Y-8 5820 ပ်က္က်မႈ နဲ႔ပတ္သက္ျပီး တပ္ခ်ဳပ္ရဲ႕ ေျပာၾကားခ်က္


Y-8 5820 ပ်က္က်မႈအေပၚ တပ္ခ်ဳပ္ရဲ႕ ေျပာၾကားခ်က္
ေလယာဥ္ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး ႏုိင္ငံေတာ္သမၼတထံ ဗိုလ္ခ်ဳပ္မႈးႀကီးမင္းေအာင္လိႈင္ကိုယ္တိုင္ သြားေရာက္တင္ျပထားၿပီး ရရိွသည့္အေလာင္းမ်ားမွာ ေပါက္ကြဲပ်က္စီးသည့္ အေနအထား မေတြ႔ရေၾကာင္း၊ ယေန႔အခ်ိန္ထိ ေနာက္ဆံုး ရရိွေသာအေလာင္းတြင္ အမဲစက္မ်ား ပါရိွျခင္းေၾကာင့္ က်န္းမာေရးဝန္ႀကီးဌာနနွင့္ ညိႇႏႈိင္းလုပ္ေဆာင္ရန္ ေျပာၾကားထားၿပီျဖစ္ေၾကာင္း ၎က ေျပာသည္။
“ေလယာဥ္ပ်ံရွာဖို႔အတြက္ ကၽြန္ေတာ္တို႔ တပ္မေတာ္(ေလ)က ရွာေနပါတယ္။ ကၽြန္ေတာ္ထင္ပါတယ္။ မၾကာခင္ ေတြ႔ႏုိင္တယ္လို႔ ေမွ်ာ္လင့္ပါတယ္”
"စက္ပိုင္းဆိုင္ရာ ခ်ဳိ႕ယြင္းမႈျဖစ္ဖို႔ကလည္း ကၽြန္ေတာ္တို႔ ေလယာဥ္ကို အခ်ိန္ေပါင္း မ်ားစြာ သံုးခဲ့တယ္။ အရင္ သူ႔ထက္ေစာၿပီး ေရာက္တဲ့ ေလယာဥ္ အမ်ိဳးအစားေတြလည္း ကၽြန္ေတာ္တို႔ဆီမွာ ရွိပါတယ္။ ေတာ္ေတာ္ကို အသံုးခ်ခဲ့တဲ့ ေလယာဥ္ပ်ံလို႔ ေျပာရပါလိမ့္မယ္။ ေျပးလမ္းရွိတဲ့ ေလယာဥ္ကြင္း မွန္သမွ် ဒီေလယာဥ္ကို ကၽြန္ေတာ္တို႔ သံုးပါတယ္။ ေနာက္တစ္ခုက ေလယာဥ္ရဲ့ သေဘာက အင္ဂ်င္ ၂ လံုးနဲ႔ ေမာင္းလို႔ ရပါတယ္။ အင္ဂ်င္စက္ ၄ လံုးတပ္တဲ့ ေလယာဥ္ျဖစ္ပါတယ္။ ထားဝယ္ေလဆိပ္နဲ႔ဆိုရင္ မိုင္ ၂၀ ပဲ ေဝးတဲ့အတြက္ေၾကာင့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အခက္အခဲျဖစ္တယ္ ဆိုရင္ေတာင္မွ ခ်က္ခ်င္း ညာဘက္ကို ဆင္းမယ္ဆိုရင္ ထားဝယ္ေလဆိပ္ကို ေရာက္ႏုိင္ပါတယ္” "စက္ခ်ိဳ႕ယြင္းလို႔ ျဖစ္တယ္ဆိုတာကလည္း ေတာ္ေတာ့ကို ျဖစ္ႏုိင္ေခ် နည္းပါတယ္။ မျဖစ္ႏုိင္တာေတာ့ မဟုတ္ပါဘူး။ ေတာ္ေတာ့ကို ျဖစ္ႏုိင္ေခ် နည္းတာပါ။ "
"ေနာက္တစ္ခုကေတာ့ ရာသီဥတုေၾကာင့္လား တစ္ခ်က္ သြားေတြ႔ပါတယ္။ ဒီဟာနဲ႔ပတ္သက္ၿပီး ေလယာဥ္မွဴးေတြကလည္း မတက္ခင္မွာ ပစၥည္းေတြ ဘာေတြ အားလံုး ေသခ်ာစစ္ပါတယ္။ မစစ္လို႔ မရပါဘူး။ ထံုးစံအရ အကုန္လံုး စစ္ပါတယ္။ တခ်ိဳ႕ သတင္းဌာနကလည္း ဂက္စ္အိုးေပါက္လို႔လားဆိုၿပီး ေရးပါတယ္။ မျဖစ္ႏုိင္ပါဘူး။ ဂက္စ္အိုးတင္ဖို႔ ဘယ္လိုမွ လက္ခံေလာက္တဲ့ အေနအထား မရွိပါဘူး။ သို႔ေသာ္လည္းပဲ လိုအပ္တဲ့ စံုစမ္းမႈေတာ့ လုပ္ရဦးမယ္လို႔ ေျပာလိုပါတယ္”ဟု ထပ္ေလာင္း ေျပာသည္။

