ကျွန်တော်တို့ဟာ အချစ်စစ်အကြောင်းစဉ်းစားတဲ့အခါမှာ တွေဝေနေတတ်ကြပါတယ်။ အဲဒါဟာ တကယ်ရှိနိုင်ပါသလား။ ပြသနာအားလုံးကို ကျော်လွှားသွားနိုင်တဲ့ အချစ်စစ်လေ။ တကယ်တော့ ချစ်ဇာတ်လမ်းဆိုတာ ချစ်နေရုံနဲ့ မပြီးသေးပါဘူး။ သင်ဟာ အားလုံးကို ကြောင်နေမယ့်အစား အောက်ပါအချက်မျိုးတွေ ပြည့်စုံတဲ့ မိန်းကလေးကို ရှာလိုက်ရင် သင့်ရဲ့ ချစ်ဇာတ်လမ်းဟာ အရမ်းပျော်စရာကောင်းနေမှာပါ။ ချစ်ဇာတ်လမ်းအောင်မြင်ဖို့ အဓိကအချက် ၁၀ ချက်ကို ကြည့်လိုက်ပါ။
၁၀. သူမက တစ်ကိုယ်ထဲ ရပ်တည်နိုင်ပါတယ်
ဘယ်သူမှ ကလေးထိန်းနေဖို့ ချစ်ဇာတ်လမ်းမရှာပါဘူး။ သူမ အခက်အခဲ ကြုံနေရရင်တော့ သင့်ပခုံးပေါ်မှာ ငိုကြွေးချင်မှာပါ။ ဒါပေမယ့် သင်မရှိပဲ မနေနိုင်တဲ့ ပုံစံမျိုး ဖြစ်နေရင်တော့ သင် အရမ်းပင်ပန်းလာပါလိမ့်မယ်။ ထွက်ပေါက်ရှာပါလိမ့်မယ်။ တစ်ကိုယ်ထဲ ရပ်တည်နိုင်တာဟာ ပျော်စရာချစ်ဇာတ်လမ်းတွေအတွက် အရေးကြီးပါတယ်။
၉. သူမက တော်ပါတယ်
ရိုးရိုးတုံးတုံး အမျိုးသမီးတွေကို ကြိုက်တဲ့ခေတ် ကုန်ပါပြီ။ သင်နဲ့ ဉာဏ်ရည်တူတဲ့ အမျိုးသမီးကသာ သင့်ကို ဆွဲဆောင်နိုင်မှာပါ။ တော်တဲ့ မိန်းမတစ်ယောက်ဟာ သင့်အတွက် အံ့ဩစရာတွေ အမြဲ လုပ်ပေးနေနိုင်ပါတယ်။ သင့်ကို ဘယ်တော့မှ ပျင်းစေမှာ မဟုတ်ပါဘူး။
၈. သူမက တော်သင့်သလောက် ထန်ပါတယ်
ဘဝအဖော်ကောင်းတစ်ယောက်ဟာ သင်နဲ့ လိင်ပိုင်းဆိုင်ရာ ဘက်ညီနေမှ ရမှာပါ။ သင်က ထန်မျိုးဖြစ်နေပြီး သူမက အရမ်းရှက်တတ်တယ်ဆို အဲဒါ ပြသနာပါ။ သင်တို့နှစ်ယောက်ဟာ တစ်ယောက်အလိုကို တစ်ယောက်လိုက်ပေးနိုင်ရပါမယ်။ သင်တို့နှစ်ယောက် အိပ်ရာဇာတ်ပွဲ ကောင်းကောင်းကျင်းပနိုင်ရပါမယ်။
၇. သူမကို သင် စွဲနေပါတယ်
ဒါက အရေးကြီးတာ ထင်ရှားပါတယ်။ ရည်းစားကောင်းတစ်ယောက်ဖြစ်ဖို့က သင့်ကို ဆွဲဆောင်နိုင်ရပါမယ်။ သူမနဲ့တူတူနေရတာကို သင် ဂုဏ်ယူနေရပါမယ်။ သင်တို့နှစ်ယောက်က လိုက်ဖက်တယ်ဆိုတာ သိရပါမယ်။
၆.သူမက သင့်ကို လေးစားပါတယ်
ဒါအရေးကြီးပါတယ်။ သင့်ရည်းစားက သင့်ကို လေးစားနေရပါမယ်။ သင်တို့နှစ်ယောက် ငြင်းခုံနေရင်တောင်သင့်စကားကို လေးလေးစားစား နားထောင်နေရပါမယ်။ ရည်းစားကောင်းတစ်ယောက်ဟာ သင့်ကိာ လူလည်ခေါင်မှာ အရှက်ရအောင် မလုပ်ပါဘူး။ သင့်အမြင်ကနေ ကြည့်နိုင်အောင် ကြိုးစားပါလိမ့်မယ်။ အရေးကြီးတာက သင်လည်း သူမကို ပြန်လေးစားပေးဖို့ပါ။
၅. သင့်ကို ဦးဆောင်ခိုင်းပါတယ်
