၁၄နှစ်အရွယ်ကျောင်းသားနဲ့ လိင်ဆက်ဆံမိတဲ့ ကျောင်းဆရာမကို ပြစ်ဒဏ်ချမှတ်လိုက်ပြီ


http://www.popolay.com/program-detail.php?pml=9477


Unicode
မူးယစ်ဆေးဝါးစွဲလမ်းမှုပြသနာကြောင့် ၁၄နှစ်အရွယ်ကျောင်းသားနဲ့ လိင်ဆက်ဆံခဲ့မိပါတယ်လို့ကျောင်းဆရာမဖြစ်သူ Stephanie Amato က လျှောက်လဲချက်ပေးလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု၊ Pennsylvania ပြည်နယ် ၊ Ethan Allen Elementary ကျောင်းဆရာမတစ်ဦးဖြစ်သူ Stephanie Amato က၁၄နှစ်အရွယ်ကျောင်းသားနဲ့လိင်ဆက်ဆံမှုပြုခဲ့လို့ လက်ရှိမှာတော့ ထောင်ထဲကိုရောက်နေပါတယ်။
အသက်၃၃နှစ်အရွယ်ရှိကျောင်းဆရာမ Stephanie Amato က ၁၄နှစ်အရွယ်ကျောင်းသားကို သူမအိမ်နဲ့သူမကားပေါ်မှာအခုလို လိင်ဆက်ဆံမှုဖြစ်ခဲ့ကြောင်း၊အဓိကပြသနာက သူမ မူးယစ်ဆေးဝါး စွဲလမ်းမှုကြောင့်ဖြစ်ကြောင်း၊မူးယစ်ဆေးကြောင့်သာမဟုတ်ရင်ဒီလိုမဖြစ်နိုင်ခဲ့ကြောင်း၊ငါ့ကိုယ်ငါမယုံနိုင်လောက်အောင် ပြုမှုခဲ့ကြောင်းနဲ့ ပတ်သက်သူများနဲ့ မိသားစုကို တောင်းပန်ပါကြောင်း စီရင်ချက်မချခင်မှာ Stephanie Amato ကပြောကြားခဲ့ပါတယ်။
လက်ရှိမှာတော့ Stephanie Amato မှာ ၇လသားအရွယ်ကလေးတစ်ဦးရှိပါတယ်။အခုလို ၁၄နှစ်သားနဲ့လိင်ဆက်ဆံမှုကြောင့် ကျောင်းဆရာမဖြစ်သူ Stephanie Amato က ၂၃ လတိုင်အကျဉ်းထောင်ထဲမှာ ပြစ်ဒဏ်ကျခံနေရတော့မှာပါ။

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...