အြန္လိုင္းတြင္ ပ်ံႏွံ႔ခဲ့သည့္ ရုပ္သံဖိုင္ပါ ေဒၚတင္ညြန္႔ အပါအ၀င္ ေဒသခံ ခုႏွစ္ဦးအား ကညြတ္ကြင္းနယ္ေျမရဲစခန္းမွ ပုဒ္မ ၃ ခုျဖင့္အမႈဖြင့္

အြန္လိုင္းတြင္ ပ်ံႏွံ႔ခဲ့သည့္ ရုပ္သံဖိုင္ပါ ေဒၚတင္ညြန္႔ အပါအ၀င္ ေဒသခံ ခုႏွစ္ဦးအား ဆဲဆုိႀကိမ္းေမာင္းမႈ၊ အားေပးကူညီမႈ စေသာ ပုဒ္မ သုံးခုျဖင့္ အမႈဖြင့္ အေရးယူထားေၾကာင္း ကညြတ္ကြင္းနယ္ေျမ ရဲစခန္းမွ သိရသည္။

“သူတုိ႔ကုိ အမႈဖြင့္ထားတာ ဟုတ္ပါတယ္၊ ၂၉၄ ၊ ၅၀၆၊ ၁၁၄ နဲ႕ဖြင့္ထားတယ္၊ ဆဲတာဆုိတာကုိ ၂၉၄ နဲ႕၊ ၅၀၆ က ဆဲဆုိ ႀကိမ္းေမာင္းတာေပါ့၊ ၁၁၄ က အားေပးကူညီတာ သူက အမ်ားနဲ႔ေပါ့၊ အားလုံးေပါင္း ၇ ေယာက္ကုိ ဖြင့္တာ၊ သူတုိ႔က အျပန္အလွန္ဗ်၊ စားက်က္ေျမေတြ ႏြားေက်ာင္းတဲ့ဟာေတြ ဘာေတြနဲ႕ရႈပ္ေနတာ ျဖစ္စဥ္ကေတာ့ အဲ့လုိ သူတုိ႕က တစ္ရြာထဲသားေတြ” ဟု ကညြတ္ကြင္း နယ္ေျမရဲစခန္းမွ တာ၀န္ရွိသူ တစ္ဦးက ေျပာၾကားသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဇြန္ ၉ ရက္ နံနက္ ၁၀ နာရီခြဲ အခ်ိန္ခန္႔က ကညြတ္ကြင္း နယ္ေျမရဲစခန္းအပုိင္ သေျပလဟာေက်းရြာအုပ္စု ရြာမႀကီးေက်းရြာေန ကုိ၀င္းေအး ၁၉ ႏွစ္ (ဘ)
ဦးထြန္းမွန္သည္ ရြာအေနာက္ပုိင္းရွိ စားက်က္ေျမအတြင္း၌ ၄င္းပုိင္ ႏြား ၄ ေကာင္းအား လႊတ္ေက်ာင္းထားခဲ့ေၾကာင္း သိရသည္။ ထုိသုိ႕လႊတ္ေက်ာင္းေနစဥ္
တစ္ရြာထဲေန ဦးရဲ၀ငး္ ၅၄ ႏွစ္(ဘ) ဦးထြန္းေရႊ၊ ကုိညွက္စိ ၃၂ ႏွစ္ (ဘ)ဦးနီ၊ မတင့္ ၄၀ ႏွစ္(ဘ) ဦးခ်စ္ျမ က်ဘမ္းလုပ္၊ မေမရွယ္ ၁၉ ႏွစ္(ဘ) ဦးေအာင္စုိးမုိး၊
ကုိေအာင္ေက်ာ္၀င္း ၂၇ ႏွစ္ (ဘ) ဦးသန္းလႈိင္ တုိ႔မွ ၄င္းတုိ႔ စုိက္ပ်ဳိးထားသည့္ စပါးပင္မ်ားအား ႏြားမ်ားမွ ၀င္ေရာက္ စားေသာက္သည္ဟုဆုိကာ ကုိ၀င္းေအးအား ညစ္ညမ္းစြာဆဲဆုိ
ခဲ့သည့္အျပင္ ကိုေအာင္ေက်ာ္၀င္းမွ အသင့္ပါလာေသာ တစ္ေတာင္ခန္႔ရွိသည့္ ဓားကုတ္ခၽြန္းႏွင့္ လုိက္သျဖင့္ ကုိ၀င္းေအးမွာ ထြက္ေျပးခဲ့ရေၾကာင္း ကညြတ္ကြင္း နယ္ေျမရဲမွတ္တမ္းအရ သိရသည္။

