မုန္း၊ ၿငိဳး၊ ခ်စ္၊ ခင္၊ သနား ဘာေၾကာင့္ပြင့္

မိုမိုေလး ပရိသတ္တို႔အားလံုး အနည္းနဲ႔အမ်ား ဆိုသလို လက္သည္း မွာ အျဖဴစက္ အပြင့္ေလးေတြ ေပၚဖူးၾကမယ္ ထင္တယ္ေနာ္.. အဲဒီလိုေပၚတဲ့အခါမွာ လက္မမွာ ပြင့္ရင္ ကိုယ့္ကို မုန္းတဲ့သူ ရွိေနလို႔၊ လက္ညႇိဳးမွာ ပြင့္ရင္ ကိုယ့္ကို အၿငိဳးအေတးထားတဲ့သူ ရွိေနလို႔၊ လက္ခလယ္မွာ ပြင့္ရင္ ကိုယ့္ကို ခ်စ္ေနတဲ့သူ ရွိေနလို႔၊ လက္သူႂကြယ္မွာ ပြင့္ရင္ ကိုယ့္ကို ခင္ေနတဲ့သူ ရွိေနလို႔နဲ႔ လက္သန္းေလးမွာ ပြင့္ရင္ေတာ့ ကိုယ့္ကို သနားတဲ့သူ ရွိေနလို႔ ဆိုၿပီး အမွတ္ထားခဲ့ၾကပါတယ္။ ဒါ႔ျပင္ အဲဒီလို လက္သည္းေလးေတြ ပြင့္တာဟာ သိပၸံနည္းက်လည္း အေျဖရွိေနတာမို႔ မိုမိုေလးပရိသတ္ေတြအတြက္ ေ၀မွ်ေပးလိုက္ပါတယ္။

Milk Spots လို႔လည္း လူသိမ်ားတဲ့ အဲဒီ အျဖဴေရာင္ အစက္၊ အပြင့္ေလးေတြဟာ သိပၸံနည္းက် ေျပာမယ္ဆိုရင္ေတာ့ လက္သည္းကို ထိမိခိုက္မိလို႔ အနာတရာျဖစ္တဲ့ဒဏ္ေၾကာင့္ ႐ိုးရွင္းစြာနဲ႔ပဲ ထြက္ေပၚလာခဲ့ၾကတာ ျဖစ္ပါတယ္။ ဒါ႔ျပင္ အဲဒီ အျဖဴေရာင္ အစက္ကေလးေတြေၾကာင့္လည္း ျပႆနာ ႀကီးႀကီးမားမား တစ္စံုတစ္ရာ မရွိသလို လက္သည္းခြံကို တံခါးညႇပ္တာေလာက္လည္း စိုးရိမ္စရာ မရွိပါဘူး။ ဒါေပမဲ့ အဲဒီ အျဖဴေရာင္ အစက္ကေလးေတြ ထြက္ေပၚလာခဲ့ရတဲ့ အေၾကာင္းအရင္းကေတာ့ ဥပမာ – သင္ဟာ သင့္ရဲ႕ အလုပ္စားပြဲကို ျမင္းခြာသံေပၚေအာင္ ေခါက္ေနတာမ်ဳိး၊ Reynolds Ball Pen ရဲ႕ အဖံုးမွာပါတဲ့ အတံေလးကို က်ဳိးေအာင္ ငယ္ငယ္က ေတာက္သလိုမ်ဳိး အဲဒီလို ေသးေသးမႊားမႊား အနာတရေလးေတြကေန စတင္လာတာပဲ ျဖစ္ပါတယ္။

ဒါဆို ဘာျဖစ္လို႔ အလြယ္တကူ သတိမထားမိႏိုင္တာလဲ ေမးစရာရွိပါတယ္။ ဒီေမးခြန္းအတြက္လည္း ဓမၼဓိဌာန္က်က် အေျဖ ရွိေနၿပီး ဘာျဖစ္လို႔လဲဆိုေတာ့ အျဖဴေရာင္ အစက္ေလးေတြဟာ လက္သည္း အရင္းနားေနရာကေန စတင္ထြက္ေပၚလာတာ ျဖစ္လို႔ လက္သည္းခြံအေပၚ အျဖဴစက္ ေပၚလာလို႔ သတိထားမိလိုက္ခ်ိန္မွာေတာ့ သင္ဟာ လက္သည္းကို အနာတရာ လုပ္မိလိုက္ခ်ိန္ကို ေမ့ေနခဲ့ၿပီ ျဖစ္တာေၾကာင့္ပါ။ ဒါဟာ သာမန္အခ်ိန္ေတြအတြက္ ျဖစ္႐ိုးျဖစ္စဥ္ေလးသာ ျဖစ္ၿပီး တကယ္လို႔သာ ဆိုးရြားတဲ့ အေျခအေနမ်ဳိးေတြမွာေတာ့ အျဖဴေရာင္ အစက္ေလးေတြဟာ ငွက္ဖ်ားေရာဂါ၊ ကင္ဆာ ျမစ္ဖ်ားခံရာ Hodgkin’s Disease ၊ ဒါမွမဟုတ္ Sickle Cell Anemia တို႔ရဲ႕ ေရွ႕ေျပးလကၡဏာလည္း ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ဒါေပမဲ့ အဒီလိုအေျခအေနဟာလည္း ျဖစ္ေခါင့္ျဖစ္ခဲၿပီး မရွိသေလာက္ ရွားပါးပါတယ္။
ဒါဆိုရင္ လက္သည္းပြင့္တဲ့အေပၚမွာ မူတည္ၿပီး က်န္းမာေရး ဆိုးရြားတာကို ႀကိဳတင္ခန္႔မွန္းႏိုင္မယ္ ဆိုရင္ေရာ မျဖစ္ႏိုင္ဘူးလားလို႔ ေမးစရာရွိလာျပန္ပါတယ္။

