ငဘ ႐ုပ္ရွင္ဇာတ္ကားနဲ႔ ဇာတ္ပို႔ဆုရဖို႔ ေရပန္းစားခဲ့ေပမယ့္ ဆုနဲ႔လြဲခဲ့တဲ့ ေအးျမတ္သူ ရင္ဖြင္႔ျပီ

သ႐ုပ္ေဆာင္ ေအးျမတ္သူ နဲ႔ ေတြ႔ဆုံၿပီး ငဘ ႐ုပ္ရွင္ဇာတ္ကားနဲ႔ အမ်ဳိးသမီး ဇာတ္ပို႔ဆုရဖို႔ ေရပန္းစားခဲ့ေပမယ့္ ဆုနဲ႔လြဲခဲ့တဲ့အေပၚ ခံစားမႈ၊ အမ်ဳိးသမီးဇာတ္ပို႔ဆု မခ်ီးျမႇင့္ခဲ့တဲ့အေပၚ သူ႔အျမင္နဲ႔ အႏုပညာခံယူခ်က္ အျပည့္နဲ႔ ဆက္လက္ႀကဳိးစားသြားမယ့္ အေၾကာင္းေတြကို The Voice က ေမးျမန္းေဖာ္ျပထားပါတယ္။
Voice : ဒီႏွစ္မွာ အမ်ဳိးသမီးဇာတ္ပို႔ဆုရဖို႔ ေရပန္းစားခဲ့ေပမယ့္ ဆုနဲ႔လြဲခဲ့တဲ့အေပၚ ေအးျမတ္သူ ဘယ္လိုခံစားရလဲ။
AMT : ဆုမရခဲ့တဲ့အတြက္ ညီမစိတ္ထဲမွာ ဘာမွေတာ့ မရွိခဲ့ပါဘူး။ ခမ္းခမ္းနားနားနဲ႔ က်င္းပခဲ့တဲ့ အကယ္ဒမီေပးပြဲကို တက္ေရာက္ခြင့္ရခဲ့တဲ့အတြက္ ေပ်ာ္တယ္။ ပြဲႀကီးကလည္း တကယ္ကို ခမ္းနားတယ္။ အႏုပညာေလာကသားေတြ အားလုံးကလည္း တစ္သားတည္းျဖစ္ၿပီး ေပ်ာ္ရႊင္ခဲ့ၾကတယ္။ ဆုရျခင္း မရျခင္းအေပၚ ဝမ္းနည္းတာမ်ဳိးလည္း မရွိခဲ့ပါဘူး။
Voice : ဒီပြဲမတိုင္ခင္မွာ ပရိသတ္ေတြကလည္း ေအးျမတ္သူ ဆုရမယ္လို႔ ထင္ေၾကးေပးၾကေတာ့ ရင္ေတာ့ ခုန္ခဲ့မွာေပါ့။
AMT : ညီမက ရင္ခုန္ရတာကို ေပ်ာ္ပါတယ္။ ငါဆုရပါ့မလား၊ ငါရမွာပါဆိုၿပီး မေမွ်ာ္မွန္းထားတဲ့ အတြက္ ဘာမွမျဖစ္ပါဘူး။ ကိုယ္က ဘာမွမေမွ်ာ္လင့္ထားတဲ့ အတြက္ ဘာမွကို မဆုံး႐ႈံးခဲ့ပါဘူး။ အကယ္ဒမီပြဲ တက္ေရာက္ခြင့္ရတဲ့အတြက္ အရမ္းေပ်ာ္ပါတယ္။ ဒီပြဲသည္ သမာသမတ္က်တဲ့ ပြဲတစ္ခုပါပဲ။ ဒါက ညီမတို႔ အႏိုင္က်င့္ခံရတာလည္း မဟုတ္ပါဘူး။ လူႀကီးေတြက ဆုတကယ္ မေပးသင့္လို႔ မေပးတာပါ။
Voice : ဒီႏွစ္မွာ အမ်ဳိးသမီးဇာတ္ကို႔ဆုကို ခ်န္လွပ္ခဲ့တဲ့အတြက္ အကဲျဖတ္အဖြဲ႔ဝင္ေတြ အေပၚကိုေရာ ဘယ္လိုျမင္မိလဲ။
