၁၈ထပ္အျမင့္မွ ခုန္ခ်ကာ အဆုံးစီရင္ခဲ့သူ မဇင္မာဦး ရဲ႕ ေနာက္ဆုံးစကား

စင္ကာပူနိုင္ငံတြင္ ဇြန္လ ၁၂ ရက္ေန႕ ညပိုင္းက အိမ္အကူျမန္မာအမ်ိဳးသမီးငယ္တစ္ဦး ၁၈ လႊာအျမင့္မွ ခုန္ခ်ကာ အဆုံးစီရင္သြားခဲ့သည္။
အဆိုပါ ျမန္မာမေလးမွာ အဆုံမစီရင္မီ တိုက္ဝရန္တာ၏ အစြန္အဖ်ားမွာ ညေန ၅ နာရီခြဲခန႔္ကထဲက တစ္ဦးတည္း ထြက္ထိုင္ေနခဲ့ျခင္းျဖစ္သည္။ သူမကို ေတြ႕ရွိသူက တိုက္ေပၚက ခုန္ခ်နိဳင္သည္ဟု ယူဆသည့္အေလွ်ာက္ သူမအား ေျဖာင္းဖ်ေပးနိုင္မည့္ ျမန္မာတစ္ဦးအား ေခၚေပမည္ဟု ေျပာဆိုခဲ့ေသာ္လည္း သူမက အခင္ဆုံးသူငယ္ခ်င္းျဖစ္သည့္ အျခားအိမ္အကူ အင္ဒိုနီးရွားမေလးႏွင့္သာ စကားေျပာလိုေၾကာင္း ေတာင္းဆိုခဲ့သျဖင့္ အင္ဒိုနီးရွားမေလးကို ေခၚယူကာစကားေျပာဆိုေစခဲ့သည္။

ဗီဒီယိုဖိုင္တြင္ ပါရွိေသာ အသံမ်ားအရ ဗီဒီယိုရိုက္ကူးေနေသာ အမ်ိဳးသားက ျမန္မာမေလးအား ေရတိုက္ရန္၊ ဂ႐ုစိုက္ရန္ ေျပာၾကားခဲ့သည္။ ထိုေနာက္ အင္ဒိုနီးရွားမေလးက ေရာက္တတ္ရာရာ စကားမ်ားေလွ်ာက္ေျပာေပးရာ နင္တို႔နိုင္ငံမွာ ရာသီဥတုက ဘယ္လိုလဲ၊ ႏွင္းေရာက်လား စသည္ျဖင့္တို႔ကို မိနစ္ ၉၀ ၾကာေအာင္ ေျပာဆိုခဲ့ၾကသည္။