အဲဒီေမးခြန္းကိုေတာ့ ‘ဟုတ္တယ္’ လို႔သာ ေျဖရမွာ ျဖစ္ၿပီး ဘယ္လိုအေျခအေနဆိုးမ်ဳိးေတြမွာလဲ ဆိုေတာ့ တကယ္လို႔သာ သင့္ရဲ႕ ေျခသည္း၊ လက္သည္းေတြဟာ Leukonychia Totalis လို႔ ေခၚတဲ့ ေျခသည္း၊ လက္သည္း တစ္ျပင္လံုး ေဖြးေဖြးဆြတ္ ျဖဴေနၿပီဆိုရင္ေတာ့ ႏွလံုးေရာဂါ၊ ဒါမွမဟုတ္ ဆီခ်ဳိေရာဂါ လကၡဏာေတြ ျဖစ္ႏိုင္တာေၾကာင့္ နီးစပ္ရာ ဆရာ၀န္ဆီ သြားေရာက္ျပသဖို႔ အႀကံေပးခ်င္ပါတယ္။ ေနာက္တစ္ခ်က္ ေျခသည္း၊ လက္သည္းေတြမွာ Mees Lines လို႔ ေခၚတဲ့ အတန္းလိုက္ အျဖဴလိုင္းေတြ ေပၚေနၿပီဆိုရင္ အဲဒါဟာ အာဆင္းနစ္၊ ဒါမွမဟုတ္ Thallium အဆိပ္သင့္တဲ့ လကၡဏာကို ျပသေနတာ ျဖစ္လို႔ ေသဆံုးဖို႔ အရမ္းကို နီးကပ္လာတာကို ျပသေနတာေၾကာင့္ ၾကာၾကာေနရေတာ့မွာ မဟုတ္ဘူးလို႔ မွတ္သားထားေစခ်င္ပါတယ္။

Credit: ေက်ာ္လင္းေအာင္( MOMOLAY)
===
Unicode
မိုမိုလေး ပရိသတ်တို့အားလုံး အနည်းနဲ့အများ ဆိုသလို လက်သည်း မှာ အဖြူစက် အပွင့်လေးတွေ ပေါ်ဖူးကြမယ် ထင်တယ်နော်.. အဲဒီလိုပေါ်တဲ့အခါမှာ လက်မမှာ ပွင့်ရင် ကိုယ့်ကို မုန်းတဲ့သူ ရှိနေလို့၊ လက်ညှိုးမှာ ပွင့်ရင် ကိုယ့်ကို အငြိုးအတေးထားတဲ့သူ ရှိနေလို့၊ လက်ခလယ်မှာ ပွင့်ရင် ကိုယ့်ကို ချစ်နေတဲ့သူ ရှိနေလို့၊ လက်သူကြွယ်မှာ ပွင့်ရင် ကိုယ့်ကို ခင်နေတဲ့သူ ရှိနေလို့နဲ့ လက်သန်းလေးမှာ ပွင့်ရင်တော့ ကိုယ့်ကို သနားတဲ့သူ ရှိနေလို့ ဆိုပြီး အမှတ်ထားခဲ့ကြပါတယ်။ ဒါ့ပြင် အဲဒီလို လက်သည်းလေးတွေ ပွင့်တာဟာ သိပ္ပံနည်းကျလည်း အဖြေရှိနေတာမို့ မိုမိုလေးပရိသတ်တွေအတွက် ဝေမျှပေးလိုက်ပါတယ်။