AMT : အကယ္ဒမီဆု ေ႐ြးခ်ယ္ေပးတဲ့ အသိပညာရွင္၊ အတတ္ပညာရွင္ေတြရဲ႕ ဆုံးျဖတ္ခ်က္က မမွားပါဘူး။ ညီမကေတာ့ အဲ့ဒီလိုပဲ ျမင္ပါတယ္။ ညီမအတြက္ကေတာ့ ဒီႏွစ္မွာ အကယ္ဒမီကို ရင္ခုန္ခြင့္ရတဲ့အျပင္ကို အမ်ဳိးသမီး ဇာတ္ေဆာင္ဆုအတြက္ ဆန္ခါတင္ ေလးေယာက္စာရင္းမွာ ဝင္ခဲ့တာကိုပဲ တအားကို ေက်နပ္ေနၿပီ။ ညီမရဲ႕ အႏုပညာသက္တမ္း ဆယ္ႏွစ္ေက်ာ္ အတြင္းမွာ ကိုယ့္ဇာတ္ကားက ဆန္ခါတင္စာရင္း ဝင္ပါတယ္ဆိုၿပီး ေၾကညာတာကို မၾကည့္ဖူးဘူး။ အကယ္ဒမီေပးပြဲမွာ ကိုယ့္ကားကို ျပန္ၾကည့္ခြင့္ရတဲ့အေပၚ အရမ္းကို ၾကည္ႏူးပါတယ္။
Voice : ဒီႏွစ္မွာ အကယ္ဒမီဆုနဲ႔ လြဲသြားခဲ့ေတာ့ ဘာေတြကို ပိုၿပီး ႀကဳိးစားရမယ္လို႔ ျပန္သုံးသပ္မိလဲ။
AMT : အဲ့ဒါကေတာ့ ဆုနဲ႔လြဲသြားလို႔ ပိုႀကဳိးစားမယ္ ဆိုတာမ်ဳိးေတာ့ မရွိပါဘူး။ ပရိသတ္ရဲ႕ ကိုယ့္အေပၚထားတဲ့ ေမတၱာေတြနဲ႔ ခ်စ္ျခင္းတရားေတြေၾကာင့္ ပိုႀကဳိးစားရမွာပါ။ ကိုယ့္ရဲ႕ သ႐ုပ္ေဆာင္ ပိုၿပီး ေကာင္းေအာင္၊ ပိုၿပီး ပီျပင္ေအာင္ ႀကဳိးစားရမယ္လို႔ပဲ ခံစားမိတယ္။ ကိုယ့္မွာ ပရိသတ္ရဲ႕ ေမတၱာေတြ အမ်ားႀကီး ရေနၿပီေလ။ ဆုနဲ႔လြဲသြားလို႔ ပိုႀကဳိးစားမယ္ ဆိုတာမ်ဳိး မဟုတ္ပါဘူး။ ပရိသတ္ေတြ ကိုယ့္ကိုေပးထားတဲ့ ခ်စ္ျခင္းတရားေတြ၊ ေမတၱာတရားေတြနဲ႔ တန္ေအာင္ အၿမဲတမ္း ႀကဳိးစားေနမွာပါ။ ဆုမရခဲ့တဲ့အတြက္ စိတ္ဓာတ္က်တာမ်ဳိးလည္း မရွိပါဘူး။ ေနရတာ သက္ေသာင့္သက္သာပါပဲ။
Voice : ကိုယ္မဟုတ္ရင္ေတာင္မွ ဆုရဖို႔ ထင္ေၾကးေပးခံထားတဲ့ သူေတြထဲက တျခားတစ္ေယာက္ေယာက္ကေရာ အမ်ဳိးသမီးဇာတ္ပို႔ဆု ရသင့္တယ္လို႔ မထင္ဘူးလား။ ဒါမွမဟုတ္ အားလုံးက ဆုရဖို႔ ထိုက္တန္တဲ့ အရည္အခ်င္း မရွိလို႔လား။
AMT : အရည္အခ်င္းမရွိလို႔ ဆုမရခဲ့ၾကတာေတာ့ မဟုတ္ပါဘူး။ အကုန္လုံးက အရည္အခ်င္း ရွိပါတယ္။ အကယ္ဒမီ မရခဲ့ေပမယ့္ အကုန္လုံးက အရည္အခ်င္းရွိရွိနဲ႔ အလုပ္လုပ္ခဲ့ၾကတာပါ။ ကိုယ္ရတဲ့ ဇာတ္ေကာင္စ႐ိုက္မွာ အေကာင္းဆုံး ႀကဳိးစားခဲ့ၾကတယ္။ ဆုရဖို႔ ထိုက္တန္တဲ့သူ မရွိလို႔လား ဆိုေတာ့ မဟုတ္ပါဘူး။ အကယ္ဒမီ ေပးရမယ့္ စံခ်ိန္စံညႊန္းေတြနဲ႔ မဝင္လို႔ မေပးတာလည္း ျဖစ္ႏိုင္ပါတယ္။ ဆုမရသင့္လို႔ မေပးခဲ့တာလို႔ မျမင္ဘူး။ သူတို႔ဆုေပးဖို႔ ထားထားတဲ့ စံတစ္ခုမမီလို႔ မေပးခဲ့တာလို႔ပဲ ျမင္ပါတယ္။ ညီမတို႔ သ႐ုပ္ေဆာင္ေတြကို မေတာ္လို႔၊ မေကာင္းလို႔ မေပးတာ မဟုတ္ပါဘူး။ ဆုေ႐ြးခ်ယ္တဲ့ စံခ်ိန္စံညႊန္းနဲ႔ မဝင္လို႔ မေပးခဲ့တာ ေနမွာပါ။
Voice : ကိုယ့္ကို အကယ္ဒမီဆု အရမ္းရေစခ်င္တဲ့ ပရိသတ္ေတြကို အေႂကြးတစ္ခု တင္သြားတယ္လို႔ေရာ မခံစားရဘူးလား။
AMT : အေႂကြးဆပ္ရမယ္ ဆိုေတာ့ ညီမက ပရိသတ္ဆီက ယူထားတာ မဟုတ္ပါဘူး။ ပရိသတ္ေတြကို အေႂကြးျပန္ဆပ္ရမယ္လို႔ မမွတ္ပါဘူး။ ပရိသတ္ေတြက ခ်စ္ျခင္းတရားေတြ၊ ေမတၱာတရားေတြနဲ႔ ညီမကို ဆုရဖို႔ ေမွ်ာ္မွန္းေပးၾကတယ္။ ဒီေမတၱာတရားေတြအတြက္ ညီမ ေရွ႕ဆက္ၿပီး ပိုႀကဳိးစားမယ္။ ဆုမရခဲ့လို႔ ႀကဳိးစားတာေတာ့ မဟုတ္ပါဘူး။ အရင္ႏွစ္ေတြကထက္ ဒီႏွစ္မွာ ပရိသတ္ရဲ႕ ေမတၱာကို ပိုၿပီးရတယ္လို႔ ခံစားရတယ္။ ကိုယ့္ကို ဆုရဖို႔ ရင္ခုန္ေပးၾကတဲ့အတြက္ ပရိသတ္ေတြရဲ႕ ေမတၱာေတြကို ဘယ္ေတာ့မွ မေမ့ပါဘူး။
Voice : ေအးျမတ္သူအတြက္ အကယ္ဒမီကို ရင္ခုန္လို႔ ရႏိုင္မယ့္ ေခါက္ထီးေလး မလုံ႔တလုံ ႐ုပ္ရွင္ကေရာ ဘယ္ေတာ့ေလာက္ ႐ုံတင္မလဲ။
AMT : ေခါက္ထီးေလး မလုံ႔တလုံ႐ုပ္ရွင္က ညီမ ေသခ်ာအားထည့္ၿပီး ႀကဳိးစားထားတဲ့ ဇာတ္ကားပါ။ ဒီကားကို ေမလဆန္းေလာက္မွာ ႐ုံတင္မယ္လို႔ ထုတ္လုပ္သူက ေျပာပါတယ္။ ဒီကားနဲ႔ ပတ္သက္ၿပီး ႐ုံတင္ခါနီးက်ရင္ ညီမ အေသးစိတ္ ျပန္ေျပာျပေပးမွာပါ။ ဒီလထဲမွာေတာ့ ဒါ႐ိုက္တာ ဦးမီးပြားနဲ႔ ႐ုပ္ရွင္ကားႀကီးတစ္ကား ႐ိုက္ဖို႔ လက္ခံထားပါတယ္။ သ႐ုပ္ေဆာင္ေတြကေတာ့ ဦးဇာဂနာ၊ ကိုေနတိုး၊ မႀကီးစိုး (စိုးျမတ္သူဇာ) တို႔လည္း ပါပါတယ္။
သန္႔ဇင္ဦး
Credit: The Voice Myanmar
Unicode