သင့်ကို လွှမ်းမိုးချုပ်ချယ်ပြီး သင့်သူငယ်ချင်းတွေနဲ့ ဘီယာဆိုင်မထိုင်ခိုင်းတဲ့ အမျိုးသမီးတွေနဲ့ မပါတ်သတ်ပါနဲ့။ ရည်းစားကောင်းဆိုတာ သင်စိတ်ကြိုက်နေခိုင်းရင်းနဲ့ သင့်ကို စောင့်ရှောက်တတ်ပါတယ်။ သင့်သူငယ်ချင်းတွေကို အိမ်ခေါ်ပြီး ဘီယာသောက်ခိုင်းရင်း အမြည်းတောင် လုပ်ပေးဦးမှာပါ။
၎. အကြောင်းမရှိပဲ မရစ်ပါဘူး
သူ့ကောင်မလေးကရစ်လို့ အကျင့်ပြင်သွားတဲ့ ကောင် မတွေ့ဖူးသေးပါဘူး။ ရည်းစားကောင်းတွေဟာ အဲဒါကို သိပြီး မရစ်တတ်ကြပါဘူး။ ဘယ်ချိန် စိတ်ကောက်ရမယ်။ ဘယ်ချိန် ပြန်ပျော့ရမယ်ဆိုတာ သိကြပါတယ်။ သင်တို့နှစ်ယောက် တူတူနေကြပြီး သင်က သူ့ကို ဖုန်းမဆက်ပဲ တစ်ညလုံးပျောက်နေမယ်ဆိုရင်တော့ သင်က ပြသနာရှာတာပါပဲ။ ဘယ်တော့မှ သင့်ရည်းစားကို အဲဒိလို မဆက်ဆံပါနဲ့။
၃. သင့်သူငယ်ချင်း၊ မိသားစုနဲ့ အဆင်ပြေပါတယ်
ရည်းစားကောင်းတစ်ယောက်ဟာ သင့်ပါတ်ဝန်းကျင်ကသူတွေကို သိရဖို့ ကြိုးစားပါလိမ့်မယ်။ သင့်မိဘတွေကို လာကူတာမျိုး၊ သင့်သူငယ်ချင်းတွေကို သိချင်တာမျိုး ရှိပါလိမ့်မယ်။ သင့်ညီမတွေ မိန်းမသဘာဝ အခက်အခဲတွေ့နေရရင်လဲ ကူညီချင်ကြပါတယ်။ သင့်သူငယ်ချင်းတွေက ဝိုင်းထဲ သင့်ရည်းစားခေါ်လာမယ်ဆို စိတ်မငြိုင်ြကြပါဘူး။
၂. သင့်ကို ချစ်ပါတယ်
သင်ဟာ သင့်အောင်မြင်မှုနဲ့ စီးပွားကို ချစ်တာမဟုတ်ပဲ သင့်ကိုပဲ ချစ်တဲ့ မိန်းမတစ်ယောက်တွေ့ရင် သူမကို လက်မလွှတ်သင့်ပါဘူး။ လူတိုင်းမှာ စိတ်ပျက်စရာ အကျင့်တွေတော့ ရှိမှာပါ။ ဒါပေမယ့် ချစ်တဲ့သူတွေက အဲဒါတွေကို ခွင့်လွှတ်ပေးနိုင်ပါတယ်။ သင့်ကို ဘယ်လိုနေ့တိုင်း ကြည့်လဲ၊ ဆက်ဆံလဲဆိုတာကနေ သင့်ကို တကယ်ချစ်မချစ် သိနိုင်ပါတယ်။ သင် သူ့ကို ထင်မှတ်မထားချိန်မှာ ဖုန်းခေါ်လိုက်တာ သူမအရမ်းပျော်သွားမယ်ဆို သင့်ကို ချစ်နေတာ သေချာပါတယ်။
၁. သင့်ကိုယ်သင် ကြိုးစားချင်လာအောင် တွန်းအားပေးနိုင်ပါတယ်
ရည်းစားကောင်းရှိတဲ့သူတိုင်းဟာ သူတို့ရည်းစားက သူတို့ကို ကြိုးစားအလုပ်လုပ်ချင်စိတ် ပေါက်လာအောင် လုပ်ပေးနိုင်တယ်လို့ ဂုဏ်ယူစွာ ပြောလေ့ရှိပါတယ်။ သူမက ဘာမှ ပြောဖို့ မလိုပါဘူး။ သင့်ဘာသာ အဲဒိလို ခံစားလာရတာပါ။ သင်တို့နှစ်ယောက် အနာဂါတ်ကို တွေးမိပြီး အဲ့အတွက် ကြိုးစားချင်စိတ် ပေါက်လာစေရင် သင်သူ့ကို အရမ်းချစ်တာပါပဲ။
Credit:Gentleman Magazine
Subscribe to:
Post Comments
(
Atom
)
Loading...
0 comments :
Post a Comment