Zawgyi Version
ဖိလစ္ပိုင္ႏိုင္ငံ အလယ္ပိုင္း စီဘူၿမိဳ႕ကေလးရွိ ဘာရန္ေဂမီးပြိဳင္႔တြင္ ေမာ္ေတာ္ပီကယ္တစ္ေယာက္ဟာ လက္မသန္စြမ္း၊ ေျခေထာက္ႏွစ္ဖက္လံုး မပါေသာ္လည္း တည္ၾကည္စြာျဖင့္ ေမာ္ေတာ္ပီကယ္ အလုပ္ကို လုပ္လွ်က္ရွိသည္။
အသက္ ၅၉ ႏွစ္ရွိၿပီျဖစ္တဲ့ မဂ္ဒလီႏို္ဟာ မနက္ ၆ နာရီမွ ည ၆ နာရီရီအထိ ေန႔တုိင္း မျပတ္ထိုလမ္းဆံုေလးတြင္ ရွိသည္။ ဒါေပမယ့္လည္း သူ႔အတြက္ နားခ်ိန္ သက္သက္ ႏွစ္ခ်ိန္ေပးပါေသးသည္။
မဂ္ဒလီနိုဟာ ေမာ္ေတာ္ပီကယ္လက္အိပ္ ၀တ္ဆင္လ်ွက္ လမ္းျပသည္။ ၿမိဳ႕ကေလးရဲ့ အႀကီးအကဲကလည္း သူဟာ မဂဂ္ဒလီႏိုကို ဘာလို႔အလုပ္ေပးရသလဲဆိုတာ ရွင္းျပသည္။ ေမာ္ေတာ္ပီကယ္ မသံုးေသး ေနရာေလးမွာ ကားေတြက တစ္ေန႔တျခားၾကပ္လာတဲ့အတြက္ သူ႔ကို အလုပ္တစ္ေနရာေပးလိုက္ေၾကာင္း သိရသည္။
မေကာင္းတဲ့အခ်က္ကေတာ့ သူလုပ္အားစိုက္ရတာနဲ႔ ရတဲ့လစာက တန္တယ္လို႔ေျပာလို႔မရပါဘူး။ သူ႔မွာ တစ္ေနကုန္ လုပ္ရသည္။ တစ္ခါတစ္ေလ ေနပူျခစ္ျခစ္ေတာက္ ေအာက္မွာ အပူခံရ၊ တခါတေလက်ေတာ့ မိုးေတြစိုစြတ္တဲ့ ဒဏ္ကို ခံရပါတယ္။
သူရတာက တစ္လမွ ဖိလစ္ပိုင္ ပီဆို ၂၀၀၀၊ (ျမန္မာေငြ ေလာေလာဆယ္ေပါက္ေစ်းျဖင့္ ၅၃၆၀၀) သာရွိသည္။ မျဖစ္စေလာက္ လစာလို႔ ေျပာရမည္ျဖစ္သည္။
ဒါေပမယ့္ သူ႔မွာ မိန္းမလည္းမရွိ၊ ေကြၽးေမြးရမည့္ သားသမီးလည္းမရွိေပ။ သူ႔ရဲ့ အ၀တ္အစားေတြေလွ်ာ္ေပး၊ ခ်က္ျပဳတ္ေပးတဲ့ တူမတစ္ေယာက္သာရွိသည္။ သူကေတာ့ ဒီေငြေတြက သူတို႔အတြက္ လံုေလာက္သည္ ဟုဆိုသည္။
သူက လစာထုတ္လွ်င္ တူမကို ပီဆို ၂၀၀ ေပးၿပီး ၅၀၀ ကို လိုအပ္လွ်င္သံုးဖို႔စုကာ က်န္တာကိုသာ တစ္လစာအတြက္ ျဖစ္သလိုသံုးစဲြသည္။ ခုေတာ့ အေရးေပၚလိုအပ္လွ်င္သံုးစဲြဖို႔ သူစုထားတာ ဘဏ္အေကာင့္ထဲတြင္ ပီဆို ၁၀၀၀ ေရာက္သြားၿပီျဖစ္သည္။
ျမိဳ႕ငယ္ေလးမွ ဘာရန္ေဂးမီးပြိဳင့္ကိုေရာက္တိုင္း သူ႔ကိုျမင္တဲ့ယာဥ္ေမာင္းေတြဟာ သနားျခင္း၊ ေလးစားျခင္းမ်ား ျဖစ္ေပၚၾကရသည္။ ခႏၶာကိုယ္မသန္စြမ္းပဲ ပင္ပင္ပန္းပန္းလုပ္ေနရတဲ့ သူ႕ကိုၾကည့္ၿပီး အမ်ားစုက စိတ္မေကာင္းၾကေပ။ တခ်ိဳ႕ကေတာ့ သူ႔အျဖစ္ကိုၾကည့္ၿပီး ကိုယ္ဟာသူ႔ထက္ ဘ၀ေကာင္းပါလားလို႔ ေတြးကာ စိတ္အားျဖစ္ရေၾကာင္း ေျပာၾကသည္။
ဗီြဒီယိုဖိုင္ကို ၾကည့္ရွုခံစားေပးပါ ။
PannPwint
ref-rachfeed.com
