ခွဲစိပ်ခ မတတ်နိုင်တော့လို့ မိဘတွေက ဆေးရုံတွင်ထားရစ်ခဲ့သည့် ကလေးငယ်
Zawgyi Version
တရုတ်နိုင်ငံတွင် စန်းမန်ဂန်လို့အမည်ပေးထားတဲ့ ကလေးငယ်လေးတစ်ဦးဟာ ဆေးရုံတက်နေရင်းက မိဘတွေက ပြစ်ထားခဲ့သည့်အတွက် အကြီးအကျယ် ဒုက္ခဝေဒနာ ခံစားခဲ့ရသည်။ 
သမီးငယ်လေးဟာ အသည်းအစားထိုး ကုသမှုခံယူနေရပြီး ကုသမှုတန်းလန်းနှင့် သေဆုံးရဖွယ် အခြေအနေ ဖြစ်ပေါ်လာခဲ့သည်။ 
မန်ဂန်ဟာ မွေးရာပါ သည်းခြေရေနှင့် အသည်းဆိုင်ရာ ချို့ယွင်းချက်များ ပါလာခဲ့သည်။ သည်းခြေရည်နှင့် အသည်းတို့ရဲ့လမ်းကြောင်းများ ပုံမှန်မဟုတ်သဖြင့် ဆဲလ်တွေပျက်ဆီးကာ အသည်းကိုယ်တိုင်လည်း ပျက်စီးနေသည်။
သမီးငယ်လေးဟာ ခွဲစိပ်မှုအကြိမ်များစွာကို တောင့်ခံနိုင်ခဲ့သည်။ သို့သော်လည်း တစ်ကြိမ်မှ ကောင်းမွန်စွာ အောင်မြင်အောင် မခွဲစိပ်နိုင်ခဲ့ပါဘူး။ ဆေးရုံ ဆေးဖိုး၊ ခွဲစိပ်ခတွေက များပြားလာခဲ့သည်။ သူမရဲ့မိဘတွေဟာ နောက်ဆုံးတော့ တောင့်မခံနိုင်တော့ပေ။ သမီးလေးကို ဆက်လက်စောင့်ရှောက်နိုင်စွမ်း မရှိတော့ပေ။ သူတို့ မကြာခင်ပဲ သမီးလေးမန်ဂန်ကို ထားရစ် စွန့်ခွာခဲ့ကြသည်။ 
ဒါပေမယ့် မိဘတွေ ပြောခဲ့တဲ့စကားကတော့ စိတ်မကောင်းစရာပါ။ သူတို့ဟာ မန်ဂန်ကို ဆက်လက်စောင့်ရှောက်နေမယ့်အစား နောက်ထပ်သမီးတစ်ယောက်အတွက် ပိုက်ဆံသုံးတာက ပိုပြီး တန်ဖိုးရှိမယ် လို့ ပြောခဲ့သည်ဟု သိရသည်။
သူတို့ဟာ သမီးအရင်းလေးကို ဆေးရုံမှာ ထားရစ်ခဲ့ကြသည်။ ဒါပေမယ့်လည်း မခွဲခွာနိုင်တဲ့ သမီးလေးရဲ့အဖိုးကတော့ ဆက်လက်အကုန်အကျခံကာ တာဝန်ယူပြီး ကုသလျှက် ကျန်ရစ်ခဲ့သည်။
နောက်တော့ နှစ်ဖက် အဖိုးဖြစ်သူတို့က ပူးပေါင်းပြီး ကုန်ကျခံကုသခဲ့ကြသည်။ ကုန်ကျစရိတ်တွေက အဆမတန်များပြားလာခဲ့သည်။ ဒါပေမယ့်လည်း သူတို့ကတော့ မြေးမကလေးအတွက် နောက်ဆုံးတိုက်ပွဲ ဝင်လျှက်ရှိသည်။ မြေးမလေး တစ်နေ့ ခွဲစိပ်မှု အောင်မြင်ရမည်ဟု သူတို့ယုံကြည်လျှက်ရှိသည်။ သူတို့ယုံကြည်ချက်ကို ဘယ်တော့မှ လက်မလျှော့ဟု ပြောသည်။
ကံကောင်းထောက်မစွာပဲ တရုတ်မီဒီယာများက သိသွားကြပြီး အဖိုးဖြစ်သူတစ်ယောက်ကို အင်တာဗျူးကာ မန်ဂန်စတိုရီ ဆိုပြီး ရုပ်သံထဲတွင်ပါလာသည်။ ထို့နောက် ပရဟိတ ဦးဆောင်သူများက မန်ဂန်ကိုလှူဒါန်းရန် ပေ့ချ်တစ်ခု ထောင်သည်။ အလှူငွေ ယွမ် ၅၀၀ ၀၀၀ အထိ သမီးလေးအတွက် ရရှိခဲ့ကြောင်း သိရသည်။
ဒေါက်တာ စူယန်က ခြောက်ကြိမ်မြောက် ခွဲစိပ်မှုဟာ ယွမ် ၅၀၀ ၀၀၀ ထက် ပိုမိုကုန်ကျနိုင်သည် သို့သော်လည်း ဆရာဝန်တွေနဲ့ ပရဟိတသမားတွေက အဖိုးဖြစ်သူကို သူ့မြေးမလေးအား အစွမ်းကုန် ကူညီမည့်အကြောင်း ပြောထားသည်။
ref-Viral4real.com
PannPwint
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...