အားကိုးအားထိုက္ျပဳေလာက္ေသာ ခင္ပြန္းအလိုရိွသည္


အသက္ ၄၀ အပ်ိဳၾကီးတစ္ေယာက္ သတင္းစာထဲမွာ ေၾကာ္ညာထည္႕သည္
၁။ အရက္မေသာက္ရ
၂။ေဆးလိပ္မေသာက္ရ
၃။မိန္းမမလိုက္စားရ
၄။ဖဲမရိုက္ရ
၅။အသက္ ၄၅ထက္မၾကီးရ
၆။လူပ်ိဳျဖစ္ရမည္
အထက္ပါအခ်က္လက္မ်ားျပည္႕စံုပါက ေအာက္ပါလိပ္စာအတိုင္းဆက္သြယ္ပါ"

ေနာက္ေန႕မနက္ေရာက္ေတာ့ အိမ္ေရွ႕မွာ တံခါးလာေခါက္သည္။
ဖြင့္ၾကည္႕လိုက္ေတာ့ အရက္ကို အလြန္အကၽြံမူးေနေအာင္ေသာက္ထားေသာသူတစ္ေယာက္ျဖစ္ေနသည္ ပါးစပ္တြင္ေဆးေပါလိပ္ခဲထားသည္။

အပ်ိဳၾကီးက ေမးလိုက္သည္

ဘာကိစၥတုန္း

အာေလးရွာေလးနဲ႕အမူးသမားျပန္ေျဖသည္

ဒီလိုပါ က်ဳပ္သတင္းစာထဲမွာ ခင္ဗ်ားေၾကာ္ညာေတြ႕လို႕လာခဲ့တာပါ

အပ်ိဳၾကီးက ၀မ္းသာအားရႏွင့္

အပ်ိဳၾကီး - ရွင္!!!!!!! ဟုတ္လား ဒါဆိုရွင္က အရက္မေသာက္တတ္ဘူးေပါ့

အမူးသမား - ေမွာက္သြားတဲ့ထိေသာက္တယ္

အပ်ိဳၾကီး - ဟင္ ... ဒါဆို ေဆးလိပ္မေသာက္တတ္ဘူးေပါ့

အမူးသမား - ခုေတာင္ခဲထားတာမေတြ႕ဘူးလား မျပတ္တမ္းေသာက္တယ္

အပ်ိဳၾကီး - ဒါဆို ဖဲမရိုက္တတ္ဘူးေပါ့

အမူးသမား - အခုပဲဖဲ၀ိုင္းက ထလာတာ

အပ်ိဳၾကီး - မိန္းမေတာ့ မလိုက္စားတတ္ေလာက္ပါဘူး

အမူးသမား - သူငယ္ခ်င္းမိန္းမေတာင္မေရွာင္ဘူး

အပ်ိဳၾကီး - အသက္ကေတာ့ ၄၅ႏွစ္မေက်ာ္ေသးပါဘူးေနာ္

အမူးသမား - ၅၀ျပည္႕ေတာ့မယ္ လပိုင္းပဲလိုေတာ့တယ္

အပ်ိဳၾကီး - ဒါဆို လူပ်ိဳေတာ့ဟုတ္တယ္မလား

အမူးသမား - မိန္းမ ယူတာ ႏွစ္ေယာက္ရိွျပီ ကြာရွင္းထားတာခုက

အပ်ိဳၾကီး - ဒါဆို ဘာလို႕လာေနေသးတာလဲ ေသနာက်ရဲ႕ %^&*$%$#

အမူးသမား - က်ဳပ္ကိုမေမွ်ာ္လင့္နဲ႕လို႕လာေျပာတာ … ။

အသက် ၄၀ အပျိုကြီးတစ်ယောက် သတင်းစာထဲမှာ ကြော်ညာထည့်သည်

Unicode
အားကိုးအားထိုက်ပြုလောက်သော ခင်ပွန်းအလိုရှိသည်

၁။ အရက်မသောက်ရ
၂။ဆေးလိပ်မသောက်ရ
၃။မိန်းမမလိုက်စားရ
၄။ဖဲမရိုက်ရ
၅။အသက် ၄၅ထက်မကြီးရ
၆။လူပျိုဖြစ်ရမည်
အထက်ပါအချက်လက်များပြည့်စုံပါက အောက်ပါလိပ်စာအတိုင်းဆက်သွယ်ပါ"

နောက်နေ့မနက်ရောက်တော့ အိမ်ရှေ့မှာ တံခါးလာခေါက်သည်။
ဖွင့်ကြည့်လိုက်တော့ အရက်ကို အလွန်အကျွံမူးနေအောင်သောက်ထားသောသူတစ်ယောက်ဖြစ်နေသည် ပါးစပ်တွင်ဆေးပေါလိပ်ခဲထားသည်။

အပျိုကြီးက မေးလိုက်သည်

ဘာကိစ္စတုန်း

အာလေးရှာလေးနဲ့အမူးသမားပြန်ဖြေသည်

ဒီလိုပါ ကျုပ်သတင်းစာထဲမှာ ခင်ဗျားကြော်ညာတွေ့လို့လာခဲ့တာပါ

အပျိုကြီးက ဝမ်းသာအားရနှင့်

အပျိုကြီး - ရှင်!!!!!!! ဟုတ်လား ဒါဆိုရှင်က အရက်မသောက်တတ်ဘူးပေါ့

အမူးသမား - မှောက်သွားတဲ့ထိသောက်တယ်

အပျိုကြီး - ဟင် ... ဒါဆို ဆေးလိပ်မသောက်တတ်ဘူးပေါ့

အမူးသမား - ခုတောင်ခဲထားတာမတွေ့ဘူးလား မပြတ်တမ်းသောက်တယ်

အပျိုကြီး - ဒါဆို ဖဲမရိုက်တတ်ဘူးပေါ့

အမူးသမား - အခုပဲဖဲဝိုင်းက ထလာတာ

အပျိုကြီး - မိန်းမတော့ မလိုက်စားတတ်လောက်ပါဘူး

အမူးသမား - သူငယ်ချင်းမိန်းမတောင်မရှောင်ဘူး

အပျိုကြီး - အသက်ကတော့ ၄၅နှစ်မကျော်သေးပါဘူးနော်

အမူးသမား - ၅၀ပြည့်တော့မယ် လပိုင်းပဲလိုတော့တယ်

အပျိုကြီး - ဒါဆို လူပျိုတော့ဟုတ်တယ်မလား

အမူးသမား - မိန်းမ ယူတာ နှစ်ယောက်ရှိပြီ ကွာရှင်းထားတာခုက

အပျိုကြီး - ဒါဆို ဘာလို့လာနေသေးတာလဲ သေနာကျရဲ့ %^&*$%$#

အမူးသမား - ကျုပ်ကိုမမျှော်လင့်နဲ့လို့လာပြောတာ … ။

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...