အရူးတစ္ေယာက္ရဲ႕ ေမတၱာ

. အရူးေမတၱာ

တစ္ခါတုန္းက ျမိဳ႕ငယ္ေလးတစ္ျမိဳ႕မွာ
အရူးေယာက်ၤ ားတစ္ေယာက္ ရွိတယ္။ဒီျမိဳ႕ကုိ ဘယ္အရပ္က ေရာက္လာတယ္ဆိုတာ ဘယ္သူမွအတိအက်မသိၾကဘူး။
သူ ့ေဆြမ်ိဳးညာတိေတြလည္း စုံစမ္းမရဘူး။ ဒီလိုဘဲေနလာခဲ႕တာ ၁၀ နွစ္ေလာက္ ရွိျပီ ျဖစ္တယ္။
အဲဒီအရူးဟာ ျမိဳ႕စြန္ကဇရပ္ပ်က္ၾကီးမွာ အိပ္တယ္။ျမိဳ႕လယ္ ေစ်းထဲကအမိႈက္ပုံမွာ ရွာေဖြစားေသာက္တယ္။တစ္ေန ့ေတာ့ အရူးဟာ အမႈိက္ပုံကုိ ေမႊေနွာက္ျပီး၊စားစရာရွာေနတုန္း
ဘယ္ကမွန္းမသိတဲ႕ အရူးမတစ္ေယာက္ ေရာက္လာျပီးအမိႈက္ပုံကုိ အလုအယက္ ေမႊေနွာက္ေနခဲ႕တယ္။
သူတို ့ခ်င္း တစ္ဦးကုိတစ္ဦး ေတြ႕ျပီးသတိထားမိေပမဲ႕ ၂ ေယာက္လုံးစားစရာတစ္ခုခုေတြ႕မလားဆိုတဲ႕ စိတ္နဲ႕သဲသဲမဲမဲ အျပိဳင္ ရွာၾကတယ္။တစ္ေနရာမွာ အရူးေယာကၤ်ားဟာ မႈိတက္ေနတဲ႕ေပါင္ မုန္ ့တခ်ပ္ကုိ ေတြ႕သြားလို ့ တစ္ကုိက္ကုိက္စားလိုက္ တယ္။ဒါကုိ အရူးမက စုိက္ၾကည္ ့ေနတယ္။ အရူးေယာကၤ်ားလည္း မေနနိုင္ လို ့ ေပါင္မုန္ ့တစ္ဝက္ကုိ အရူးမကုိေပးလိုက္တယ္။
အရူးမလည္း ဆာဆာနဲ႕ေပါင္ မုန္ ့ကုိ တခါတည္းပလုပ္ပေလာင္းစားတာကုိေတြ႕ရတယ္။
ညေနေစာင္းေတာ့ အရူးေယာကၤ်ားဟာ သူေနတဲ႕ဇရပ္ပ်က္ကုိျပန္ခဲ႕တယ္။
လမ္းမွာအေနာက္လွည္ ့ၾကည္ ့ေတာ့ အရူးမ သူ ့ေနာက္က မေယာင္မလည္လိုက္လာတာ သြားေတြ႕တယ္။သူေမာင္းထုတ္ဖို ့ ကနဦးစိတ္ကူးလိုက္ေသးတယ္။
ဒါေပမဲ႕ သူမခမ်ာ ေနစရာရွိပုံမရတာကုိ ေတြးမိေတာ့ ဘာမွမေျပာေတာ့ဘူး။
အဲဒီညက သူတို ့ ၂ ေယာက္ဇရပ္မွာ အတူအိပ္ျဖစ္သြားတယ္။ေနာက္ေန ့ကစျပီး မနက္မိုးလင္းတာနဲ႕ ေစ်းအမိႈက္ပုံကုိ အတူခ်ီတက္ဖို ့ အ ေဖၚရသြားတယ္။
တစ္ေန ့ေတာ့ အရူးမ မိုးေတြမိျပီးဖ်ားပါတယ္။ မနက္မိုးလင္းလည္း မထနိုင္ ပါဘူး။ကုိယ္ေတြလည္း ခ်စ္ခ်စ္ေတာက္ပူေနပါတယ္။နႈတ္ကလည္း ေရေသာက္ခ်င္လို ့ တစာစာေတာင္းေနတယ္။ အရူးေယာကၤ်ားဟာေျခမကုိင္မိ လက္မကုိင္ မိျဖစ္ျပီး ျမိဳ႕ထဲဖက္ထြက္သြားပါတယ္။
