နဖူးကို သံပြားတစ်ချပ် အရှိန်နှင့်စိုက်ဝင်ခဲ့ပေမယ့် အသက်မသေခဲ့သူ
အင်္ဂလန်နိုင်ငံ တောင်ပိုင်း၊ လန်ကွန်ရှိင်းယားဒေသတွင်
ကုန်ကားတစ်စီးပေါ်မှ ပျက်ကျလာသော သံပြားတစ်ချပ်ဟာ အမျိုးသမီးတစ်ယောက်ရဲ့ ဦးခေါင်းကို ပိုင်းဖြတ်တော့မယ့် အခြေနေမျိုး ဖြစ်ပွားခဲ့သည်။ ကံကောင်းစွာဖြင့် ကားမှန်ကိုသာ စိုက်ဝင်ခဲ့ပြီး သူမကတော့ အသက်သေတဲ့အထိ ကံမဆိုးခဲ့ပေ။
အသက် ၃၉ နှစ်အရွယ် ကေတီ အက်ဒဆင်စနာ့တ်ဆိုသူဟာ သူမရဲ့ မူကြိုကျောင်းသား သားငယ်ကို သွားကြိုပြီး ပြန်လာစဉ် လမ်းပေါ်မှာ သူမရဲ့နဖူးကို အသွားထက်နေတဲ့ လေးထောင့် စတီးပြားတစ်ချပ်က စိုက်ဝင်ခဲ့သည်။
သူမကားဟာ ထိန်းချုပ်မှုမဲ့ပြီး လမ်းလယ်ခုံကို ဝင်ကျုံးခဲ့သည်။ ခရီးသည်ခုံမှ လိုက်ပါလာသော လေးနှစ်အရွယ် သားဖြစ်သူ ဟူဂိုဟာ ထိခိုက်ဒဏ်ရာ မရခဲ့ပေ။
သားဖြစ်သာသူက ''မေမေ'' လို့ခေါ်လိုက်သောအခါ မိခင် ကေတီဟာ သတိပြန်ရလာသည်။ အခြားကား ဒရိုင်ဘာတွေဟာ ၉ ၉ ၉  သို့ ဖုန်းခေါ်ကြသည်။ ဒီ ထူးထူးဆန်းဆန်း မတော်တဆမှု ဟာ ဂျူလိုင် ၁၁ ရက် မနက် ၈နာရီ ၃၀မိနစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဆေးဘက်ဝန်ထမ်းများက အရေးတကြီးပဲ  ဦးခေါင်းဒဏ်ရာများနှင့် ကေတီကို Queen's Medical Center သို့ ပို့ကြသည်။ 
ဦးခေါင်းရိုးထဲ ဝင်နေခဲ့သော သံပြားကို ဆရာဝန်များက ခွဲစိပ်ထုတ်ယူကြသည်။ ကေတီသည် ခွဲစိပ်ချိန် ၅ နာရီထိ ခံနိုင်ရည်ရှိခဲ့ပြီး သူ့မရဲ့ဦးခေါင်ဟာ အချက် ၄၀ ချုပ်ခဲ့ရသည်။
Great Ponton မှ ဂရမ္မာ ဆရာမတစ်ဦးဖြစ်သူ ကေတီဟာ ဦးခေါင်းကွဲအက်ခြင်း၊ မျက်လုံးအိမ်ထိခိုက်ခြင်း၊ မေးရိုးထိခိုက်ခြင်းများ ခံစားခဲ့ရသည်။
အုပ်ချုပ်ရေး အရာရှိတစ်ဦးဖြစ်သူ ကေတီရဲ့ ခင်ပွန်း အသက် ၂၉  နှစ်အရွယ် ရောဘတ်က ''ဦးခေါင်းဒဏ်ရာ အပြင်းအထန်ရပြီး ထိန်လန့်မှုဖြစ်ခဲ့ရပေမယ့် သူမဟာ သတိရှိနေခဲ့တယ် '' ဟုပြောသည်။
ဖြစ်စဉ်အနီး လမ်းလျှောက်နေခဲ့သော အမျိုးသမီးတစ်ယောက်က သံပြားတစ်ပြားဟာ ကုန်ကားတစ်စီးပေါ်မှ ကျလာပြီး နောက်မှာ လိုက်လာတဲ့ လူစီးကားပေါ် စိုက်သွားတာ မြင်လိုက်ကြောင်း ပြောသည်။
ဘာပဲဖြစ်ဖြစ် ဆိုးရွာစွာ မတော်တဆမှုကြုံခဲ့ရပေမယ့် ကေတီဟာ အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။
PannPwint
ref-Dailymail
Zawgyi Version
PannPwint
ref-Dailymail
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...