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း စီဘူမြို့ကလေးရှိ ဘာရန်ဂေမီးပွိုင့်တွင် မော်တော်ပီကယ်တစ်ယောက်ဟာ လက်မသန်စွမ်း၊ ခြေထောက်နှစ်ဖက်လုံး မပါသော်လည်း တည်ကြည်စွာဖြင့် မော်တော်ပီကယ် အလုပ်ကို လုပ်လျှက်ရှိသည်။
အသက် ၅၉ နှစ်ရှိပြီဖြစ်တဲ့ မဂ်ဒလီနိုဟာ မနက် ၆ နာရီမှ ည ၆ နာရီရီအထိ နေ့တိုင်း မပြတ်ထိုလမ်းဆုံလေးတွင် ရှိသည်။ ဒါပေမယ့်လည်း သူ့အတွက် နားချိန် သက်သက် နှစ်ချိန်ပေးပါသေးသည်။
မဂ်ဒလီနိုဟာ မော်တော်ပီကယ်လက်အိပ် ဝတ်ဆင်လျှက် လမ်းပြသည်။ မြို့ကလေးရဲ့ အကြီးအကဲကလည်း သူဟာ မဂဂ်ဒလီနိုကို ဘာလို့အလုပ်ပေးရသလဲဆိုတာ ရှင်းပြသည်။ မော်တော်ပီကယ် မသုံးသေး နေရာလေးမှာ ကားတွေက တစ်နေ့တခြားကြပ်လာတဲ့အတွက် သူ့ကို အလုပ်တစ်နေရာပေးလိုက်ကြောင်း သိရသည်။
မကောင်းတဲ့အချက်ကတော့ သူလုပ်အားစိုက်ရတာနဲ့ ရတဲ့လစာက တန်တယ်လို့ပြောလို့မရပါဘူး။ သူ့မှာ တစ်နေကုန် လုပ်ရသည်။ တစ်ခါတစ်လေ နေပူခြစ်ခြစ်တောက် အောက်မှာ အပူခံရ၊ တခါတလေကျတော့ မိုးတွေစိုစွတ်တဲ့ ဒဏ်ကို ခံရပါတယ်။
သူရတာက တစ်လမှ ဖိလစ်ပိုင် ပီဆို ၂၀၀၀၊ (မြန်မာငွေ လောလောဆယ်ပေါက်ဈေးဖြင့် ၅၃၆၀၀) သာရှိသည်။ မဖြစ်စလောက် လစာလို့ ပြောရမည်ဖြစ်သည်။
ဒါပေမယ့် သူ့မှာ မိန်းမလည်းမရှိ၊ ကျွေးမွေးရမည့် သားသမီးလည်းမရှိပေ။ သူ့ရဲ့ အဝတ်အစားတွေလျှော်ပေး၊ ချက်ပြုတ်ပေးတဲ့ တူမတစ်ယောက်သာရှိသည်။ သူကတော့ ဒီငွေတွေက သူတို့အတွက် လုံလောက်သည် ဟုဆိုသည်။
သူက လစာထုတ်လျှင် တူမကို ပီဆို ၂၀၀ ပေးပြီး ၅၀၀ ကို လိုအပ်လျှင်သုံးဖို့စုကာ ကျန်တာကိုသာ တစ်လစာအတွက် ဖြစ်သလိုသုံးစွဲသည်။ ခုတော့ အရေးပေါ်လိုအပ်လျှင်သုံးစွဲဖို့ သူစုထားတာ ဘဏ်အကောင့်ထဲတွင် ပီဆို ၁၀၀၀ ရောက်သွားပြီဖြစ်သည်။
မြို့ငယ်လေးမှ ဘာရန်ဂေးမီးပွိုင့်ကိုရောက်တိုင်း သူ့ကိုမြင်တဲ့ယာဉ်မောင်းတွေဟာ သနားခြင်း၊ လေးစားခြင်းများ ဖြစ်ပေါ်ကြရသည်။ ခန္ဓာကိုယ်မသန်စွမ်းပဲ ပင်ပင်ပန်းပန်းလုပ်နေရတဲ့ သူ့ကိုကြည့်ပြီး အများစုက စိတ်မကောင်းကြပေ။ တချို့ကတော့ သူ့အဖြစ်ကိုကြည့်ပြီး ကိုယ်ဟာသူ့ထက် ဘဝကောင်းပါလားလို့ တွေးကာ စိတ်အားဖြစ်ရကြောင်း ပြောကြသည်။
ဗွီဒီယိုဖိုင်ကို ကြည့်ရှုခံစားပေးပါ ။
PannPwint
ref-rachfeed.com
0 comments :
Post a Comment