က်န္းမာသန္စြမ္းၿပီး ဖ်က္လက္တက္ၾကြေနတဲ့ သံုးႏွစ္ သမီးေလး သြားဆရာ၀န္စီျပတာ မိနစ္ ၃၀ အၾကာမွာ ေသဆံုး

အသက္ 3 ႏွစ္အရြယ္သာ ရွိေသးတဲ့ Daleyza Avila-Hernandez အမည္ရ ကေလးမေလးဟာ သြားႏွစ္ေခ်ာင္း ႏႈတ္ဖုိ႔ရွိတဲ့အတြက္ မိဘေတြဟာ ကယ္လီဖုိးနီးယား၊ Stockton မွာ တည္ရွိတဲ့ Children’s Dental Surgery Centre သြားဆရာ၀န္ဆီကို သြားေရာက္ျပသခဲ့ပါတယ္။

သြားေဆးခန္း ျပင္ပမွာတပ္ဆင္ထားတဲ့ CCTV မွ ဖမ္းယူရရွိထားတဲ့ ဗြီဒီယုိထဲမွာလည္း Avila ဟာ က်န္းမာသန္စြမ္းၿပီး၊ ဖ်က္လက္တက္ၾကြေနတာကို ေတြ႕ရွိခဲ့ရေပမယ့္၊ သြားႏႈတ္ကုသမႈခံယူခ်ိန္ မိနစ္ 30 အတြင္းမွာ Avila ဟာ ေသဆုံးခဲ့ပါတယ္။ ဒီအတြက္ မိခင္ဖခင္ႏွစ္ဦးဟာ အလြန္ေၾကကြဲေနၾကရၿပီး၊ ဘယ္လုိမွ ထင္မွတ္မထားခဲ့ဘူးလုိ႔ ဆုိပါတယ္။

မိခင္ Araceli Avila က ” ကၽြန္မတုိ႔က ကေလးကုိ သြားေဆးခန္းမွာ သြားႏႈတ္မယ္ဆုိၿပီး ျပသခဲ့တာပါ .. မိနစ္ 30 ေလာက္ ၾကာေတာ့ကေလးအေလာင္းပဲ ရေတာ့တယ္ “လုိ႔ ငုိယုိညည္းတြားခဲ့ပါတယ္။ ကေလးမေလးဟာ ကုသေနခ်ိန္ အေတာအတြင္းမွာ သတိလစ္သြားခဲ့ၿပီး၊ လူနာတင္ကား ခ်က္ခ်င္း ေခၚခဲ့ရပါတယ္။ ကေလးမေလးတစ္ခုခု ျဖစ္တယ္ဆုိတာကိုလည္း သြားဆရာ၀န္က ရွင္းျပျခင္းမရွိဘဲ၊ သူ႕ဘာသာသူ လူနာတင္ကား ေခၚခဲ့တာပါ။

Araceli က ” လူနာတင္ကားေရာက္လာေတာ့ ဘာလဲဆုိၿပီး လင္မယားႏွစ္ေယာက္ ၾကည့္ေနေသးတယ္ … ေနာက္ သူတုိ႔ ေပြ႕လာတာက က်မတုိ႔ သမီးေလးျဖစ္ေနတယ္ … “လုိ႔ ေျပာခဲ့ပါတယ္။ ေဆးခန္းတာ၀န္ခံ David Thompson က ” ဒါက ရွင္းျပရခက္ပါတယ္ … က်ေနာ္တုိ႔ ဒီေဆးခန္း ဖြင့္ထားရျခင္းရဲ႕ ရည္ရြယ္ခ်က္က ကေလးေတြကို ကူညီေပးဖုိ႔ပါ … က်ေနာ့္ လုပ္သက္ ဆယ္ႏွစ္မွာ တစ္ခါမွ ဒီလုိ အေသအေပ်ာက္ မျဖစ္ခဲ့ဖူးပါဘူး “လုိ႔ ဆုိပါတယ္။

READ  3D Print နည္းပညာနဲ႔ထုတ္လုပ္ထားတဲ့ Adidas ဖိနပ္
ေဆးဘက္ဆုိင္ရာ ကၽြမ္းက်င္သူတစ္ေယာက္ရဲ႕ သုံးသပ္ခ်က္မွာေတာ့ Avila မွာ Underlying disease (ငုပ္လွ်ိဳးေနတဲ့ ႏွလုံးနဲ႔ပတ္သက္တဲ့ေရာဂါ) ရွိပုံရေၾကာင္း၊ ဒါေၾကာင့္ ကုသစဥ္မွာ အသုံးျပဳတဲ့ ေဆးေၾကာင့္ Shock ျဖစ္ကာ ႏွလုံးခုန္ရပ္သြားပုံ ရွိတယ္လုိ႔ ဆုိထားပါတယ္။

ဒါေပမယ့္ မိခင္ျဖစ္သူကေတာ့ ကၽြမး္က်င္သူရဲ႕အဆုိကို သေဘာမတူပဲ၊ မည့္သည့္ေရာဂါမွ မရွိခဲ့ေၾကာင္း၊ သူမတုိ႔ သမီးမွာ ပုံမွန္အားျဖင့္ အလြန္က်န္းမာသူျဖစ္ေၾကာင္း ဆုိပါတယ္။ ဒါ့အျပင္ အျခားကေလးမိခင္မ်ားအေနနဲ႔လည္း ဒီလုိ မႀကဳံေတြ႕ရ ေစလုိေၾကာင္း သတိေပးခဲ့ပါတယ္။ ယခုျဖစ္ရပ္ေၾကာင့္ တရားဥပေဒအရ မည္သုိ႔မည္ပုံ ေဆာင္ရြက္မည္ဆုိတာကိုေတာ့ ေဖာ္ျပထားျခင္း မရွိပါဘူး။

