ႀကံ့ခိုင္ေရးပါတီ အာဏာျပန္ရပါက ႏိုင္ငံဖြံ႔ၿဖိဳးတိုးတက္ရန္ ႏွစ္ဆလုပ္ႏိုင္သည္ဟုဆို


က်ဳိင္းတုံ၊ မတ္ ၁၄

အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ (NLD) ပါတီကို ၂၀၁၅ ေရြးေကာက္ပြဲတြင္ မဲရလဒ္ အျပတ္အသတ္ျဖင့္ ႐ႈံးနိမ့္ခဲ့သည့္ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ႔ၿဖိဳးေရးပါတီ အေနႏွင့္ အာဏာ ျပန္လည္ရ႐ွိပါက ႏိုင္ငံေတာ္ ဖြံ႔ၿဖိဳးတိုးတက္ေစရန္ ႏွစ္ဆ လုပ္ႏိုင္စြမ္း႐ွိေၾကာင္း ယင္းပါတီဥကၠ႒ ဦးသန္းေဌးက ေျပာၾကားသည္။

႐ွမ္းျပည္နယ္ (အေ႐ွ႕ပိုင္း) က်ဳိင္းတုံၿမိဳ႕၊ အမွတ္ (၁)ရပ္ကြက္႐ွိ ေက်းဇူးေတာ္ ခန္းမေဆာင္တြင္ ယေန႔ (မတ္ ၁၄ ရက္) နံနက္ ၁၀ နာရီခန္႔က ပထမဆုံးအႀကိမ္ ႀကံ႕ခိုင္ေရးပါတီဥကၠ႒ ဦးသန္းေဌး ဦးေဆာင္သည့္ ပါတီထိပ္ပိုင္းေခါင္းေဆာင္မ်ားႏွင့္ ေဒသခံ လူထုေတြ႔ဆုံပြဲက်င္းပခဲ့ရာ ၎က ယင္းသို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံတစ္ဝန္းတြင္ လစ္လပ္ မဲဆႏၵနယ္မ်ား၌ ၂၀၁၇ ခုႏွစ္ ၾကားျဖတ္ ေရြးေကာက္ပြဲ က်င္းပမည္ျဖစ္ရာ က်ဳိင္းတုံၿမိဳ႕နယ္တြင္ အမွတ္(၂) ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ေနရာကို ေရြးခ်ယ္မည္ျဖစ္ေၾကာင္း၊ အဆိုပါ ၾကားျဖတ္ ေရြးေကာက္ပြဲတြင္ ႀကံ႕ခိုင္ေရးပါတီက ယခင္ လားဟူတိုင္းရင္းသားေရးရာ ဝန္ႀကီးေဟာင္း ဦး႐ွာေမြလ႐ွန္ အပါအဝင္ NLD ပါတီ၊ က်ားျဖဴပါတီ၊ က်ားေခါင္းပါတီ၊ လားဟူ အမ်ဳိးသား ဖြံ႔ၿဖိဳးတိုးတက္ေရး ပါတီႏွင့္ အာခါ အမ်ဳိးသား ဖြံ႔ၿဖိဳးတိုးတက္ေရး ပါတီတို႔က ဝင္ေရာက္ ယွဥ္ၿပိဳင္မည္ျဖစ္သည္။
http://thevoicemyanmar.com
====
ကျိုင်းတုံ၊ မတ် ၁၄

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို ၂၀၁၅ ရွေးကောက်ပွဲတွင် မဲရလဒ် အပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေနှင့် အာဏာ ပြန်လည်ရရှိပါက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်စေရန် နှစ်ဆ လုပ်နိုင်စွမ်းရှိကြောင်း ယင်းပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပြောကြားသည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ အမှတ် (၁)ရပ်ကွက်ရှိ ကျေးဇူးတော် ခန်းမဆောင်တွင် ယနေ့ (မတ် ၁၄ ရက်) နံနက် ၁၀ နာရီခန့်က ပထမဆုံးအကြိမ် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဦးဆောင်သည့် ပါတီထိပ်ပိုင်းခေါင်းဆောင်များနှင့် ဒေသခံ လူထုတွေ့ဆုံပွဲကျင်းပခဲ့ရာ ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် လစ်လပ် မဲဆန္ဒနယ်များ၌ ၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ရာ ကျိုင်းတုံမြို့နယ်တွင် အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် နေရာကို ရွေးချယ်မည်ဖြစ်ကြောင်း၊ အဆိုပါ ကြားဖြတ် ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီက ယခင် လားဟူတိုင်းရင်းသားရေးရာ ဝန်ကြီးဟောင်း ဦးရှာမွေလရှန် အပါအဝင် NLD ပါတီ၊ ကျားဖြူပါတီ၊ ကျားခေါင်းပါတီ၊ လားဟူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီနှင့် အာခါ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီတို့က ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...