ဆက္လက္ၿပီး ဇြန္ ၁၀ ရက္ ေန႔လည္ ၁ နာရီ အခ်ိန္ခန္႔ကလည္း ကုိ၀င္းေအးမွ တစ္ရြာထဲအတူေန ေဒၚေထြးစိန္ ၅၀ ႏွစ္ (ဘ) ဦးတင္ေသာင္း၊ မစန္းေအး ၅၆ ႏွစ္ (ဘ) ဦးေသာင္းေငြ၊
မမာသီ ၃၃ ႏွစ္ (ဘ) ဦးေအာင္တူးတုိ႔ႏွင့္အတူ ၄င္းစားက်က္ေျမအတြင္း၌ ႏြားမ်ားအား ေက်ာင္းထားစဥ္ ဦးရဲ၀င္း၏ ဇနီးျဖစ္သူ ေဒၚတင္ညြန္႔ ၆၀ ႏွစ္ (ဘ) ဦးေခြးပုႏွင့္ ၄င္း၏ သမီးျဖစ္သူ မသက္သက္ဦး ၂၉ ႏွစ္ (ဘ) ဦးရဲ၀င္းတုိ႔ ႏွစ္ဦးမွ ေရာက္ရွိလာကာ ကုိ၀င္းေအး အား ညစ္ညမ္းစြာ ဆဲဆုိႀကိမ္းေမာင္းျခင္း၊ ေဒၚတင္ညြန္႔မွ ထမိန္လွန္ျပျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္း ကညြတ္ကြင္း နယ္ေျမရဲစခန္း၏ ရဲမွတ္တမ္းတြင္ ေဖာ္ျပထားခ်က္အရ သိရသည္။

အဆုိပါ ျပသာနာမ်ားႏွင့္ ပတ္သက္၍ ေက်းရြာရာအိမ္မွဴး ဦးတင္ေထြးမွ ႏွစ္ဦးႏွစ္ဘက္ ေျပလည္ေစရန္ ေက်းရြာတြင္ ေခၚယူညွိႏႈိင္းေျဖရွင္း ေဆာင္ရြက္ေပးခဲ့ေသာ္လည္း ေျပလည္မႈ မရရွိေသာေၾကာင့္၊ ဆဲဆုိႀကိမ္းေမာင္းခံရသူ ကုိ၀င္းေအးမွ ေဒၚတင္ညြန္႕အပါအ၀င္ ၇ ဦးအား ဥပေဒအရ အေရးယူေပးရန္ ဇြန္ ၁၃ ရက္က အမႈဖြင့္ တုိင္ၾကားခဲ့သျဖင့္ (ပ) ၁၅၇/၂၀၁၇၊ ျပစ္မႈပုဒ္မ ၂၉၄/၅၀၆/၁၁၄ တုိ႔ျဖင့္ အမႈဖြင့္ အေရးယူထားခဲ့ေၾကာင္း သိရသည္။


Writer:
ေဇာ္၀င္းခ်စ္ (ေတာင္ငူ)
news-eleven
============

အွန်လိုင်းတွင် ပျံနှံ့ခဲ့သည့် ရုပ်သံဖိုင်ပါ ဒေါ်တင်ညွန့် အပါအဝင် ဒေသခံ ခုနှစ်ဦးအား ဆဲဆိုကြိမ်းမောင်းမှု၊ အားပေးကူညီမှု စသော ပုဒ်မ သုံးခုဖြင့် အမှုဖွင့် အရေးယူထားကြောင်း ကညွတ်ကွင်းနယ်မြေ ရဲစခန်းမှ သိရသည်။