သရုပ်ဆောင် အေးမြတ်သူ နဲ့ တွေ့ဆုံပြီး ငဘ ရုပ်ရှင်ဇာတ်ကားနဲ့ အမျိုးသမီး ဇာတ်ပို့ဆုရဖို့ ရေပန်းစားခဲ့ပေမယ့် ဆုနဲ့လွဲခဲ့တဲ့အပေါ် ခံစားမှု၊ အမျိုးသမီးဇာတ်ပို့ဆု မချီးမြှင့်ခဲ့တဲ့အပေါ် သူ့အမြင်နဲ့ အနုပညာခံယူချက် အပြည့်နဲ့ ဆက်လက်ကြိုးစားသွားမယ့် အကြောင်းတွေကို The Voice က မေးမြန်းဖော်ပြထားပါတယ်။
Voice : ဒီနှစ်မှာ အမျိုးသမီးဇာတ်ပို့ဆုရဖို့ ရေပန်းစားခဲ့ပေမယ့် ဆုနဲ့လွဲခဲ့တဲ့အပေါ် အေးမြတ်သူ ဘယ်လိုခံစားရလဲ။
AMT : ဆုမရခဲ့တဲ့အတွက် ညီမစိတ်ထဲမှာ ဘာမှတော့ မရှိခဲ့ပါဘူး။ ခမ်းခမ်းနားနားနဲ့ ကျင်းပခဲ့တဲ့ အကယ်ဒမီပေးပွဲကို တက်ရောက်ခွင့်ရခဲ့တဲ့အတွက် ပျော်တယ်။ ပွဲကြီးကလည်း တကယ်ကို ခမ်းနားတယ်။ အနုပညာလောကသားတွေ အားလုံးကလည်း တစ်သားတည်းဖြစ်ပြီး ပျော်ရွှင်ခဲ့ကြတယ်။ ဆုရခြင်း မရခြင်းအပေါ် ဝမ်းနည်းတာမျိုးလည်း မရှိခဲ့ပါဘူး။
Voice : ဒီပွဲမတိုင်ခင်မှာ ပရိသတ်တွေကလည်း အေးမြတ်သူ ဆုရမယ်လို့ ထင်ကြေးပေးကြတော့ ရင်တော့ ခုန်ခဲ့မှာပေါ့။
AMT : ညီမက ရင်ခုန်ရတာကို ပျော်ပါတယ်။ ငါဆုရပါ့မလား၊ ငါရမှာပါဆိုပြီး မမျှော်မှန်းထားတဲ့ အတွက် ဘာမှမဖြစ်ပါဘူး။ ကိုယ်က ဘာမှမမျှော်လင့်ထားတဲ့ အတွက် ဘာမှကို မဆုံးရှုံးခဲ့ပါဘူး။ အကယ်ဒမီပွဲ တက်ရောက်ခွင့်ရတဲ့အတွက် အရမ်းပျော်ပါတယ်။ ဒီပွဲသည် သမာသမတ်ကျတဲ့ ပွဲတစ်ခုပါပဲ။ ဒါက ညီမတို့ အနိုင်ကျင့်ခံရတာလည်း မဟုတ်ပါဘူး။ လူကြီးတွေက ဆုတကယ် မပေးသင့်လို့ မပေးတာပါ။
Voice : ဒီနှစ်မှာ အမျိုးသမီးဇာတ်ကို့ဆုကို ချန်လှပ်ခဲ့တဲ့အတွက် အကဲဖြတ်အဖွဲ့ဝင်တွေ အပေါ်ကိုရော ဘယ်လိုမြင်မိလဲ။
