ပရိသတ်တွေ သိချင်နေတာတွေကို ဖြေပေးလိုက်တဲ့ ဘီလီလမင်းအေး

ယခုလက်ရှိ ဘန်ကောက်ကို ရောက်နေပါတယ်။
ဘီလီလမင်းအေးဟာ သူမအခု ဘာတွေလုပ်နေတယ်၊ ဘာတွေလုပ်မယ် စတဲ့အကြောင်းအရာတွေ အပါအဝင် ပရိသတ်တွေ သိချင်နေသမျှ အကြောင်းအရာအားလုံးကို  ဖြေကြားပေးခဲ့တာတွေကို ဘီလီလမင်းအေးကို ချစ်တဲ့ Duwun ပရိသတ်တွေ လည်း သိရအောင် ဖော်ပြပေးလိုက်ပါတယ်။
play

ဘီလီလမင်းအေးကတော့ ယခုလက်ရှိ ဘန်ကောက်မှာ ရောက်နေပါတယ်။ သူမ မအားတဲ့ကြားက ပရိသတ်တွေအတွက် သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ စာအရှည်ကြီး တစ်စောင်ရေးပြီး ပြောပြလိုက်တာ ဖြစ်ပါတယ်။
"ဖူး အချိန် လေး နဲနဲရတုန်း ပြောပြချင်တာလေးလဲ ရှိပါတယ်။ ဖူးပြိုင်ပွဲ စဝင် ကတည်းက ပြည်တွင်း၊ ပြည်ပ၊ ရပ်ဝေး ရပ်နီး ကနေ ဖူးကို ချစ်ပေးကြ အားပေးကြ တာတွေနဲ့ online နဲ့ FB က နေ like/comment/message/post တွေ အမျိုးမျိုးနဲ့ ဖူးကို အားပေးခဲ့ကြတာ ဖူးဘက်က ရပ်တည်ပေးခဲ့ ကြတာ တွေက ဖူး အခု လျှောက်နေတဲ့ အနုပညာ ခရီးလမ်းအတွက် အတိုင်းမသိတဲ့ ခွန်အားတွေပါပဲ ဆိုတာပါ။ ဖူးစိတ်ဓါတ်ကျနေ ခဲ့တဲ့ အားငယ်နေ ခဲ့တဲ့ အချိန်မှာ ဖူးမိသားစုနဲ့ အတူ ... အသစ်ထပ်ရတဲ့ မိသားစု ဝင်တွေ ဖြစ်တဲ့ ညီအကိုမောင်နှမတွေ ရဲ့  အားပေးမှုတွေ ရပ်တည်ပေးခဲ့ မှုတွေ က ဖူးအတွက် အခက်အခဲတွေကို အကောင်းဆုံး ကျော်ဖြတ်နိုင်ဖို့ အားအင်တွေ ဆိုတာ ငြင်းမရပါဘူး။"လို့ သူမက ရေးသားထားပါတယ်။
play
နောက်ပြီး သူမအနေနဲ့ ပရိသတ်တွေရဲ့ ကောမန့်တွေကို တတ်နိုင်သမျှ လိုက်ဖတ်ပြီး Reply ပြန်နိုင်သလောက် ပြန်ဖို့ ကြိုးစားပေမဲ့ ပြိုင်ပွဲကာလမှာကော ပြိုင်ပွဲ ပြီးချိန်နောက်ပိုင်းမှာကော အလုပ်တွေ များနေတာကြောင့် ပရိသတ်တွေ တစ်ယောက်ချင်းစီကို reply မပြန်နိုင်တာ comment မပေးနိုင်တာ တွေ ကိုလဲနားလည်ပေးဖို့ သူမက တောင်းဆိုထားပါသေးတယ်။
"အခုလို ဖူးက reply သိပ်မပြန် ဖြစ်ပေမဲ့ နားလည်ပေးပြီး ဖူးကို ခုထိ ချစ်ပေး... အားပေး ကြ တဲ့ ညီအစ်ကို မောင်နှမတွေ အားလုံးရဲ့ မေတ္တာ ကို ဖူး တွေးကြည့် မိတိုင်း .. အံ့သြ လေးစားပြီး အားလုံးကို ပိုချစ်မိပါတယ်။ တစ်ယောက်ချင်းစီ တိုင်းကို ဖူး reply မပြန်နိုင်ပေမဲ့ တစ်ယောက်ချင်းစီတိုင်း ရဲ့ ဖူးအပေါ် ထားတဲ့ မေတ္တာ ကို ဖူး  ခံစားလို့ ရပါတယ် ရှင့်။" ဆိုပြီး ဆက်လက်ရေးသားထားတာလည်း ဖြစ်ပါတယ်။
play

ဘီလီလမင်းအေးအနေနဲ့ ဒီနှစ်ထဲမှာ သူမရဲ့ တစ်ကိုယ်တော်အခွေကို ထွက်ဖို့နဲ့ ဆက်လုပ်ရမယ့် အနုပညာအလုပ်တွေ အတွက် အချိန်ပေးနေရသလို ပရိသတ်တွေအတွက်ကိုလည်း ရှေ့ဆက်ပြီး တတ်နိုင်သမျှ အချိန်ပေးဖို့ကိုလည်း ကြိုးစားသွားပ့ါမယ်လို့ သူမက ပြောပြထားပါတယ်။
Photo : ဘီလီလမင်းအေး ဖေ့စ်ဘွတ်
Duwun

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...