ေနာက္ခဏၾကာေတာ့ ေရသန္ ့တစ္ဘူးနဲ႕
ေပါင္မုန္ ့တစ္ထုပ္ကုိင္ျပီးျပန္ေရာက္လာတယ္။
သူ ့မ်က္နွာမွာလည္း အညိဳအမည္းစြဲလို ့။ဆိုင္ တစ္ဆိုင္ မွာဝင္လုလို ့ ဆိုင္ရွင္က ရိုက္နွက္လႊတ္လိုက္တာပါ။
သူကေတာ့ ဒါေတြ အရူးမကုိေပးပါတယ္။
အရူးမက အဖ်ားျပင္းထန္လြန္းလို ့သတိလစ္ေနပါျပီ။ဒါကုိေတြ႕ေတာ့ အရူးေယာကၤ်ားဟာ လူနာမကုိေက်ာပိုးျပီး ျမိဳ႕ဆီကုိ သယ္ေျပးပါတယ္။ပါးစပ္ကလည္း ကူပါ ကယ္ပါ တစာစာေအာ္လို ့။
ျမိဳ႕လည္ေရာက္ေတာ့လည္း ဘယ္သူမွ သူတို ့ကုိ အေရးမလုပ္ပါဘူး။ဒါနဲ႕ေနာက္ဆုံး အရူးဟာ လူနာကုိလမ္းမွာခ်ျပီး အမႈိက္ပုံမွာ ဖန္ပုလင္းကြဲရွာပါတယ္။ရတဲ႕ဖန္ပုလင္းကြဲနဲ႕အရူးမ
လက္ကုိ ထိုးခြဲလိုက္ပါတယ္။ ေသြးေတြပန္းထြက္လာပါတယ္။
ေသြးေတြကုိ သူ ့တစ္ကုိယ္လုံးသုတ္လိမ္းရင္း ဒီလိုေအာ္ပါတယ္-
- "က်ေနာ္ လူသတ္မိျပီ။ လူနာကုိေဆးရံုပို ့ပါ က်ေနာ့ကုိဖမ္းခ်ဳပ္ပါ လူနာကုိ ျမန္ျမန္ ေဆးရံုပို ့ေပးၾကပါဗ်ာ ..."တဲ႕။
ဒါဟာ ဒီျမိဳ႕သူျမိဳ႕သားေတြ ၾကားဖူးတဲ႕ အရူးရဲ႕ပထမဆုံးနႈတ္ထြက္စကားတစ္ခြန္းပါ။
ေသြးသံရဲရဲ ျမင္ မွဘဲအနီးအနားက လူေတြ တုန္လႈပ္သြားျပီး၊ လူနာကုိေဆးရံုပို ့။အရူးကုိ ဝိုင္းဝန္းရိုက္ပုတ္ၾကပါတယ္။လူနာအရူးမဟာ ေဆးရံုေရာက္ျပီး မၾကာခင္ မွာဘဲ ေသဆုံးသြာပါတယ္။ဆရာဝန္အေျပာကေတာ့ လူနာဟာအဆုပ္အေအးပတ္ျပီး ေသတာလုိ ့ေျပာတယ္။
လက္မွာရတဲ႕ဒဏ္ ရာေၾကာင္ ့မဟုတ္ပါဘူး။ ေသဆုံးသူအရူးမရဲ႕ မ်က္နွာမွာထူးထူးဆန္းဆန္း ဝင္းပတဲ႕အျပံဳးတစ္ခုကုိျပံဳးလို ့.....တဲ႕။
ေနာက္ေန ့မနက္မွာ အရူးေယာကၤ်ားကုိ အသက္ကင္းမဲ႕ေနတာေတြ႕ၾကရတယ္။
သူတို ့၂ ေယာက္စျပီး ဆုံစည္းခဲ႕တဲ႕အမႈိက္ပုံမွာပါဘဲ။
ေရသန္႔ ့ဘူးတစ္ဘူးနဲ႕ေပါင္ မုန္ ့တစ္ထုပ္ကို
ရင္ မွာပိုက္လ်က္သား။
မ်က္နွာကလည္း ေက်ေက်နပ္နပ္ၾကီးကုိ ျပံဳးလို ့။
ေရခဲတိုက္ထဲက အရူးမ ျပံဳးတဲ႕အျပံဳးမ်ိဳး။

Credit----သန့္ဇင္ဝင္း Via ေက်ာ္သက္ေထြး
==============

. အရူးမေတ္တာ
❤❤❤❤
