ယာက်ျားကို နွား တစ်ကောင်အဖြစ် ပြန်လည် ကြင်နာ ခွင့်ရတဲ့ မုဆိုးမ







ယာက်ျားကို နွား တစ်ကောင်အဖြစ် ပြန်လည် ကြင်နာ ခွင့်ရတဲ့  မုဆိုးမ
ဘန်ကောက်ပို့စ်
ခတ်မဒူ၊ ဇူလိုင် - ၂၀
ကမ္ဘောဒီးယား လူမှုကွန်ယက်မှာ နောက်ဆုံး ရေပန်းစားနေတာကတော့ အသက် ၅ လအရွယ် နွားပေါက်ကလေးဟာ သေဆုံးသွားတဲ့ သူမရဲ့ ခင်ပွန်း ၀င်စားတယ်လို့ ရွာသူရွာသားတွေက ယုံကြည်ကြတယ်ဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ တစ်နှစ်ကျော်က သေဆုံးသွားခဲ့တဲ့ သူမရဲ့ ခင်ပွန်း "တိုခွတ်" နဲ့ အမူအကျင့် အလွန်တူတယ်လို့ သူမ ပြောနေတဲ့ နွားပေါက်ကလေးကို ကြည့်ဖို့အတွက် အရှေ့မြောက်ပိုင်း ခရာတီပြည်နယ်က သူမရဲ့ အိမ်ကို တစ်ရက် တစ်ရက်ကို လူပေါင်း ၁၀၀ကျော်လောက် လာရောက်နေကြတယ်လို့ ခင်ဟန်း (၇၄နှစ်) က ပြောပါတယ်။
'' အဲဒီ နွားလေးဟာ ငါ့ ခင်ပွန်းပဲလို့ ယုံကြည်တယ်၊ သူ လုပ်ဆောင်တဲ့ အရာတိုင်းက ခင်ပွန်း အသက်ရှင်စဉ်က လုပ်ဆောင်ခဲ့သလိုပဲ တစ်ထပ် တည်း တူနေတယ် " လို့ သူမက ရိုက်တာရုပ်သံ ကို ပြောပါတယ်။
နွားမလေးကို မတ်လမှာ မွေးဖွားခဲ့တာဖြစ်ပြီး လူမှုကွန်ရက်မှာ ဖော်လိုဝါ တွေကို ဆွဲဆောင်ထားနိုင်ပါတယ်။
'' နွားမလေး တစ်ကောင်က အိမ်ပေါ်ကို အခုလို တက်သွားတာကိုက လုံးဝကို သာမန် မဟုတ်ဘူးလို့ ထင်တယ်။ ဒါကြောင့် ငါ့ မျက်လုံးနဲ့ သေချာအောင်ကြည့်ဖို့ ဒီကိုလာခဲ့တာလို့ '' လို့ ဖေ့စ်ဘုတ်မှာ တွေ့တဲ့ မိသားစု တစ်ထပ်အိမ်လှေကား ကို တက်သွားတဲ့ နွားငယ်လေး ဗီဒီယိုကို ရည်ညွှန်းပြီး အသက် ၃၂ နှစ် ရှိ သပ်ခ်ျဗင်က အခုလို ပြောပါတယ်။
ပြီးတော့ နွားငယ်လေးက သစ်သားအိမ်ထဲမှာ အစာစားတယ်၊ ရေမိုးချိုး ဆေးကြောပေးပြီး တစ်ချိန်က Tol Khut အသုံးပြုခဲ့တဲ့ အမွေးပွခေါင်းအုံးနဲ့ အိပ်စေတယ်လို့ ဆိုပါတယ်။ကမ္ဘောဒီးယား မှာ ၉၅ ရာခိုင်နှုန်း က ဗုဒ္ဓ ဘာသာဝင် တွေ ဖြစ်ပြီး လူ တစ်ယောက် သေဆုံးပြီးရင် သူ့ ၀ိဥာဉ်က ပြန်ဝင်စားတယ်လို့ အများစုက ယုံကြည်ကြပါတယ်။
'' ငါ သူ့ကို ခေါ်ထားပြီးတော့ ငါ့ တစ်ဘ၀လုံး သူ့ကို စောင့်ရှောက်မယ် '' လို့ ခင်ဟန်း က ပြောပါတယ်။
NZT
(Opinion Leaders Media)

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...