Credit – http://www.searchmyanmar.com/link/comment/cid/64414
အသက် 3 နှစ်အရွယ်သာ ရှိသေးတဲ့ Daleyza Avila-Hernandez အမည်ရ ကလေးမလေးဟာ သွားနှစ်ချောင်း နှုတ်ဖို့ရှိတဲ့အတွက် မိဘတွေဟာ ကယ်လီဖိုးနီးယား၊ Stockton မှာ တည်ရှိတဲ့ Children’s Dental Surgery Centre သွားဆရာဝန်ဆီကို သွားရောက်ပြသခဲ့ပါတယ်။

သွားဆေးခန်း ပြင်ပမှာတပ်ဆင်ထားတဲ့ CCTV မှ ဖမ်းယူရရှိထားတဲ့ ဗွီဒီယိုထဲမှာလည်း Avila ဟာ ကျန်းမာသန်စွမ်းပြီး၊ ဖျက်လက်တက်ကြွနေတာကို တွေ့ရှိခဲ့ရပေမယ့်၊ သွားနှုတ်ကုသမှုခံယူချိန် မိနစ် 30 အတွင်းမှာ Avila ဟာ သေဆုံးခဲ့ပါတယ်။ ဒီအတွက် မိခင်ဖခင်နှစ်ဦးဟာ အလွန်ကြေကွဲနေကြရပြီး၊ ဘယ်လိုမှ ထင်မှတ်မထားခဲ့ဘူးလို့ ဆိုပါတယ်။

မိခင် Araceli Avila က ” ကျွန်မတို့က ကလေးကို သွားဆေးခန်းမှာ သွားနှုတ်မယ်ဆိုပြီး ပြသခဲ့တာပါ .. မိနစ် 30 လောက် ကြာတော့ကလေးအလောင်းပဲ ရတော့တယ် “လို့ ငိုယိုညည်းတွားခဲ့ပါတယ်။ ကလေးမလေးဟာ ကုသနေချိန် အတောအတွင်းမှာ သတိလစ်သွားခဲ့ပြီး၊ လူနာတင်ကား ချက်ချင်း ခေါ်ခဲ့ရပါတယ်။ ကလေးမလေးတစ်ခုခု ဖြစ်တယ်ဆိုတာကိုလည်း သွားဆရာဝန်က ရှင်းပြခြင်းမရှိဘဲ၊ သူ့ဘာသာသူ လူနာတင်ကား ခေါ်ခဲ့တာပါ။

Araceli က ” လူနာတင်ကားရောက်လာတော့ ဘာလဲဆိုပြီး လင်မယားနှစ်ယောက် ကြည့်နေသေးတယ် … နောက် သူတို့ ပွေ့လာတာက ကျမတို့ သမီးလေးဖြစ်နေတယ် … “လို့ ပြောခဲ့ပါတယ်။ ဆေးခန်းတာဝန်ခံ David Thompson က ” ဒါက ရှင်းပြရခက်ပါတယ် … ကျနော်တို့ ဒီဆေးခန်း ဖွင့်ထားရခြင်းရဲ့ ရည်ရွယ်ချက်က ကလေးတွေကို ကူညီပေးဖို့ပါ … ကျနော့် လုပ်သက် ဆယ်နှစ်မှာ တစ်ခါမှ ဒီလို အသေအပျောက် မဖြစ်ခဲ့ဖူးပါဘူး “လို့ ဆိုပါတယ်။

READ  3D Print နည်းပညာနဲ့ထုတ်လုပ်ထားတဲ့ Adidas ဖိနပ်
ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတစ်ယောက်ရဲ့ သုံးသပ်ချက်မှာတော့ Avila မှာ Underlying disease (ငုပ်လျှိုးနေတဲ့ နှလုံးနဲ့ပတ်သက်တဲ့ရောဂါ) ရှိပုံရကြောင်း၊ ဒါကြောင့် ကုသစဉ်မှာ အသုံးပြုတဲ့ ဆေးကြောင့် Shock ဖြစ်ကာ နှလုံးခုန်ရပ်သွားပုံ ရှိတယ်လို့ ဆိုထားပါတယ်။

ဒါပေမယ့် မိခင်ဖြစ်သူကတော့ ကျွမး်ကျင်သူရဲ့အဆိုကို သဘောမတူပဲ၊ မည့်သည့်ရောဂါမှ မရှိခဲ့ကြောင်း၊ သူမတို့ သမီးမှာ ပုံမှန်အားဖြင့် အလွန်ကျန်းမာသူဖြစ်ကြောင်း ဆိုပါတယ်။ ဒါ့အပြင် အခြားကလေးမိခင်များအနေနဲ့လည်း ဒီလို မကြုံတွေ့ရ စေလိုကြောင်း သတိပေးခဲ့ပါတယ်။ ယခုဖြစ်ရပ်ကြောင့် တရားဥပဒေအရ မည်သို့မည်ပုံ ဆောင်ရွက်မည်ဆိုတာကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။

Credit – http://www.searchmyanmar.com/link/comment/cid/64414

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...