တစ်ခါတုန်းက မြို့ငယ်လေးတစ်မြို့မှာ
အရူးယောကျင်္ ားတစ်ယောက် ရှိတယ်။ဒီမြို့ကို ဘယ်အရပ်က ရောက်လာတယ်ဆိုတာ ဘယ်သူမှအတိအကျမသိကြဘူး။
သူ ့ဆွေမျိုးညာတိတွေလည်း စုံစမ်းမရဘူး။ ဒီလိုဘဲနေလာခဲ့တာ ၁၀ နှစ်လောက် ရှိပြီ ဖြစ်တယ်။
အဲဒီအရူးဟာ မြို့စွန်ကဇရပ်ပျက်ကြီးမှာ အိပ်တယ်။မြို့လယ် စျေးထဲကအမှိုက်ပုံမှာ ရှာဖွေစားသောက်တယ်။တစ်နေ ့တော့ အရူးဟာ အမှိုက်ပုံကို မွှေနှောက်ပြီး၊စားစရာရှာနေတုန်း
ဘယ်ကမှန်းမသိတဲ့ အရူးမတစ်ယောက် ရောက်လာပြီးအမှိုက်ပုံကို အလုအယက် မွှေနှောက်နေခဲ့တယ်။
သူတို ့ချင်း တစ်ဦးကိုတစ်ဦး တွေ့ပြီးသတိထားမိပေမဲ့ ၂ ယောက်လုံးစားစရာတစ်ခုခုတွေ့မလားဆိုတဲ့ စိတ်နဲ့သဲသဲမဲမဲ အပြိုင် ရှာကြတယ်။တစ်နေရာမှာ အရူးယောင်္ကျားဟာ မှိုတက်နေတဲ့ပေါင် မုန် ့တချပ်ကို တွေ့သွားလို ့ တစ်ကိုက်ကိုက်စားလိုက် တယ်။ဒါကို အရူးမက စိုက်ကြည် ့နေတယ်။ အရူးယောင်္ကျားလည်း မနေနိုင် လို ့ ပေါင်မုန် ့တစ်ဝက်ကို အရူးမကိုပေးလိုက်တယ်။
အရူးမလည်း ဆာဆာနဲ့ပေါင် မုန် ့ကို တခါတည်းပလုပ်ပလောင်းစားတာကိုတွေ့ရတယ်။
ညနေစောင်းတော့ အရူးယောင်္ကျားဟာ သူနေတဲ့ဇရပ်ပျက်ကိုပြန်ခဲ့တယ်။
လမ်းမှာအနောက်လှည် ့ကြည် ့တော့ အရူးမ သူ ့နောက်က မယောင်မလည်လိုက်လာတာ သွားတွေ့တယ်။သူမောင်းထုတ်ဖို ့ ကနဦးစိတ်ကူးလိုက်သေးတယ်။
ဒါပေမဲ့ သူမခမျာ နေစရာရှိပုံမရတာကို တွေးမိတော့ ဘာမှမပြောတော့ဘူး။
အဲဒီညက သူတို ့ ၂ ယောက်ဇရပ်မှာ အတူအိပ်ဖြစ်သွားတယ်။နောက်နေ ့ကစပြီး မနက်မိုးလင်းတာနဲ့ စျေးအမှိုက်ပုံကို အတူချီတက်ဖို ့ အ ဖေါ်ရသွားတယ်။
တစ်နေ ့တော့ အရူးမ မိုးတွေမိပြီးဖျားပါတယ်။ မနက်မိုးလင်းလည်း မထနိုင် ပါဘူး။ကိုယ်တွေလည်း ချစ်ချစ်တောက်ပူနေပါတယ်။နှုတ်ကလည်း ရေသောက်ချင်လို ့ တစာစာတောင်းနေတယ်။ အရူးယောင်္ကျားဟာခြေမကိုင်မိ လက်မကိုင် မိဖြစ်ပြီး မြို့ထဲဖက်ထွက်သွားပါတယ်။
နောက်ခဏကြာတော့ ရေသန် ့တစ်ဘူးနဲ့