“ေလယာဥ္ပ်ံ ပ်က္တဲ့အခ်ိန္မွာ ရွိေနတဲ့ ရာသီဥတုရဲ႕ အေျခအေနက ထားဝယ္ၿမိဳ႕ရဲ႕ အေနာက္ဖက္မွာ တိမ္တိုက္ႀကီးေတြ ရွိတာကိုး။ ဒီသတင္းထဲမွာဆိုရင္ တကယ္လို႔သာ တိမ္တိုက္ထဲမွာ ေလယာဥ္ပ်ံ ျဖတ္သြားမယ္ဆိုလို႔ရွိရင္ ႀကီးမားတဲ့ ေလဖိအားေတြနဲ႔လည္း ေတြ႔ႏုိင္တယ္။ ႀကီးမားတဲ့ ဖိအားတစ္ခုအေပၚကေန သက္ေရာက္ႏုိင္ပါတယ္တဲ့။ အဲ့ဒီဖိအားသည္ ၂၅၀ ကီလိုမီတာေလာက္အထိ ဖိအားရွိႏုိင္တယ္လို႔ ေျပာပါတယ္။ ဒါလည္း ျဖစ္ႏုိင္တာပဲ။ "
"ဒါေၾကာင့္ ကၽြန္ေတာ္တို႔က မိုးေလဝသနဲ႔ ဇလေဗဒဦးစီးဌာနက အဲ့ဒီအခ်ိန္မွာရွိတဲ့ Record ကို ကၽြန္ေတာ္တို႔ ျပန္ေတာင္းပါတယ္။ ဒီေန႔ပဲ ပို႔ပါတယ္။ ပို႔ေတာ့ အဲ့အခ်ိန္မွာပဲ ေလယာဥ္ပ်ံ ပ်က္က်တယ္လို႔ သတင္းရရွိတဲ့အခ်ိန္မွာ တိမ္တိုက္က အဲ့ဒီအေပၚမွာ ရွိေနတာကို သြားေတြ႔ပါတယ္။ အေထာက္အထားေတြ အကုန္လံုး ကၽြန္ေတာ္တို႔ ရွိပါတယ္။ အဲ့ဒီ တိမ္တိုက္ေတြက အထူဘယ္ေလာက္ရွိသလဲဆိုတာကို ကၽြန္ေတာ္တို႔ စိစစ္ေနပါတယ္”ဟု ၎က ဆိုသည္။
ေရဒါရဲ႕ မွတ္တမ္းအရ ျပန္စစ္ခ်ိန္တြင္ မြန္းလြဲ ၁ နာရီနွင့္ ၃၁ မိနစ္ခန္႔တြင္ ေလယာဥ္သည္ အျမင့္ေပ ၁၈၀၀၀ မွ ေအာက္သို႔ နိမ့္ဆင္းသြားျခင္း၊ ျပန္ေမာ့တက္ျခင္းျဖင့္ အျမင့္ေပ ၃၀၀၀ ေအာက္သို႔ ထိုးက်သြားသည္ကို ေတြ႔ရိွရေၾကာင္း ၎က ရွင္းျပသည္။
“မ်က္ျမင္သက္ေသေတြလည္း ကၽြန္ေတာ္တို႔ ရွာပါတယ္။ ၄ ေယာက္ကို ေမးပါတယ္။ အဲ့ဒီမွာ ၂ ေယာက္ကေတာ့ က်ယ္ေလာင္တဲ့အသံကို သူတို႔ၾကားတယ္။ ပံုမွန္ေလယာဥ္သံ မဟုတ္ဘဲ ေလယာဥ္ပ်ံႀကီးက က်ယ္လိုက္ တိုးလိုက္နဲ႔ ေနာက္ေတာ့ ဝုန္း ဆိုၿပီးေတာ့ ေလယာဥ္ပ်ံ ေပ်ာက္သြားတယ္။ ဒါ ၂ ေယာက္က အဲ့လို ေျပာပါတယ္။ ျမင္လားဆိုေတာ့ ျမင္တာေတာ့ မဟုတ္ဘူး။ အသံၾကားရတာေပါ့”ဟု ၎က ဆိုသည္။
“ေလယာဥ္ပ်ံရၿပီဆိုလို႔ရွိရင္ေတာ့ ဒီအေပၚမွာ မူတည္ၿပီးေတာ့ အေျဖတစ္ခု ထြက္ေကာင္း ထြက္ႏုိင္ပါတယ္။ လက္ရွိရထားတဲ့ မႈခင္းဆိုင္ရာ စစ္ေဆးတဲ့ ဆရာဝန္ႀကီးေတြရဲ႕ မွတ္ခ်က္မွာေတာ့ ေပါက္ကြဲလို႔ျဖစ္တဲ့ အေနအထားမ်ိဳး မေတြ႔ပါဘူး”ဟု ၎က ထပ္ေလာင္း ေျပာသည္။
The Voice
ေက်ာ္သက္ေထြး

Y-8 5820 ပျက်ကျမှုအပေါ် တပ်ချုပ်ရဲ့ ပြောကြားချက်
