ဖောက်ပြန်တဲ့ဇနီးဖြစ်သူနဲ့ ကွာရှင်းဖို့ ပိုင်ဆိုင်တဲ့ပစ္စည်းများကို တစ်ဝက်စီခြမ်းယူ
ဂျာမနီနိုင်ငံနိုင်ငံမှ လင်မယားနှစ်ဦးတွင် ဇနီးဖြစ်သူက ဖောက်ပြန်ကာ ယောက်ျားဖြစ်သူကိုလိမ်ညာခဲ့သည်။ ဒါကို ယောက်ျားဖြစ်က သိသွားတဲ့အခါ ဇနီးက ကွာရှင်းဖို့တောင်းဆိုသည်။ တရားရုံးရောက်သွားပြီး တရားရုံးက လင်မယားနှစ်ယောက်ပိုင်ဆိုင်သော ပစ္စည်းများကို တစ်ဝက်စီခြမ်းကာ ခွဲယူကြဖို့ ဥပဒေနှင့်အညီ အမိန့်ချမှတ်ခဲ့သည်။
မိန်းမဖြစ်သူက ဖောက်ပြန်ပြီး ကွာရှင်းဖို့ထိ ပြုလုပ်ခဲ့သော်လည်း ယောက်ျားပင်ပန်းစွာ ရှာဖွေခဲ့ရသော ပစ္စည်းများကိုလည်း တစ်ဝက်ရဦးမည် အခြေအနေဖြစ်သည်။ ယောက်ျားခမျာ အင်မတန် စိတ်တို ဒေါသထွက်ခဲ့ရသည်။ ဒါပေမယ့် သူဟာ ဥပဒေအတိုင်းပဲ လုပ်ဖို့ဆုံးဖြစ်လိုက်သည်။
စက်လွှတစ်ခုကို ထုတ်ယူကာ အိမ်တွင် ရှိသမျှပစ္စည်းတိုင်းကို တစ်ခြမ်းစီ ဖြတ်လိုက်သည်။ သူ့ဇနီးကို တစ်ခြမ်းတွေ ပေးကာ သူက အခြားတစ်ခြမ်းများယူသည်။ တရားရုံးက အမိန့်ချတဲ့ အတိုင်းပြုလုပ်ခြင်းဖြစ်ပြီး တစ်နည်းအားဖြင့် ဖောက်ပြန်တဲ့ သူ့မိန်းမကို ပညာပေးရသည့်အတွက် သူကျေနပ်သည်ဟု ဆိုသည်။
စိတ်တို ဒေါသထွက်နေတဲ့ ယောက်ျားဖြစ်သူဟာ သူလက်လှမ်းမှီသမျှ တယ်လီဖုန်းမှစပြီး တီဗွီနှင့် အခြားပစ္စည်းများထိ စက်လွှဖြင့် တိုက်ဖြတ်ခဲ့သည်။ သူ့မိန်းမကို မကျေနပ်စိတ်များဖြင့် သူတို့နှစ်ယောက်ရဲ့ ကုဋင်ပါမကျန် ပရိဘောဂပစ္စည်းများကိုလည်း ဖြတ်တောက်သည်။
လက်တော့ပ်ကွန်ပျူတာ တစ်လုံးကိုလည်း ထက်ခြမ်းခွဲခဲ့ပြီး စက်ဘီးကိုလည်း တစ်ဘီးစီဖြစ်အောင် ဖြတ်လိုက်သည်။ တစ်ချိန်က အမှတ်တရဖြစ်ဖွယ် ဝက်ဝံရုပ်ကလေးပါမကျန် တစ်ခြမ်းခွဲဖြတ်သည်။
အတော်ကို စိတ်ကြီးတဲ့ ၎င်းဂျာမဏီနိုင်ငံသားဟာ နောက်ဆုံး သူ့တို့ပိုင်ဆိုင်တဲ့ ကားကိုပါ တစ်ပိုင်းစီဖြတ်ခဲ့သည်။ မယုံနိုင်စရာပါပဲ။ စိတ်ခံစားချက် အင်မတန် ပြင်းထန်တဲ့အတက် ရှုးသွပ်သည့်ပုံစံ ဖြစ်ခဲ့သည်။
PannPwint
ref-rachfeed.com
PannPwint
ref-rachfeed.com
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...