H1 N1 အတွက်သိသင့် သတိထားသင့်တာများ


H1 N1 အတွက် သိသင့် သတိထား သင့်တာများ H1N1 နဲ့ပတ်သတ်ပြီး လူတိုင်း စိုးရိမ်နေကြချိန်တစ်ခုပါ။ စိုးရိမ်စရာကိုစိုးရိမ်နေကြတာကမဆန်းပေမယ့် လုပ်သင့်လုပ်ထိုက်တဲ့အသိပညာတွေကို ရှိဖို့က လူတိုင်း မလုပ်ဖြစ်သေးတာတွေပါ။ သတင်း ဆိုတာ”ချဲ့ကား”ရင်းသတင်းမှားတွေဖြစ်တတ်လို့ အရင်းအမြစ်သတင်းမှန်မမှန်ချင့်ချိန်တွေးဆပြီး အကြောက်တရားကို မိမိ ကိုယ်တိုင်ထိန်းညှိရပါမယ်။ ဒီချိန် အလုပ်သင့်ဆုံးက (၁) ကျန်းမာရေး ဝန်ကြီးဌာနနှင့် အစိုး ရသတင်း များ နားထောင်ပြီးသတင်းစာ ပါအချက်အလက်များကို သေချာစွာလိုက်နာခြင်းပါ (Listen National News only)” (၂) လူတိုင်း အကုန်လုပ်နိုင်ပြီးကာကွယ်နိုင်တဲ့နည်းတွေက “အပြင်ကပြန်လာတိုင်း၊အညစ်အကြေးကိုင်ပြီးတိုင်း လက် ကိုခဏခဏဆေးပေးပါ ( Hand washing )။ (၃) အိပ်ရေးဝအောင်အိပ်ပါ။ အားရှိအောင်စားပါ။ (Sound sleep and enough food for immunity) ခန္ဓာကိုယ်ခုခံစွမ်းအားကောင်းရင်တော်ရုံပိုးက အလွယ်တကူမဝင်ရောက်နိုင်ပါဘူး။ (၄) မလိုအပ်ပဲ လူတွေထူထပ်တဲ့နေရာတွေကိုမသွားပဲရှောင်ပါ။ မဖြစ်မနေသွားခဲ့ရင်လည်းနှာခေါင်းစည်းကိုတပ်ဆင်နိုင်သလိုစနစ်တကျတပ်ဆင်ဖို့လိုအပ်ပါမယ်။ စနစ်တကျမဟုတ်သောတပ်ဆင်မူနှင့် နှာခေါင်းစည်းသန့်ရှင်းမူမရှိပါကလည်း H1N1 မဟုတ်ပဲအခြားဖုန်မှုန့်များကြောင့်အသက်ရှူ လမ်းကြောင်းပိုးများဝင်နိုင်ပါသေးတယ်။ ပညာပေး ရာတွင်အများကြီးပေးနေလျှင်လူတွေမည်သည့်အရာကိုမည်သို့စနစ်တကျလုပ်ရမည်ဝေခွဲရခက်နေမည်မို့ “အပြင်ပြန်လာတိုင်းလက်ဆေးပါ။ အားရှိအောင်စား။အိပ်ရေးဝအောင်အိပ်ကြပါ။ ဖျားနာမူရှိကချက်ချင်းဆေးရုံဆေးခန်းသွားပြကြပါ” လို့မိမိ မိတ်ဆွေ များအားအကြံပြုတင်ပြအပ်ပါတယ်။ H1 N1 အတွက်သိသင့် သတိထားသင့်တာများ ဒေါက်တာသန့်ဇော်လွင် (၂၇-၇-၂၀၁၇)

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...