Zawgyi Version
ရန်ကုန်ဓါတ်ခွဲခန်း
''
ရန်ကုန်မြို့မှ စတင်တွေ့ရှိခဲ့ပြီး ယခုအခါ အခြားမြို့များသို့ တဖြည်းဖြည်းချင်း ပျံ့နှံ့ရောက်ရှိလာသော H1 N1 ရောဂါပိုဟာ မြန်မာပြည်ကို ချိန်းခြောက်လျှက်ရှိသည်။ ယခုအခါ မန္တလေး ဆေးရုံကြီးတွင်လည်း ၎င်းရော သံသယလူနာ နှစ်ဦးရောက်ရှိလာကြောင်းသတင်းကြားရသည်။ ပရဟိတလုပ်ငန်းများ လုပ်ကိုင်ကာ ဖေ့ဘုတ်ကို ကောင်းမွန်စွာအသုံးပြုသူ စိုင်းနေမျိုးမောင်မောင် ဆိုသည့်အကောင့်မှ ယင်းသတင်းကို အတည်ပြုထားသည်။
''မန္တလေးဆေးရုံကြီးမှာ H1 N1 သံသယလူနာနှစ်ယောက်ရောက်ရှိနေတယ်ဆိုတာဟုတ်ပါတယ်။
အရမ်းကြီးလဲမစိုးရိမ်ကြပါနဲ့ သံသယအဆင့်မှာပဲရှိပါသေးတယ် ။
ရန်ကုန်ဓါတ်ခွဲခန်း
ကိုလိုအပ်သည်များပေးပို့စစ်ဆေးအတည်ပြုပြီးမှ သေချာမှာပါ။
သေချာယင် သက်ဆိုင်ရာတာဝန်ရှိသူများက သတင်းထုတ်ပြန်ပါလိမ့်မည်။
သံသယလူနာကို PPE ဝတ်စုံဝတ်ဝန်ထမ်းနှစ်ဦး အရေးပေါ်ကားပေါ်သယ်မစဉ် မနိုင်မနင်းဖြစ်နေ၍ မကူညီရဲလို့ ကြည့်နေမိသောလဲ စိတ်ကမနေနိုင် ပြေး၍သွားကူညီမိပါသည်။
Mask 95 တော့ပါပါသည် လက်အိတ်တော့မပါ အခုတော့ ကားထဲမှာ hand gel
နဲ့လက်ကိုသေချာဆေးနေပါသည်။
ဘာပဲဖြစ်ဖြစ် ပြည်သူများအပြင်သွားယင်Mask များမဖြစ်မနေတပ်ကြပါ။ ကျန်းမာရေးဝန်ကြီးဌာနက
လဲ သတင်းများထုတ်ပြန်ပေးပါလိမ့်မည်။
စိုင်းနေမျိုးမောင်မောင်
''
ယခုအခါ တောင်ပြုံးပွဲ ရာသီဖြစ်သဖြင့် မန္တလေးသည် လူဝင်လူထွက် အင်မတန်များပြားလျှက် ရှိရာ ကပ်ရောဂါအသွင် ဖြစ်ပွားနေတဲ့ အခြေအနေနှင့် ရင်ဆိုင်နေရသဖြင့် တောင်ပြုံပွဲကို ရက်အကန့်အသက်မရှိ ရွေ့ဆိုင်းလိုက်ကြောင်း သတင်းများလည်းကြားရသည်။ မန္တလေးတိုင်း ဝန်ကြီးချုပ်၏ ဒီနေ့ဖြေကြားချက်တွင်ပါဝင်သည်။ တောင်ပြုံပွဲလို နေရာမျိုးဟာ ခုလိုအချိန်အခါတွင် အင်မတန်အန္တရာများသည့် အနေအထားဖြစ်ခဲ့သည်။ လူပေါင်းစုံလှပြီး အထူးသဖြင့် ရန်ကုန်လူများ မလာမဖြစ်လာသူများနှင့် ပြည့်ညှပ်စီကားသည်မှ နှစ်တိုင်းဖြစ်သည်။ ထိုအခြေနေက ရောဂါပိုများ သည်ဆောင်ပြန့်ပွားစေနိုင်သဖြင့် ဒေသအစိုးရက ယခုလို ပိတ်ပင်လိုက်ရခြင်းလည်းဖြစ်သည်။
PannPwint
Sorce-စိုင်းနေမျိုးမောင်မောင်
0 comments :
Post a Comment