နေ့ခင်းကြောင်တောင် ဘက်စ်ကားမှတ်တိုင်တွင် လိင်ဆက်ဆံသည့် စုံတွဲ
PannPwint
ref-The Sun
====
အင်္ဂလန်နိုင်ငံ၊ နောတ်စီရင်စုဒေသ၊ ကိုင်ရဘီမြို့တွင် စုံတွဲတစ်တွဲ နေ့ခင်းကြောင်တောင် ဘက်စ်ကားမှတ်တိုင်တစ်ခုတွင် လိင်ဆက်ဆံနေခဲ့တဲ့ ဓာတ်ပုံများ ထွက်ပေါ်လာကြောင်း သိရသည်။
လမ်းသွားလမ်းလာတွေ ရှိနေခဲ့သော်လည်း ဂရုမစိုက်ခဲ့ပဲ အနေအထားပင် ပြောင်းပြီး ချစ်နေခဲ့ကြသေးသည်။ အသက် ၂၀ အရွယ်ဝန်းကျင်ခန့်ရှိမည့် အမျိုးသားနှင့် အမျိုးသမီးတို့ကို ၄င်း ကားမှတ်တိုင်အနီး နေထိုင်သူတစ်ဦးက ဗွီဒီယိုရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ၄င်းနေရာသည် လူစည်းကားသည့် လမ်းမလည်းဖြစ်သည်။
ကားမှတ်တိုင်အနီး အသက် ၂၀ အရွယ် ချားလုဆိုတဲ့ အမျိုးသမီးက သူမရဲ့အိမ်မှ လမ်းမြင်ရသဖြင့် ဗွီဒီယိုဖိုင် ရိုက်ကူးခဲ့ကာ သူမလည်း အင်မတန်စက်ဆုပ်ရွံရှာခဲ့သည်ဟု ဆိုသည်။
သူမက ဆံပင်အလှပြင်သူတစ်ယောက်ဖြစ်ပြီး။ အနားယူ လဘက်ရည်သောက်ဖို့ ထိုင်နေစဉ် သူမမျက်လုံးထဲသို့ လိင်ဆက်ဆံနေတဲ့ ပုံရိပ်များက ဝင်လာခဲ့သည်။ သူမက ရုတ်တရက်ပဲ ဗွီဒီယို ရိုက်ကူးထားဖို့ စိတ်ကူးရခဲ့သည်။
သူမကပြောသည် ''ကျွန်မ အခန်းရဲ့ရှေ့မှာပဲ လဘက်ရည်သောက်ဖို့ ထိုင်နေတယ်၊ အပြင်ကိုကြည့်လိုက်တော့ ကျွန်မျက်လုံးတွေကို ကျွန်မ မယုံနိုင်အောင် ဖြစ်ခဲ့ရတယ်''
'' တကယ့်ကို ကျွန်မအခန်းရဲ့ မျက်နှာချင်းဆိုင်မှာ စုံတွဲတစ်တွဲဟာ ကာမဆက်ဆံနေကြတယ်။ ဘာကိုမှ ဂရုမစိုက်ပဲ လုပ်နေကြတယ်။ ရွံစရာကောင်းပါတယ်။ ကျွန်မ အစားအသောက် ပျက်သွားခဲ့တယ်'' ဟုပြောသည်။
''ကျွန်မ အဖေက ရဲကိုဖုန်းဆက်ခဲ့တယ်၊ ပြီးတော့ ရဲတွေရောက်လာပြီး သူတို့နဲ့သွားတွေ့ ခဲ့ကြတယ်'' '' ကျွန်မထင်တယ် သူတို့စောင့်နေတဲ့ ဘက်စ်ကားနဲ့ လွဲသွားတယ်၊ ဒါပေမယ့် နောက်တစ်စီး လာခဲ့တယ်'' ဟု ချားလုကပြောသည်။
နောတ်စီရင်စု၊ ကိုင်ရဘီမြို့၊ ဗစ်တိုးရီးယားလမ်းမပေါ်က ဘက်စ်ကားမှတ်တိုင်မှ လိင်ဆက်ဆံခဲ့တဲ့ စုံတွဲဗွီဒီယိုဖိုင်ဟာ ဖေ့စ်ဘုတ်လူမှုကွန်ယာက်ပေါ်သို့ ချက်ချင်းပြန့်နှံ့ခဲ့ပြီး Share လုပ်သူပေါင်းဟာ သြဂုတ်လ ၁ ရက်နေ့တည်းက ၁၀၀၀၀ ကျော်ထိ ရှိခဲ့သည်။
ရိုက်ကူးခဲ့သူ ချားလုကလည်း ''ကိုင်ရဘီမှာ ဒီလိုဖြစ်နေတယ်၊ ဗွီဒီယိုဖိုင်ကို ဖြုတ်ချမခံရခင် ယူသွားကြပါဟု''ရေးသားထားသည်။ လမ်းအတိအကျဖော်ပြပေးသော်လည်း၊ ဘက်စကားမှတ်တိုင်အတိအကျကိုတော့ ဖော်ပြပေးမထားပါဘူး။
PannPwint
ref-The Sun
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...