ကျောင်းဆရာဟောင်း တစ်ဦးကို လိင်အရုပ်မ ပြည်ပမှ တင်သွင်းမှုဖြင့် တရားသူကြီးက အပြစ်ရှိသည်ဟု အမိန့်ချမှတ်ကာ ထောင်ချခဲ့သည်။
အသက် ၇၂ နှစ်အရွယ်၊ မူလန်းကျောင်းအုပ်ဟောင်း ဒေးဗစ်ကျူနာဟာ လိင်အရုပ်မ ပြည်ပမှ တင်သွင်းမှုဖြင့် စွဲချက်တင်ခံထားရခြင်းကို အသနားခံခဲ့သော်လည်း သူ့အယူခံလွှာကို ပယ်ချခဲ့သည်။
နယ်ခြားစောင့်တပ်ဖွဲ့တွေဟာ အရုပ်မထည့်သည့် ပုံးအတွင်းမှ အစတစ်ခုထိုးထွက်နေတာကို တွေ့မြင်သွားပြီး စစ်ဆေးခဲ့ကြသည်။ ဒါဇင်နဲ့ချီတဲ့ အရုပ်တွေ တွေ့ရှိခဲ့ကြသည်။
ကျူနာကိုစစ်ဆေးတဲ့အခါ အသက်မပြည့်သေးသူ ၁၆ နှစ်အောက် ကလေးငယ်များရဲ့ ဓာတ်ပုံ ၃၃၀ ၀၀ ကျော်ကိုလည်း တွှေ့ရိခဲ့သည်။ ရဲအချုပ်ခန်းထဲတွင် ကျူနာက သူ့အရုပ်မအတွက် အဝတ်အစားဝယ်ခဲ့တာကိုလည်း ဝန်ခံခဲ့သည်။ အရုပ်မကို သူ့ရဲ့ဇနီးမယားအဖြစ် အသုံးပြုဖို့ ဝယ်ယူထားခြင်းဖြစ်ကြောင်းလည်း ဝန်ခံသည်။
သူ့ဘက်က ရှေ့နေတွေကတော့ ဒီအမှှုမှာ ကျူနာရဲ့ လိင်အရုပ်မဟာ တကယ်ပဲ ညစ်ညမ်းသလား သေချာသုံးသပ်ပေးဖို့ တရားရုံးကို လျှောက်ထားခဲ့သည်။ သို့သော်လည်း ယင်းကိုလည်း အပယ်ချခံရသည်။
တကယ်အပြင်ကလူနှင့်တူသော စီလီကွန် လိင်အရုပ်မဟာ ၂၅ ကိလိုဂရမ် အလေးချိန်ရှိသည်။ ပေါင်တစ်ထောင်နှင့် အထက်တန်ကြေးရှိပြီး Amazon,eBay စတဲ့အွန်လိုင်းဈေးဆိုင်များက ရောင်းချလာပြီးတဲ့နောက် ယူကေနနိုင်ငံတွင်းသို့ရောက်လာကြကြောင်း အမျိုးသားမှုခင်းအကျိုးဆောင် NCA ကပြောသည်။
အရုပ်တွေအများစုကို တရုတ်နိုင်ငံ၊ ဟောင်ကောင်တို့တွင် ထုတ်လုပ်ကြသည်။ ယူကေနိုင်ငံတွင်လည်း သဘာဝလိုဖြစ်လာနေပါပြီ ဒါပေမယ့် တရားမဝင်တင်သွင်းမှုတွေကြောင့် မှုခင်းနဲ့ဆက်စပ်နေသည်။
နယ်ခြားစောင့်တပ်တွေဟာ အရုပ်ပေါင်း ၁၂၃ ရုပ်ကို တစ်နှစ်အတွင်း ဖမ်းမိခဲ့သည်။ လူ ၇ ယောက်ကိုလည်း တရာမဝင်တင်သွင်းမှုဖြင့် အရေးယူထားသည်။ ပြီးခဲ့တဲ့လကလည်း တစ်ယောက်ကို ထောင်ချခဲ့သည်။
PannPwint
ref-Dailymail
Zawgyi Version
PannPwint
ref-D
0 comments :
Post a Comment