ကိုယ်ဝန်ရလာမှ ချစ်သူအပေါ် ရက်စက်ခဲ့သည့် ထိုင်းသူဌေးသား
Zawgyi version
PannPwint
ကမ္ဘာကြီးတွင် အကြမ်းဖက်မှုမျိုးစုံ ပိုမိုဖြစ်ပေါ်လာနေကြပြီး ရင်းနှီးချစ်ခင်တဲ့ သူအချင်းချင်းပင် မရှောင်တော့ပေ။ 
အမျိုးသမီးများဟာ လက်ဖြင့်၊ နှုတ်ဖြင့် နှိပ်စက်ခံရမှုများစွာ ကြုံရပြီး အများစုက ကိုယ့်ကိုယ့်ကိုယ် ကာကွယ်နိုင်စွမ်းမရှိကြပါဘူး။ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ရုပ်ပိုင်းပိုမိုတိုက်ခိုက်နိုင်စွမ်း ရှိကြပါတယ်။ တခြားလူ ကြားဝင် မဖြေရှင်းပေးဘူးဆိုရင် စိတ်တိုဒေါသထွက်နေတဲ့ အမျိုးသားတစ်ယောက်ဟာ အမျိုးသမီးတစ်ယောက်ကို အသတ်သေတဲ့အထိ ပြုမှုမိနိုင်ပါတယ်။
ဝမ်းနည်းစရာပါပဲ။ ကိုယ်ဝန်ဆောင်ထားတဲ့ အမျိုးသမီးတစ်ဦးမှာ မျှော်လင့်ချက် ပျောက်ဆုံးခဲ့ရပါတယ်။ ထိုင်းနိုင်ငံမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ကို ရည်းစားဖြစ်သူ သူဌေးသားက ရိုက်နှက်ခဲ့ပါတယ်။ 
သတင်းဌာနတွေရဲ့ တင်ပြချက်အရ အသက် ၂၃ နှစ်အရွယ် ယိုဝဒီဂျွန်ဆုပွန် ဆိုသူအမျိုးသမီးဟာ သူ့ရဲ့ချစ်သူမှ အကြမ်းဖက် ရိုက်နှက်မှု အကြိမ်ကြိမ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ထိုအမျိုးသမီးဟာ သူ့ချစ်သူ အမျိုးသမီးမျးစွာနဲ့ ချက်တင်ထိုင်တာ အပျော်တွဲတာတွေကို သိခဲ့ပါတယ်။ Line ဆိုတဲ့ ဆော့ဖ်ဝဲထဲမှာ ချက်တင်လုပ်ခဲ့တာတွေကိုလည်း မိခဲ့သည်။
သူတို့နှစ်ယောက်ဟာ အဆင်မပြေဖြစ်ကြပြီး နောက်ပိုင်းမှာတော့ ချစ်သူအမျိုးသားက အကြမ်းဖက်တဲ့အထိ ဖြစ်လာခဲ့သည်။ ကောင်မလေးဟာ သွေးတွေနဲ့ ပေကျံနေခဲ့သည်။ စမတ်ဖုန်းနှင့် တက်ဘလက်များတွင်လည်း ထိတ်လန့်ဖွယ် ကွဲကြေပြီး သွေးများ ပေနေသည်။
ဒီသတင်းဟာ ထိုင်း တီဗွီလိုင်းများတွင်လည်း နာမည်ကြီးခဲ့သည်။
ဒီအဖြစ်အပျက်နဲ့တူ လူသိများလာသော သူဌေသားဟာ အရင်ကလည်း ကားတိုက်မှုနှစ်ခုတွင် ပါဝင်ခဲ့သူဖြစ်သည်။ ဒီနှစ် ဧပရယ်လ အတွင်းကလည်း သူဟာ လမ်းသွားလမ်းလာတစ်ဦးကို ဆိုင်ကယ်နှင့်တိုက်ခဲ့သည်။ သူအသက် အသက်၁၇ နှစ်အရွယ် ၂၀၁၂ ခုနှစ်ကလည်း လူသုံးယောက် ဒဏ်ရာရရှိခဲ့သည့် ယာဉ်မတော်တဆမှုအတွက် သူ့ကိုသံသယရှိခဲ့သည်။
ချစ်သူကောင်မလေးဖြစ်သူ ဂျူစုပွန်ဟာ ကိုယ်ဝန်ရှိနေတာကို သူဌေးသားက ဒီကိုယ်ဝန်ဟာ ၇လအတွင်းမှာ ဘယ်သူနဲ့ ရခဲ့သလဲဟု ဆိုကာ ဖုန်းနှင့်၊ တက်ဘလက်များကို ရိုက်ခွဲခဲ့သည်။သူ့အကို ရှိန်း ကို ဖုန်းခေါ်ခဲ့ပြီး အစ်ကိုဖြစ်သူက ထိုအိမ်မှထွက်ခွာပြီး အနီးဆုံးရဲစခန်းကိုသွားဖို့ ပြောခဲ့သည်။ စုပွန်ကလည်း ထိုအတိုင်းပြုလုပ်ခဲ့သည်။ 
ရဲများရဲ့ပြောကြားချက်အရ ''သူဌေးသားဟာ ဒီကိစ္စက မိန်းကလေးနဲ့ ယောက်ျားလေးကြားမှာ ဖြစ်တတ်တဲ့ ကိုယ်ရေးကိုယ်တာကိစ္စဖြစ်ကြောင်း'' ထုချေသည် ဟုသိရသည်
PannPwint
ref-viral4rea
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...