AMT : အကယ်ဒမီဆု ရွေးချယ်ပေးတဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေရဲ့ ဆုံးဖြတ်ချက်က မမှားပါဘူး။ ညီမကတော့ အဲ့ဒီလိုပဲ မြင်ပါတယ်။ ညီမအတွက်ကတော့ ဒီနှစ်မှာ အကယ်ဒမီကို ရင်ခုန်ခွင့်ရတဲ့အပြင်ကို အမျိုးသမီး ဇာတ်ဆောင်ဆုအတွက် ဆန်ခါတင် လေးယောက်စာရင်းမှာ ဝင်ခဲ့တာကိုပဲ တအားကို ကျေနပ်နေပြီ။ ညီမရဲ့ အနုပညာသက်တမ်း ဆယ်နှစ်ကျော် အတွင်းမှာ ကိုယ့်ဇာတ်ကားက ဆန်ခါတင်စာရင်း ဝင်ပါတယ်ဆိုပြီး ကြေညာတာကို မကြည့်ဖူးဘူး။ အကယ်ဒမီပေးပွဲမှာ ကိုယ့်ကားကို ပြန်ကြည့်ခွင့်ရတဲ့အပေါ် အရမ်းကို ကြည်နူးပါတယ်။
Voice : ဒီနှစ်မှာ အကယ်ဒမီဆုနဲ့ လွဲသွားခဲ့တော့ ဘာတွေကို ပိုပြီး ကြိုးစားရမယ်လို့ ပြန်သုံးသပ်မိလဲ။
AMT : အဲ့ဒါကတော့ ဆုနဲ့လွဲသွားလို့ ပိုကြိုးစားမယ် ဆိုတာမျိုးတော့ မရှိပါဘူး။ ပရိသတ်ရဲ့ ကိုယ့်အပေါ်ထားတဲ့ မေတ္တာတွေနဲ့ ချစ်ခြင်းတရားတွေကြောင့် ပိုကြိုးစားရမှာပါ။ ကိုယ့်ရဲ့ သရုပ်ဆောင် ပိုပြီး ကောင်းအောင်၊ ပိုပြီး ပီပြင်အောင် ကြိုးစားရမယ်လို့ပဲ ခံစားမိတယ်။ ကိုယ့်မှာ ပရိသတ်ရဲ့ မေတ္တာတွေ အများကြီး ရနေပြီလေ။ ဆုနဲ့လွဲသွားလို့ ပိုကြိုးစားမယ် ဆိုတာမျိုး မဟုတ်ပါဘူး။ ပရိသတ်တွေ ကိုယ့်ကိုပေးထားတဲ့ ချစ်ခြင်းတရားတွေ၊ မေတ္တာတရားတွေနဲ့ တန်အောင် အမြဲတမ်း ကြိုးစားနေမှာပါ။ ဆုမရခဲ့တဲ့အတွက် စိတ်ဓာတ်ကျတာမျိုးလည်း မရှိပါဘူး။ နေရတာ သက်သောင့်သက်သာပါပဲ။
Voice : ကိုယ်မဟုတ်ရင်တောင်မှ ဆုရဖို့ ထင်ကြေးပေးခံထားတဲ့ သူတွေထဲက တခြားတစ်ယောက်ယောက်ကရော အမျိုးသမီးဇာတ်ပို့ဆု ရသင့်တယ်လို့ မထင်ဘူးလား။ ဒါမှမဟုတ် အားလုံးက ဆုရဖို့ ထိုက်တန်တဲ့ အရည်အချင်း မရှိလို့လား။
AMT : အရည်အချင်းမရှိလို့ ဆုမရခဲ့ကြတာတော့ မဟုတ်ပါဘူး။ အကုန်လုံးက အရည်အချင်း ရှိပါတယ်။ အကယ်ဒမီ မရခဲ့ပေမယ့် အကုန်လုံးက အရည်အချင်းရှိရှိနဲ့ အလုပ်လုပ်ခဲ့ကြတာပါ။ ကိုယ်ရတဲ့ ဇာတ်ကောင်စရိုက်မှာ အကောင်းဆုံး ကြိုးစားခဲ့ကြတယ်။ ဆုရဖို့ ထိုက်တန်တဲ့သူ မရှိလို့လား ဆိုတော့ မဟုတ်ပါဘူး။ အကယ်ဒမီ ပေးရမယ့် စံချိန်စံညွှန်းတွေနဲ့ မဝင်လို့ မပေးတာလည်း ဖြစ်နိုင်ပါတယ်။ ဆုမရသင့်လို့ မပေးခဲ့တာလို့ မမြင်ဘူး။ သူတို့ဆုပေးဖို့ ထားထားတဲ့ စံတစ်ခုမမီလို့ မပေးခဲ့တာလို့ပဲ မြင်ပါတယ်။ ညီမတို့ သရုပ်ဆောင်တွေကို မတော်လို့၊ မကောင်းလို့ မပေးတာ မဟုတ်ပါဘူး။ ဆုရွေးချယ်တဲ့ စံချိန်စံညွှန်းနဲ့ မဝင်လို့ မပေးခဲ့တာ နေမှာပါ။
Voice : ကိုယ့်ကို အကယ်ဒမီဆု အရမ်းရစေချင်တဲ့ ပရိသတ်တွေကို အကြွေးတစ်ခု တင်သွားတယ်လို့ရော မခံစားရဘူးလား။
AMT : အကြွေးဆပ်ရမယ် ဆိုတော့ ညီမက ပရိသတ်ဆီက ယူထားတာ မဟုတ်ပါဘူး။ ပရိသတ်တွေကို အကြွေးပြန်ဆပ်ရမယ်လို့ မမှတ်ပါဘူး။ ပရိသတ်တွေက ချစ်ခြင်းတရားတွေ၊ မေတ္တာတရားတွေနဲ့ ညီမကို ဆုရဖို့ မျှော်မှန်းပေးကြတယ်။ ဒီမေတ္တာတရားတွေအတွက် ညီမ ရှေ့ဆက်ပြီး ပိုကြိုးစားမယ်။ ဆုမရခဲ့လို့ ကြိုးစားတာတော့ မဟုတ်ပါဘူး။ အရင်နှစ်တွေကထက် ဒီနှစ်မှာ ပရိသတ်ရဲ့ မေတ္တာကို ပိုပြီးရတယ်လို့ ခံစားရတယ်။ ကိုယ့်ကို ဆုရဖို့ ရင်ခုန်ပေးကြတဲ့အတွက် ပရိသတ်တွေရဲ့ မေတ္တာတွေကို ဘယ်တော့မှ မမေ့ပါဘူး။
Voice : အေးမြတ်သူအတွက် အကယ်ဒမီကို ရင်ခုန်လို့ ရနိုင်မယ့် ခေါက်ထီးလေး မလုံ့တလုံ ရုပ်ရှင်ကရော ဘယ်တော့လောက် ရုံတင်မလဲ။
AMT : ခေါက်ထီးလေး မလုံ့တလုံရုပ်ရှင်က ညီမ သေချာအားထည့်ပြီး ကြိုးစားထားတဲ့ ဇာတ်ကားပါ။ ဒီကားကို မေလဆန်းလောက်မှာ ရုံတင်မယ်လို့ ထုတ်လုပ်သူက ပြောပါတယ်။ ဒီကားနဲ့ ပတ်သက်ပြီး ရုံတင်ခါနီးကျရင် ညီမ အသေးစိတ် ပြန်ပြောပြပေးမှာပါ။ ဒီလထဲမှာတော့ ဒါရိုက်တာ ဦးမီးပွားနဲ့ ရုပ်ရှင်ကားကြီးတစ်ကား ရိုက်ဖို့ လက်ခံထားပါတယ်။ သရုပ်ဆောင်တွေကတော့ ဦးဇာဂနာ၊ ကိုနေတိုး၊ မကြီးစိုး (စိုးမြတ်သူဇာ) တို့လည်း ပါပါတယ်။
သန့်ဇင်ဦး
Credit: The Voice Myanmar

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...