အသက်(၇၁)နှစ်အရွယ်ဇနီးသည် သူများနောက်ပါမှာစိုးလို့ သော့ခတ်ထားတဲ့ ၁၆ နှစ်သား








အသက်(၇၁)နှစ်အရွယ်ဇနီးသည် သူများနောက်ပါမှာစိုးလို့ သော့ခတ်ထားတဲ့ ၁၆ နှစ်သား အင်ဒိုနီးရှားနိုင်ငံက ဇနီးမောင်နှံ နှစ်ဦးဖြစ်တဲ့ အသက် ၇၁ နှစ်အရွယ် အမျိုးသမီးကြီးနဲ့ အသက် ၁၆ နှစ်အရွယ် အမျိုးသားတို့ဟာ တစ်ယောက်ကိုတစ်ယောက် အပျောက်မခံနိုင်အောင်ချစ်ကြပါတယ်။ ယောက်ျားဖြစ်သူ စီလာမတ် အသက် ၁၆ နှစ်က သူ၏မိန်းမ ရိုဟာရာ အသက် ၇၁ နှစ်ကို သူမရှိတဲ့အချိန် အခြားယောက်ျားက ခိုးယူသွားမှာကို စိုးရိမ်ပြီး သဝန်တိုစွာနဲ့ သူအပြင်သွားတိုင်း သော့ခတ်သွားလေ့ရှိပါတယ်။ အစပိုင်းမှာ သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲကို နှစ်ဖက်ဆွေမျိုးများက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့နှစ်ယောက်ဟာ မပေါင်းကြရဘူးဆိုရင် သတ်သေပစ်မယ်လို့ ခြိမ်းခြောက်တာကြောင့် ဆွေမျိုးတွေ လက်လျှော့ပေးခဲ့ရပါတယ်။ သူတို့နှစ်ဦး လက်ထပ်ပြီးနောက် ဂျာကာတာကို ပျားရည်ဆမ်းခရီး ထွက်ခဲ့ကြပါသေးတယ်။ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ သူတို့နှစ်ဦး ပိုမိုနီးနီးကပ်ကပ်ရှိပြီး အထူးသဖြင့် ၁၆ နှစ် လင်ယောက်ျားက သောကြာနေ့တိုင်း တက်နေကျ ဘုရားရှိခိုးကျောင်းကိုတောင် မှန်မှန် မသွားနိုင်တဲ့အတွက် ရွာလူကြီးက ခေါ်ယူသတိပေးခဲ့ရပါတယ်။ သူတို့ ဘာသာရေးအရ အမျိုးသမီးက ဘုရားကျောင်းလာခွင့်မရှိတာကြောင့် မိန်းမကို စိတ်မချတဲ့စိတ်နဲ့ ပျက်ကွက်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သူတို့နှစိဦးဟာ ကလေးယူဦးမယ်လို့ မျှော်လင့်ထားကြပြီး သားတစ်​ယောက် သမီးတစ်ယောက် လိုချင်ကြောင်း စီလာမက်က ပြောဆိုခဲ့သည်။ ကလေးတွေမွေးလာရင် ပေးဖို့နာမည်တွေတောင် စဉ်းစားထားပြီးဖြစ်ကြောင်း ပျော်ရွှင်စွာနဲ့ ပြောပြခဲ့သည်။ Credit PoPoLay Photo Credit Origina

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...