“သူတို့ကို အမှုဖွင့်ထားတာ ဟုတ်ပါတယ်၊ ၂၉၄ ၊ ၅၀၆၊ ၁၁၄ နဲ့ဖွင့်ထားတယ်၊ ဆဲတာဆိုတာကို ၂၉၄ နဲ့၊ ၅၀၆ က ဆဲဆို ကြိမ်းမောင်းတာပေါ့၊ ၁၁၄ က အားပေးကူညီတာ သူက အများနဲ့ပေါ့၊ အားလုံးပေါင်း ၇ ယောက်ကို ဖွင့်တာ၊ သူတို့က အပြန်အလှန်ဗျ၊ စားကျက်မြေတွေ နွားကျောင်းတဲ့ဟာတွေ ဘာတွေနဲ့ရှုပ်နေတာ ဖြစ်စဉ်ကတော့ အဲ့လို သူတို့က တစ်ရွာထဲသားတွေ” ဟု ကညွတ်ကွင်း နယ်မြေရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန် ၉ ရက် နံနက် ၁၀ နာရီခွဲ အချိန်ခန့်က ကညွတ်ကွင်း နယ်မြေရဲစခန်းအပိုင် သပြေလဟာကျေးရွာအုပ်စု ရွာမကြီးကျေးရွာနေ ကိုဝင်းအေး ၁၉ နှစ် (ဘ)
ဦးထွန်းမှန်သည် ရွာအနောက်ပိုင်းရှိ စားကျက်မြေအတွင်း၌ ၄င်းပိုင် နွား ၄ ကောင်းအား လွှတ်ကျောင်းထားခဲ့ကြောင်း သိရသည်။ ထိုသို့လွှတ်ကျောင်းနေစဉ်
တစ်ရွာထဲနေ ဦးရဲဝငး် ၅၄ နှစ်(ဘ) ဦးထွန်းရွှေ၊ ကိုညှက်စိ ၃၂ နှစ် (ဘ)ဦးနီ၊ မတင့် ၄၀ နှစ်(ဘ) ဦးချစ်မြ ကျဘမ်းလုပ်၊ မမေရှယ် ၁၉ နှစ်(ဘ) ဦးအောင်စိုးမိုး၊
ကိုအောင်ကျော်ဝင်း ၂၇ နှစ် (ဘ) ဦးသန်းလှိုင် တို့မှ ၄င်းတို့ စိုက်ပျိုးထားသည့် စပါးပင်များအား နွားများမှ ဝင်ရောက် စားသောက်သည်ဟုဆိုကာ ကိုဝင်းအေးအား ညစ်ညမ်းစွာဆဲဆို
ခဲ့သည့်အပြင် ကိုအောင်ကျော်ဝင်းမှ အသင့်ပါလာသော တစ်တောင်ခန့်ရှိသည့် ဓားကုတ်ချွန်းနှင့် လိုက်သဖြင့် ကိုဝင်းအေးမှာ ထွက်ပြေးခဲ့ရကြောင်း ကညွတ်ကွင်း နယ်မြေရဲမှတ်တမ်းအရ သိရသည်။

ဆက်လက်ပြီး ဇွန် ၁၀ ရက် နေ့လည် ၁ နာရီ အချိန်ခန့်ကလည်း ကိုဝင်းအေးမှ တစ်ရွာထဲအတူနေ ဒေါ်ထွေးစိန် ၅၀ နှစ် (ဘ) ဦးတင်သောင်း၊ မစန်းအေး ၅၆ နှစ် (ဘ) ဦးသောင်းငွေ၊
မမာသီ ၃၃ နှစ် (ဘ) ဦးအောင်တူးတို့နှင့်အတူ ၄င်းစားကျက်မြေအတွင်း၌ နွားများအား ကျောင်းထားစဉ် ဦးရဲဝင်း၏ ဇနီးဖြစ်သူ ဒေါ်တင်ညွန့် ၆၀ နှစ် (ဘ) ဦးခွေးပုနှင့် ၄င်း၏ သမီးဖြစ်သူ မသက်သက်ဦး ၂၉ နှစ် (ဘ) ဦးရဲဝင်းတို့ နှစ်ဦးမှ ရောက်ရှိလာကာ ကိုဝင်းအေး အား ညစ်ညမ်းစွာ ဆဲဆိုကြိမ်းမောင်းခြင်း၊ ဒေါ်တင်ညွန့်မှ ထမိန်လှန်ပြခြင်းများ ပြုလုပ်ခဲ့ကြောင်း ကညွတ်ကွင်း နယ်မြေရဲစခန်း၏ ရဲမှတ်တမ်းတွင် ဖော်ပြထားချက်အရ သိရသည်။

အဆိုပါ ပြသာနာများနှင့် ပတ်သက်၍ ကျေးရွာရာအိမ်မှူး ဦးတင်ထွေးမှ နှစ်ဦးနှစ်ဘက် ပြေလည်စေရန် ကျေးရွာတွင် ခေါ်ယူညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့သော်လည်း ပြေလည်မှု မရရှိသောကြောင့်၊ ဆဲဆိုကြိမ်းမောင်းခံရသူ ကိုဝင်းအေးမှ ဒေါ်တင်ညွန့်အပါအဝင် ၇ ဦးအား ဥပဒေအရ အရေးယူပေးရန် ဇွန် ၁၃ ရက်က အမှုဖွင့် တိုင်ကြားခဲ့သဖြင့် (ပ) ၁၅၇/၂၀၁၇၊ ပြစ်မှုပုဒ်မ ၂၉၄/၅၀၆/၁၁၄ တို့ဖြင့် အမှုဖွင့် အရေးယူထားခဲ့ကြောင်း သိရသည်။


Writer:
ဇော်ဝင်းချစ် (တောင်ငူ)
news-eleven

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...