပေါင်း လူနာ ၁၃ ဦး တက်ရောက်ကုသ လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ဇူလိုင် ၃၁ ရက်မှ သြဂုတ် ၁ ရက် မွန်းလွဲ ၂ နာရီအထိ သံသယလူနာ ၃၂ ဦးအား ထပ်မံဓာတ်ခွဲစမ်းသပ် စစ်ဆေးခဲ့ရာ H1N1 အတည်ပြုလူနာ ၁၄ ဦး တွေ့ရှိရပြီး သေဆုံးလူနာ မရှိကြောင်း၊ သြဂုတ် ၁ ရက်အထိ ရရှိသော အချက်အလက်အရ လူနာများနှင့် တိုက်ရိုက်ထိတွေ့ရသော ကျန်းမာရေး ဝန်ထမ်းများတွင် ရောဂါကူးစက်ခြင်း မရှိကြောင်း H1N1 ဖြစ်ပွားမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက် အမှတ်စဉ် (၉) တွင် ဖော်ပြချက်အရ သိရသည်။

ဇူလိုင် ၂၁ ရက်မှ သြဂုတ် ၁ ရက်အထိ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရရှိသော ရောဂါဖြစ်ပွားမှု အချက်အလက်များအရ လတ်တလော ပြင်းထန်အသက်ရှုလမ်းကြောင်း ပိုးဝင်ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသသူ စုစုပေါင်းလူနာ ၂၄၅ ဦးရှိခဲ့ပြီး ယင်းတို့အနက် Seasonal Influenza A (H1N1) pdm 2009 Positive လူနာ စုစုပေါင်း ၇၆ ဦး၊ သေဆုံးသူ ၁၂ ဦး ရှိခဲ့ကြောင်း၊ လတ်တလော ပြင်းထန်အသက်ရှုလမ်းကြောင်း ပိုးဝင်ရောဂါဖြင့် ဆေးရုံတက်ရောက်သူများတွင် သေဆုံးမှုနှုန်းမှာ ၄ ဒသမ ၈ ရာခိုင်နှုန်း ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

သေဆုံးလူနာများမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ငါးဦး၊ ရန်ကင်းကလေးဆေးရုံကြီးတွင် တစ်ဦး၊ ရန်ကုန်ကလေးဆေးရုံကြီးတွင် တစ်ဦး၊ သင်္ဃန်းကျွန်းစံပြ ဆေးရုံကြီးတွင် နှစ်ဦးနှင့် ဝေဘာဂီအထူးကု ဆေးရုံကြီးတွင် သုံးဦးစုစုပေါင်း သေဆုံးလူနာ ၁၂ ဦးရှိကြောင်း သိရသည်။

လက်ရှိတွင် လတ်တလော ပြင်းထန်အသက်ရှုလမ်းကြောင်း ပိုးဝင်ရောဂါလူနာများကို ရောဂါပျံ့နှံ့မှု လျင်မြန်စွာ ထိန်းချုပ်နိုင်ရန် အထူးကုဆေးရုံ (ဝေဘာဂီ) တွင် ဦးစားပေး ပို့ဆောင်ကုသနေကြောင်း၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲမှလည်း တစ်နိုင်ငံလုံးရှိ ဆေးရုံကြီးများ၌ ရာသီတုပ်ကွေးရောဂါ သံသယဖြင့် ၂၀၁၇ ခုနှစ် ဇွန် ၁ ရက်မှ လက်ရှိအထိ ဆေးရုံတက်ရောက်သူများ စာရင်းအတိအကျကို စုဆောင်းလျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

Eleven Media Group

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...