လေယာဉ်ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတထံ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကိုယ်တိုင် သွားရောက်တင်ပြထားပြီး ရရှိသည့်အလောင်းများမှာ ပေါက်ကွဲပျက်စီးသည့် အနေအထား မတွေ့ရကြောင်း၊ ယနေ့အချိန်ထိ နောက်ဆုံး ရရှိသောအလောင်းတွင် အမဲစက်များ ပါရှိခြင်းကြောင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းလုပ်ဆောင်ရန် ပြောကြားထားပြီဖြစ်ကြောင်း ၎င်းက ပြောသည်။
“လေယာဉ်ပျံရှာဖို့အတွက် ကျွန်တော်တို့ တပ်မတော်(လေ)က ရှာနေပါတယ်။ ကျွန်တော်ထင်ပါတယ်။ မကြာခင် တွေ့နိုင်တယ်လို့ မျှော်လင့်ပါတယ်”
"စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုဖြစ်ဖို့ကလည်း ကျွန်တော်တို့ လေယာဉ်ကို အချိန်ပေါင်း များစွာ သုံးခဲ့တယ်။ အရင် သူ့ထက်စောပြီး ရောက်တဲ့ လေယာဉ် အမျိုးအစားတွေလည်း ကျွန်တော်တို့ဆီမှာ ရှိပါတယ်။ တော်တော်ကို အသုံးချခဲ့တဲ့ လေယာဉ်ပျံလို့ ပြောရပါလိမ့်မယ်။ ပြေးလမ်းရှိတဲ့ လေယာဉ်ကွင်း မှန်သမျှ ဒီလေယာဉ်ကို ကျွန်တော်တို့ သုံးပါတယ်။ နောက်တစ်ခုက လေယာဉ်ရဲ့ သဘောက အင်ဂျင် ၂ လုံးနဲ့ မောင်းလို့ ရပါတယ်။ အင်ဂျင်စက် ၄ လုံးတပ်တဲ့ လေယာဉ်ဖြစ်ပါတယ်။ ထားဝယ်လေဆိပ်နဲ့ဆိုရင် မိုင် ၂၀ ပဲ ဝေးတဲ့အတွက်ကြောင့် အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲဖြစ်တယ် ဆိုရင်တောင်မှ ချက်ချင်း ညာဘက်ကို ဆင်းမယ်ဆိုရင် ထားဝယ်လေဆိပ်ကို ရောက်နိုင်ပါတယ်” "စက်ချို့ယွင်းလို့ ဖြစ်တယ်ဆိုတာကလည်း တော်တော့ကို ဖြစ်နိုင်ချေ နည်းပါတယ်။ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ တော်တော့ကို ဖြစ်နိုင်ချေ နည်းတာပါ။ "
"နောက်တစ်ခုကတော့ ရာသီဥတုကြောင့်လား တစ်ချက် သွားတွေ့ပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီး လေယာဉ်မှူးတွေကလည်း မတက်ခင်မှာ ပစ္စည်းတွေ ဘာတွေ အားလုံး သေချာစစ်ပါတယ်။ မစစ်လို့ မရပါဘူး။ ထုံးစံအရ အကုန်လုံး စစ်ပါတယ်။ တချို့ သတင်းဌာနကလည်း ဂက်စ်အိုးပေါက်လို့လားဆိုပြီး ရေးပါတယ်။ မဖြစ်နိုင်ပါဘူး။ ဂက်စ်အိုးတင်ဖို့ ဘယ်လိုမှ လက်ခံလောက်တဲ့ အနေအထား မရှိပါဘူး။ သို့သော်လည်းပဲ လိုအပ်တဲ့ စုံစမ်းမှုတော့ လုပ်ရဦးမယ်လို့ ပြောလိုပါတယ်”ဟု ထပ်လောင်း ပြောသည်။