ပေါင်မုန် ့တစ်ထုပ်ကိုင်ပြီးပြန်ရောက်လာတယ်။
သူ ့မျက်နှာမှာလည်း အညိုအမည်းစွဲလို ့။ဆိုင် တစ်ဆိုင် မှာဝင်လုလို ့ ဆိုင်ရှင်က ရိုက်နှက်လွှတ်လိုက်တာပါ။
သူကတော့ ဒါတွေ အရူးမကိုပေးပါတယ်။
အရူးမက အဖျားပြင်းထန်လွန်းလို ့သတိလစ်နေပါပြီ။ဒါကိုတွေ့တော့ အရူးယောင်္ကျားဟာ လူနာမကိုကျောပိုးပြီး မြို့ဆီကို သယ်ပြေးပါတယ်။ပါးစပ်ကလည်း ကူပါ ကယ်ပါ တစာစာအော်လို ့။
မြို့လည်ရောက်တော့လည်း ဘယ်သူမှ သူတို ့ကို အရေးမလုပ်ပါဘူး။ဒါနဲ့နောက်ဆုံး အရူးဟာ လူနာကိုလမ်းမှာချပြီး အမှိုက်ပုံမှာ ဖန်ပုလင်းကွဲရှာပါတယ်။ရတဲ့ဖန်ပုလင်းကွဲနဲ့အရူးမ
လက်ကို ထိုးခွဲလိုက်ပါတယ်။ သွေးတွေပန်းထွက်လာပါတယ်။
သွေးတွေကို သူ ့တစ်ကိုယ်လုံးသုတ်လိမ်းရင်း ဒီလိုအော်ပါတယ်-
- "ကျနော် လူသတ်မိပြီ။ လူနာကိုဆေးရုံပို ့ပါ ကျနော့ကိုဖမ်းချုပ်ပါ လူနာကို မြန်မြန် ဆေးရုံပို ့ပေးကြပါဗျာ ..."တဲ့။
ဒါဟာ ဒီမြို့သူမြို့သားတွေ ကြားဖူးတဲ့ အရူးရဲ့ပထမဆုံးနှုတ်ထွက်စကားတစ်ခွန်းပါ။
သွေးသံရဲရဲ မြင် မှဘဲအနီးအနားက လူတွေ တုန်လှုပ်သွားပြီး၊ လူနာကိုဆေးရုံပို ့။အရူးကို ဝိုင်းဝန်းရိုက်ပုတ်ကြပါတယ်။လူနာအရူးမဟာ ဆေးရုံရောက်ပြီး မကြာခင် မှာဘဲ သေဆုံးသွာပါတယ်။ဆရာဝန်အပြောကတော့ လူနာဟာအဆုပ်အအေးပတ်ပြီး သေတာလို ့ပြောတယ်။
လက်မှာရတဲ့ဒဏ် ရာကြောင် ့မဟုတ်ပါဘူး။ သေဆုံးသူအရူးမရဲ့ မျက်နှာမှာထူးထူးဆန်းဆန်း ဝင်းပတဲ့အပြုံးတစ်ခုကိုပြုံးလို ့.....တဲ့။
နောက်နေ ့မနက်မှာ အရူးယောင်္ကျားကို အသက်ကင်းမဲ့နေတာတွေ့ကြရတယ်။
သူတို ့၂ ယောက်စပြီး ဆုံစည်းခဲ့တဲ့အမှိုက်ပုံမှာပါဘဲ။
ရေသန့် ့ဘူးတစ်ဘူးနဲ့ပေါင် မုန် ့တစ်ထုပ်ကို
ရင် မှာပိုက်လျက်သား။
မျက်နှာကလည်း ကျေကျေနပ်နပ်ကြီးကို ပြုံးလို ့။
ရေခဲတိုက်ထဲက အရူးမ ပြုံးတဲ့အပြုံးမျိုး။

Credit----သန့်ဇင်ဝင်း Via ကျော်သက်ထွေး

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...