ထိုင္၀မ္ႏုိင္ငံတြင္ တစ္နာရီလွ်င္ မိုင္းေပါင္း ၁၁၂ မုိင္ျဖင့္ မုန္တိုင္းတိုက္ခက္




ထိုင္၀မ္ကြၽန္းကို မုန္တိုင္းတိုက္ခက္မွုေၾကာင့္ ထိုင္၀ံႏိုင္ငံသားမ်ားဟာ တစ္နာရီလ်ွင္ ၁၁၂ အရွိန္ျပင္းသည့္ မုန္တိုင္းဒဏ္ကို ခံစားခဲ့ၾကရသည္။

ေရလႊမ္းမိုးမွုမ်ားရွိခဲ့ၿ႔ပီး ေနရာအနံ႔အျပား လွ်ပ္စစ္မီးျပတ္ေတာက္ခဲ့သည္။ ဒီတစ္ႏွစ္အတြက္ ပထမဦးဆံုး ၀င္လာေသာ တိုက္ဖြန္းမုန္တိုင္းျဖစ္သည္။

မီးရထားဆားဗစ္အမ်ားစုဟာ ေခတၱရပ္ဆိုင္းခဲ့ရၿ႔ပီး အိမ္ယာ ၂၄၉၂၃၀ ဟာ လွ်ပ္စစ္မီးျပတ္ေတာက္ခဲ့ရသည္။ တိုက္ဖြန္း နီစတ္ဟာ ေဒသစံေတာ္ခ်ိန္ မနက္ ၁၁ နာရီက ႏိုင္ငံအေရွ႕ပိုင္း ရီလန္ေဒသကို စတင္၀င္ေရာက္ခဲ့ၿပီး အျမင့္ေပ ၄၉.၂ ေပရွိသည့္ လိွုင္းလံုးႀကီးမ်ားျဖင့္ ရိုက္ခတ္ခဲ့သည္။

ထိုင္၀မ္ႏိုင္ငံ မိုးေလ၀သ သတင္းထုတ္ျပန္ေရးဌာနက ႏိုင္ငံရဲ့ အေရွ႕ပိုင္း၊ ေတာင္ပိုင္းမ်ားတြင္ မိုးျပင္းထန္ႏိုင္ေၾကာင္း၊ ေျမျပင္ေရလႊမ္းမိုးမွု ၃၅.၄ ေပထိ အခ်ိဳ႕ေနရာမ်ားတြင္ ရွိႏိုင္ေၾကာင္း ခန္႔မွန္း အသိေပးခဲ့သည္။

လူ ၁၀၀၀၀ ေက်ာ္ကို ေျပာင္းေရြ႕ခဲ့ရၿပီး စစ္သား ၄၅၆၄ ေယာက္က ေရလႊမ္းသည့္ေနရာမ်ားတြင္ ပါ၀င္ကူညီခဲ့သည္။ အခ်ိဳ႕ဓာတ္ပံုမ်ားထဲတြင္း ဒူးေလာက္ရွိတဲ့ေရေတြတက္ေနၿပီး ဆိုင္ကယ္စီးသူမ်ားကို ေလက တိုက္ခ်လိုက္သျဖင့္ လဲက်သြားသည္မ်ားကို ေတြ႔ရသည္။

ေလေၾကာင္းသြာလာမွုမ်ားလည္း ရပ္တန္႔ခဲ့ရၿပီး စုစုေပါင္း ျပည္တြင္းႏွင့္ ႏိုင္ငံတကာခရီးစဥ္ ၃၁၂ ခု ရပ္တန္႔ခဲ့ရသည္။

ေနာက္တစ္ခါ ျဖစ္ေပၚလာမည့္ တိုက္ဖြန္း ဟိုင္တန္ကလည္း ထိုင္၀မ္ကို တိုက္ခတ္ရန္ နီးစပ္ေနသည္ဟု မိုးေလ၀သ သတင္းမ်ားအရသိရသည္။

ဟိုင္တန္တိုက္ဖြန္းမုန္တိုင္းက တစ္နာရီလွ်င္ ၂၆၁ မိုင္ထိ တိုက္ခတ္ႏိုင္ၿပီး အေရွ႕ပိုင္းက အီလြန္ဘဖီေဒသ၊ ေတာင္ပိုင္းစြန္းေဒသ ကြၽန္းမ်ားသို႔ တိုက္ခတ္ႏိုင္သည္ ဟုသိရသည္။

နီစတ္ဟာ ထိုင္၀မ္ရဲ့ ယခုႏွစ္ပထမဆံုးမုန္တုိင္းျဖစ္ေသာ္လည္း ထိုင္၀မ္ကြၽမ္းဟာ ၿပီးခဲ့တဲ့လတည္းက ရာသီဥတုဆိုးရြားကာ မိုးမ်ားေနခဲ့ျခင္းျဖစ္သည္။

ဇြန္လအတြင္း ေရႀကီးမွုတြင္ ႏုိင္ငံေျမာက္ပိုင္းမွ အနည္းဆံုး လူ ၁ ဦးေသဆံုးၿပီး အခ်ိန္ ၁၁နာရီအတြင္း ၆၀၀ မီလီမီတာမိုးေရခ်ိန္ထိ အခ်ိဳ႕ေနရာမ်ားတြင္ ရြာသြန္းခဲ့သည္။