Milk Spots လို့လည်း လူသိများတဲ့ အဲဒီ အဖြူရောင် အစက်၊ အပွင့်လေးတွေဟာ သိပ္ပံနည်းကျ ပြောမယ်ဆိုရင်တော့ လက်သည်းကို ထိမိခိုက်မိလို့ အနာတရာဖြစ်တဲ့ဒဏ်ကြောင့် ရိုးရှင်းစွာနဲ့ပဲ ထွက်ပေါ်လာခဲ့ကြတာ ဖြစ်ပါတယ်။ ဒါ့ပြင် အဲဒီ အဖြူရောင် အစက်ကလေးတွေကြောင့်လည်း ပြဿနာ ကြီးကြီးမားမား တစ်စုံတစ်ရာ မရှိသလို လက်သည်းခွံကို တံခါးညှပ်တာလောက်လည်း စိုးရိမ်စရာ မရှိပါဘူး။ ဒါပေမဲ့ အဲဒီ အဖြူရောင် အစက်ကလေးတွေ ထွက်ပေါ်လာခဲ့ရတဲ့ အကြောင်းအရင်းကတော့ ဥပမာ – သင်ဟာ သင့်ရဲ့ အလုပ်စားပွဲကို မြင်းခွာသံပေါ်အောင် ခေါက်နေတာမျိုး၊ Reynolds Ball Pen ရဲ့ အဖုံးမှာပါတဲ့ အတံလေးကို ကျိုးအောင် ငယ်ငယ်က တောက်သလိုမျိုး အဲဒီလို သေးသေးမွှားမွှား အနာတရလေးတွေကနေ စတင်လာတာပဲ ဖြစ်ပါတယ်။

ဒါဆို ဘာဖြစ်လို့ အလွယ်တကူ သတိမထားမိနိုင်တာလဲ မေးစရာရှိပါတယ်။ ဒီမေးခွန်းအတွက်လည်း ဓမ္မဓိဌာန်ကျကျ အဖြေ ရှိနေပြီး ဘာဖြစ်လို့လဲဆိုတော့ အဖြူရောင် အစက်လေးတွေဟာ လက်သည်း အရင်းနားနေရာကနေ စတင်ထွက်ပေါ်လာတာ ဖြစ်လို့ လက်သည်းခွံအပေါ် အဖြူစက် ပေါ်လာလို့ သတိထားမိလိုက်ချိန်မှာတော့ သင်ဟာ လက်သည်းကို အနာတရာ လုပ်မိလိုက်ချိန်ကို မေ့နေခဲ့ပြီ ဖြစ်တာကြောင့်ပါ။ ဒါဟာ သာမန်အချိန်တွေအတွက် ဖြစ်ရိုးဖြစ်စဉ်လေးသာ ဖြစ်ပြီး တကယ်လို့သာ ဆိုးရွားတဲ့ အခြေအနေမျိုးတွေမှာတော့ အဖြူရောင် အစက်လေးတွေဟာ ငှက်ဖျားရောဂါ၊ ကင်ဆာ မြစ်ဖျားခံရာ Hodgkin’s Disease ၊ ဒါမှမဟုတ် Sickle Cell Anemia တို့ရဲ့ ရှေ့ပြေးလက္ခဏာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အဒီလိုအခြေအနေဟာလည်း ဖြစ်ခေါင့်ဖြစ်ခဲပြီး မရှိသလောက် ရှားပါးပါတယ်။
ဒါဆိုရင် လက်သည်းပွင့်တဲ့အပေါ်မှာ မူတည်ပြီး ကျန်းမာရေး ဆိုးရွားတာကို ကြိုတင်ခန့်မှန်းနိုင်မယ် ဆိုရင်ရော မဖြစ်နိုင်ဘူးလားလို့ မေးစရာရှိလာပြန်ပါတယ်။

အဲဒီမေးခွန်းကိုတော့ ‘ဟုတ်တယ်’ လို့သာ ဖြေရမှာ ဖြစ်ပြီး ဘယ်လိုအခြေအနေဆိုးမျိုးတွေမှာလဲ ဆိုတော့ တကယ်လို့သာ သင့်ရဲ့ ခြေသည်း၊ လက်သည်းတွေဟာ Leukonychia Totalis လို့ ခေါ်တဲ့ ခြေသည်း၊ လက်သည်း တစ်ပြင်လုံး ဖွေးဖွေးဆွတ် ဖြူနေပြီဆိုရင်တော့ နှလုံးရောဂါ၊ ဒါမှမဟုတ် ဆီချိုရောဂါ လက္ခဏာတွေ ဖြစ်နိုင်တာကြောင့် နီးစပ်ရာ ဆရာဝန်ဆီ သွားရောက်ပြသဖို့ အကြံပေးချင်ပါတယ်။ နောက်တစ်ချက် ခြေသည်း၊ လက်သည်းတွေမှာ Mees Lines လို့ ခေါ်တဲ့ အတန်းလိုက် အဖြူလိုင်းတွေ ပေါ်နေပြီဆိုရင် အဲဒါဟာ အာဆင်းနစ်၊ ဒါမှမဟုတ် Thallium အဆိပ်သင့်တဲ့ လက္ခဏာကို ပြသနေတာ ဖြစ်လို့ သေဆုံးဖို့ အရမ်းကို နီးကပ်လာတာကို ပြသနေတာကြောင့် ကြာကြာနေရတော့မှာ မဟုတ်ဘူးလို့ မှတ်သားထားစေချင်ပါတယ်။

Credit: ကျော်လင်းအောင်( MOMOLAY)

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...