တရားစွဲမယ့်အချိန်ကို စောင့်နေတာပါ ဆိုတဲ့ အကယ်ဒမီ ဆွေဇင်ထိုက်


မင်းလည်းဘိုကေ ငါလဲဘိုကေ ရုပ်ရှင်ဇာတ်ကား နဲ့ ပတ်သက်ပြီးဝေဖန်ခဲ့တာကြောင့်တရားစွဲဆိုခြင်းခံရတာပါ။အကယ်ဒမီဆွေဇင်ထိုက် ဟာဆိုရင် မေလ ၇ ရက်နေ့တုန်းက MRTV-4 Free to Air ရုပ်သံလိုင်းကနေ ထုတ်လွှင့်တင်ဆက်ခဲ့တဲ့ Let’s Talk အစီအစဉ်မှာ ပါဝင်ခဲ့ပြီး ဒါရိုက်ဒါရိုက်တာ ပြည်ဟိန်းသီဟ က တရားစွဲမယ်လို့ ကြေငြာခဲ့တာကြောင့် သူတရားစွဲမယ့်အချိန်ကို စောင့်နေတာပါ လို့ Duwun Media ကို ပြောပြခဲ့ပါတယ်။တာ ပြည်ဟိန်းသီဟ ရိုက်ကူးတဲ့ မင်းလည်းဘိုကေ ငါလဲဘိုကေ ဇာတ်ကားနဲ့ ပတ်သက်ပြီးဝေဖန် ခဲ့တဲ့ အပေါ်
” တရားစွဲမယ်ဆိုလို့ ကျွန်မ လဲ စောင့်နေတာပါ။ဒါပေမယ့် အခုထိ ဘာမှသတင်းမရသေးဘူး သူတို့ဘက်က ပြောထားတဲ့ စာကိုလည်း ဖျက်ပြီးတော့ ထွက်ပြေးသွားပြီ သူက ကျွန်မ ကို တရားစွဲမယ်ဆိုရင် ပုဒ်မ ၅၀၀ နဲ့ စွဲရမှာပေါ့။ ကျွန်မ ဘက်ကလည်း တရားပြန်စွဲရင် ၆၆ (ဃ)နဲ့ ပြန်တရားစွဲရမယ်။ ဆွေဇင်ထိုက် ကို တရားစွဲပြီ ဆိုပြီး ကြေငြာချက်ထုတ်တာက သူပါ။ အဲ့ဒီအတွက် ကျွန်မဘက်ကတော့ အဆင်သင့်ပြင်ထားပါတယ်။ တရားစွဲမယ်ဆိုရင်တော့သူ့ဘက်က စ စွဲရမှာပါ။” လို့ ဒေါ်ဆွေဇင်ထိုက်က ဆိုပါတယ်။
ဒါရိုက်တာ ပြည်ဟိန်းသီဟ အနေနဲ့ အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက် ကို တရားစွဲမယ်ဆိုတဲ့ စကားလုံးတွေကိုမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးလူမင်း ရဲ့ အကောင့်ကို ပါ တွဲပြီး သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပြီးနောက် ခဏအကြာမှာ ယင်း စာသား ကျိုက်လိုက်တယ်လို့ သိရပါတယ်။ဒါကြောင့် တရားစွဲမယ့် ကိစ္စနဲ့ပတ်သက်ပြီး အခုထိတရားစွဲဆိုထားခြင်း မရှိသေးဘူးဆိုတာကိုလဲ အကယ်ဒမီဆွေဇင်ထိုက်က Duwun Media ကို ဖြေဆိုခဲ့ပါတယ်။ အကယ်ဒမီဒေါ်ဆွေဇင်ထိုက်ကတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး တွင် ဒုဥက္ကဌ(ပ) အဖြစ်တာဝန်ယူထားသူတစ်ယောက်ဖြစ်ပါတယ်။
Photo : ဆွေဇင်ထိုက်ဖေ့စ်ဘွတ်
Credit : Duwun

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...