“လေယာဉ်ပျံ ပျက်တဲ့အချိန်မှာ ရှိနေတဲ့ ရာသီဥတုရဲ့ အခြေအနေက ထားဝယ်မြို့ရဲ့ အနောက်ဖက်မှာ တိမ်တိုက်ကြီးတွေ ရှိတာကိုး။ ဒီသတင်းထဲမှာဆိုရင် တကယ်လို့သာ တိမ်တိုက်ထဲမှာ လေယာဉ်ပျံ ဖြတ်သွားမယ်ဆိုလို့ရှိရင် ကြီးမားတဲ့ လေဖိအားတွေနဲ့လည်း တွေ့နိုင်တယ်။ ကြီးမားတဲ့ ဖိအားတစ်ခုအပေါ်ကနေ သက်ရောက်နိုင်ပါတယ်တဲ့။ အဲ့ဒီဖိအားသည် ၂၅၀ ကီလိုမီတာလောက်အထိ ဖိအားရှိနိုင်တယ်လို့ ပြောပါတယ်။ ဒါလည်း ဖြစ်နိုင်တာပဲ။ "
"ဒါကြောင့် ကျွန်တော်တို့က မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက အဲ့ဒီအချိန်မှာရှိတဲ့ Record ကို ကျွန်တော်တို့ ပြန်တောင်းပါတယ်။ ဒီနေ့ပဲ ပို့ပါတယ်။ ပို့တော့ အဲ့အချိန်မှာပဲ လေယာဉ်ပျံ ပျက်ကျတယ်လို့ သတင်းရရှိတဲ့အချိန်မှာ တိမ်တိုက်က အဲ့ဒီအပေါ်မှာ ရှိနေတာကို သွားတွေ့ပါတယ်။ အထောက်အထားတွေ အကုန်လုံး ကျွန်တော်တို့ ရှိပါတယ်။ အဲ့ဒီ တိမ်တိုက်တွေက အထူဘယ်လောက်ရှိသလဲဆိုတာကို ကျွန်တော်တို့ စိစစ်နေပါတယ်”ဟု ၎င်းက ဆိုသည်။
ရေဒါရဲ့ မှတ်တမ်းအရ ပြန်စစ်ချိန်တွင် မွန်းလွဲ ၁ နာရီနှင့် ၃၁ မိနစ်ခန့်တွင် လေယာဉ်သည် အမြင့်ပေ ၁၈၀ဝ၀ မှ အောက်သို့ နိမ့်ဆင်းသွားခြင်း၊ ပြန်မော့တက်ခြင်းဖြင့် အမြင့်ပေ ၃၀ဝ၀ အောက်သို့ ထိုးကျသွားသည်ကို တွေ့ရှိရကြောင်း ၎င်းက ရှင်းပြသည်။
“မျက်မြင်သက်သေတွေလည်း ကျွန်တော်တို့ ရှာပါတယ်။ ၄ ယောက်ကို မေးပါတယ်။ အဲ့ဒီမှာ ၂ ယောက်ကတော့ ကျယ်လောင်တဲ့အသံကို သူတို့ကြားတယ်။ ပုံမှန်လေယာဉ်သံ မဟုတ်ဘဲ လေယာဉ်ပျံကြီးက ကျယ်လိုက် တိုးလိုက်နဲ့ နောက်တော့ ဝုန်း ဆိုပြီးတော့ လေယာဉ်ပျံ ပျောက်သွားတယ်။ ဒါ ၂ ယောက်က အဲ့လို ပြောပါတယ်။ မြင်လားဆိုတော့ မြင်တာတော့ မဟုတ်ဘူး။ အသံကြားရတာပေါ့”ဟု ၎င်းက ဆိုသည်။
“လေယာဉ်ပျံရပြီဆိုလို့ရှိရင်တော့ ဒီအပေါ်မှာ မူတည်ပြီးတော့ အဖြေတစ်ခု ထွက်ကောင်း ထွက်နိုင်ပါတယ်။ လက်ရှိရထားတဲ့ မှုခင်းဆိုင်ရာ စစ်ဆေးတဲ့ ဆရာဝန်ကြီးတွေရဲ့ မှတ်ချက်မှာတော့ ပေါက်ကွဲလို့ဖြစ်တဲ့ အနေအထားမျိုး မတွေ့ပါဘူး”ဟု ၎င်းက ထပ်လောင်း ပြောသည်။
The Voice
ကျော်သက်ထွေး

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...