အေျခအေနေကာင္းလာၿပီး သူမတိုက္ေပၚသို႔ ျပန္တက္လာမည္ဟု ေမွ်ာ္လင့္ေနခ်ိန္တြင္ ႐ုတ္တရက္ တိုက္ေပၚမွ ေျခကန္ကာခုန္ခ်သြားခဲ့ျခင္းျဖစ္သည္။ သူမ ခုန္ခ်ခဲ့ရာ တိုက္သည္ ရိုးရိုးသာမန္တိုက္မ်ားကဲ့သို႔ ရွင္းရွင္းလင္းလင္း ေဆာက္ထားသည့္ ပုံစံမဟုတ္ပဲ တိုက္တစ္ခုေပၚကို ေနာက္ထပ္တိုက္တစ္ခုက ကန႔္လန႔္ျဖတ္ စကၠဴဗူးမ်ားထပ္ထားသည့္သဖြယ္ ေဆာက္လုပ္ထားျခင္းျဖစ္ၿပီး ၂၀၁၅ ခုႏွစ္ကမၻာအေကာင္းဆုံး ဗိသုကာဆုကို ရရွိခဲ့သည့္ ဒီဇိုင္းျဖစ္သည္။ ထို႔ေၾကာင့္ သူမခုန္ခ်နိဳင္မည္ဟု ခန႔္မွန္းကာ ေလေမြ႕ယာမ်ားခ်ထားခဲ့ေသာ္လည္း သူမ၏ အသက္ကို မက္တင္နိုင္ပဲ ေသဆုံးခဲ့ရသည္။
Credit:Popolay
=========
စင်ကာပူနိုင်ငံတွင် ဇွန်လ ၁၂ ရက်နေ့ ညပိုင်းက အိမ်အကူမြန်မာအမျိုးသမီးငယ်တစ်ဦး ၁၈ လွှာအမြင့်မှ ခုန်ချကာ အဆုံးစီရင်သွားခဲ့သည်။
အဆိုပါ မြန်မာမလေးမှာ အဆုံမစီရင်မီ တိုက်ဝရန်တာ၏ အစွန်အဖျားမှာ ညနေ ၅ နာရီခွဲခန့်ကထဲက တစ်ဦးတည်း ထွက်ထိုင်နေခဲ့ခြင်းဖြစ်သည်။ သူမကို တွေ့ရှိသူက တိုက်ပေါ်က ခုန်ချနိုင်သည်ဟု ယူဆသည့်အလျှောက် သူမအား ဖြောင်းဖျပေးနိုင်မည့် မြန်မာတစ်ဦးအား ခေါ်ပေမည်ဟု ပြောဆိုခဲ့သော်လည်း သူမက အခင်ဆုံးသူငယ်ချင်းဖြစ်သည့် အခြားအိမ်အကူ အင်ဒိုနီးရှားမလေးနှင့်သာ စကားပြောလိုကြောင်း တောင်းဆိုခဲ့သဖြင့် အင်ဒိုနီးရှားမလေးကို ခေါ်ယူကာစကားပြောဆိုစေခဲ့သည်။

ဗီဒီယိုဖိုင်တွင် ပါရှိသော အသံများအရ ဗီဒီယိုရိုက်ကူးနေသော အမျိုးသားက မြန်မာမလေးအား ရေတိုက်ရန်၊ ဂရုစိုက်ရန် ပြောကြားခဲ့သည်။ ထိုနောက် အင်ဒိုနီးရှားမလေးက ရောက်တတ်ရာရာ စကားများလျှောက်ပြောပေးရာ နင်တို့နိုင်ငံမှာ ရာသီဥတုက ဘယ်လိုလဲ၊ နှင်းရောကျလား စသည်ဖြင့်တို့ကို မိနစ် ၉၀ ကြာအောင် ပြောဆိုခဲ့ကြသည်။

အခြေအနေကောင်းလာပြီး သူမတိုက်ပေါ်သို့ ပြန်တက်လာမည်ဟု မျှော်လင့်နေချိန်တွင် ရုတ်တရက် တိုက်ပေါ်မှ ခြေကန်ကာခုန်ချသွားခဲ့ခြင်းဖြစ်သည်။ သူမ ခုန်ချခဲ့ရာ တိုက်သည် ရိုးရိုးသာမန်တိုက်များကဲ့သို့ ရှင်းရှင်းလင်းလင်း ဆောက်ထားသည့် ပုံစံမဟုတ်ပဲ တိုက်တစ်ခုပေါ်ကို နောက်ထပ်တိုက်တစ်ခုက ကန့်လန့်ဖြတ် စက္ကူဗူးများထပ်ထားသည့်သဖွယ် ဆောက်လုပ်ထားခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်ကမ္ဘာအကောင်းဆုံး ဗိသုကာဆုကို ရရှိခဲ့သည့် ဒီဇိုင်းဖြစ်သည်။ ထို့ကြောင့် သူမခုန်ချနိုင်မည်ဟု ခန့်မှန်းကာ လေမွေ့ယာများချထားခဲ့သော်လည်း သူမ၏ အသက်ကို မက်တင်နိုင်ပဲ သေဆုံးခဲ့ရသည်။

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...