ထိုင္၀မ္အစိုးရက ႀကိဳတင္ တိုင္းတာ ျပင္ဆင္မွုမ်ားစြာ လုပ္ခဲ့သည္။ ၂၀၀၉ ခုႏွစ္က တိုင္ဖြန္း မိုရာေကာ့ေၾကာင့္ လူေပါင္း ၄၀၀ ေက်ာ္ေသဆံုးခဲ့ၿပီး ေနာက္ပိုင္းႏွစ္မ်ားတြင္ အစိုးရက သတိျပဳ ျပင္ဆင္မွုမ်ား လုပ္လာခဲ့သည္။

PannPwint
ref-Dailymail

ထိုင်ဝမ်ကျွန်းကို မုန်တိုင်းတိုက်ခက်မှုကြောင့် ထိုင်ဝံနိုင်ငံသားများဟာ တစ်နာရီလျှင် ၁၁၂ အရှိန်ပြင်းသည့် မုန်တိုင်းဒဏ်ကို ခံစားခဲ့ကြရသည်။

ရေလွှမ်းမိုးမှုများရှိခဲ့ြ့ပီး နေရာအနံ့အပြား လျှပ်စစ်မီးပြတ်တောက်ခဲ့သည်။ ဒီတစ်နှစ်အတွက် ပထမဦးဆုံး ဝင်လာသော တိုက်ဖွန်းမုန်တိုင်းဖြစ်သည်။

မီးရထားဆားဗစ်အများစုဟာ ခေတ္တရပ်ဆိုင်းခဲ့ရြ့ပီး အိမ်ယာ ၂၄၉၂၃၀ ဟာ လျှပ်စစ်မီးပြတ်တောက်ခဲ့ရသည်။ တိုက်ဖွန်း နီစတ်ဟာ ဒေသစံတော်ချိန် မနက် ၁၁ နာရီက နိုင်ငံအရှေ့ပိုင်း ရီလန်ဒေသကို စတင်ဝင်ရောက်ခဲ့ပြီး အမြင့်ပေ ၄၉.၂ ပေရှိသည့် လှိုင်းလုံးကြီးများဖြင့် ရိုက်ခတ်ခဲ့သည်။

ထိုင်ဝမ်နိုင်ငံ မိုးလေဝသ သတင်းထုတ်ပြန်ရေးဌာနက နိုင်ငံရဲ့ အရှေ့ပိုင်း၊ တောင်ပိုင်းများတွင် မိုးပြင်းထန်နိုင်ကြောင်း၊ မြေပြင်ရေလွှမ်းမိုးမှု ၃၅.၄ ပေထိ အချို့နေရာများတွင် ရှိနိုင်ကြောင်း ခန့်မှန်း အသိပေးခဲ့သည်။



လူ ၁၀၀၀၀ ကျော်ကို ပြောင်းရွေ့ခဲ့ရပြီး စစ်သား ၄၅၆၄ ယောက်က ရေလွှမ်းသည့်နေရာများတွင် ပါဝင်ကူညီခဲ့သည်။ အချို့ဓာတ်ပုံများထဲတွင်း ဒူးလောက်ရှိတဲ့ရေတွေတက်နေပြီး ဆိုင်ကယ်စီးသူများကို လေက တိုက်ချလိုက်သဖြင့် လဲကျသွားသည်များကို တွေ့ရသည်။

လေကြောင်းသွာလာမှုများလည်း ရပ်တန့်ခဲ့ရပြီး စုစုပေါင်း ပြည်တွင်းနှင့် နိုင်ငံတကာခရီးစဉ် ၃၁၂ ခု ရပ်တန့်ခဲ့ရသည်။

နောက်တစ်ခါ ဖြစ်ပေါ်လာမည့် တိုက်ဖွန်း ဟိုင်တန်ကလည်း ထိုင်ဝမ်ကို တိုက်ခတ်ရန် နီးစပ်နေသည်ဟု မိုးလေဝသ သတင်းများအရသိရသည်။


ဟိုင်တန်တိုက်ဖွန်းမုန်တိုင်းက တစ်နာရီလျှင် ၂၆၁ မိုင်ထိ တိုက်ခတ်နိုင်ပြီး အရှေ့ပိုင်းက အီလွန်ဘဖီဒေသ၊ တောင်ပိုင်းစွန်းဒေသ ကျွန်းများသို့ တိုက်ခတ်နိုင်သည် ဟုသိရသည်။

နီစတ်ဟာ ထိုင်ဝမ်ရဲ့ ယခုနှစ်ပထမဆုံးမုန်တိုင်းဖြစ်သော်လည်း ထိုင်ဝမ်ကျွမ်းဟာ ပြီးခဲ့တဲ့လတည်းက ရာသီဥတုဆိုးရွားကာ မိုးများနေခဲ့ခြင်းဖြစ်သည်။

ဇွန်လအတွင်း ရေကြီးမှုတွင် နိုင်ငံမြောက်ပိုင်းမှ အနည်းဆုံး လူ ၁ ဦးသေဆုံးပြီး အချိန် ၁၁နာရီအတွင်း ၆၀၀ မီလီမီတာမိုးရေချိန်ထိ အချို့နေရာများတွင် ရွာသွန်းခဲ့သည်။

ထိုင်ဝမ်အစိုးရက ကြိုတင် တိုင်းတာ ပြင်ဆင်မှုများစွာ လုပ်ခဲ့သည်။ ၂၀၀၉ ခုနှစ်က တိုင်ဖွန်း မိုရာကော့ကြောင့် လူပေါင်း ၄၀၀ ကျော်သေဆုံးခဲ့ပြီး နောက်ပိုင်းနှစ်များတွင် အစိုးရက သတိပြု ပြင်ဆင်မှုများ လုပ်လာခဲ့သည်။

PannPwint
ref-Dailymail









Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...