သင္မသိေသးတဲ့ အကယ္ဒမီယြန္းယြန္းရဲ႕ ငယ္ဘ၀ ျဖတ္သန္းရာ အေၾကာင္းမ်ား

ေမွ်ာ္လင့္မထားဘဲ ကေလးသ႐ုပ္ေဆာင္ ျဖစ္လာခဲ့ရာမွ အကယ္ဒမီဆု ရရိွသည္အထိ ေအာင္ျမင္လာခဲ့သူ အကယ္ဒမီယြန္းယြန္းရဲ႕ ငယ္ဘ၀ျဖတ္သန္းရာ

႐ုပ္ရွင္နယ္ပယ္အတြင္းမွာ အေရအတြက္ မမ်ားလွတဲ့ ကေလးသ႐ုပ္ေဆာင္ေတြ ရိွၾကတဲ့အနက္ ဆံပင္ရွည္ရွည္၊ ခ်စ္စဖြယ္ အျပံဳးနဲ႔ အမူအရာ ပီျပင္လွတဲ့ ကေလးသ႐ုပ္ေဆာင္ေလးကေတာ့ အကယ္ဒမီယြန္းယြန္းပဲ ျဖစ္ပါတယ္။ ကေလးသ႐ုပ္ေဆာင္တစ္ဦး အျဖစ္နဲ႔ ဇာတ္ကားေပါင္းမ်ားစြာမွာ ပါ၀င္ခဲ့သလို အကယ္ဒမီထူးခြၽန္ဆုသမိုင္းမွာ ရခဲလွတဲ့ ကေလးသ႐ုပ္ေဆာင္ အထူးဆုကိုပါ ဆြတ္ခူးရရိွႏိုင္ခဲ့သူ ျဖစ္ပါတယ္။ လက္ရိွအခ်ိန္မွာေတာ့ တကၠသိုလ္ တက္ေရာက္ေနၿပီး ဆယ္ေက်ာ္သက္အရြယ္ကို ေရာက္ရိွေနသူလည္း ျဖစ္ပါတယ္။ ခ်စ္ခင္တဲ့ပရိသတ္မ်ားရဲ႕ မ်က္စိေရွ႕ေမွာက္မွာပဲ တစစႀကီးျပင္း အရြယ္ေရာက္လာခဲ့သူ အကယ္ဒမီယြန္းယြန္းရဲ႕ ငယ္စဥ္ဘ၀ အမွတ္တရ ပံုရိပ္အခ်ဳိ႕ကို တင္ဆက္ေပးခ်င္ပါတယ္။

ယြန္းယြန္းကို ဇန္န၀ါရီ ၁၉ ရက္ ၂၀၀၀ ျပည့္ႏွစ္မွာ ရန္ကုန္ၿမိဳ႕မွာပဲ ေမြးဖြားခဲ့တာပဲ ျဖစ္ပါတယ္။ အဘြားျဖစ္သူက သ႐ုပ္ေဆာင္ ေဒၚသဲႏုေအာင္ျဖစ္တာေၾကာင့္ အႏုပညာမ်ဳိး႐ိုးရိွသူ တစ္ဦးလို႔လည္း ေျပာလို႔ရပါတယ္။ ငယ္စဥ္ကေလးဘ၀မွာကေတာ့ ႐ုပ္ရွင္႐ိုက္တမ္း ကစားတာေတြ၊ သ႐ုပ္ေဆာင္ တစ္ေယာက္လို ဟန္ပန္လုပ္တာေတြ၊ ေၾကာ္ျငာေတြထဲက မင္းသမီးရဲ႕ဟန္ပန္အတိုင္း လိုက္လုပ္တတ္တာေတြက အမွတ္တရပါပဲလို႔ ယြန္းယြန္းက ဆိုပါတယ္။ ယြန္းယြန္းရဲ႕ ကေလးသ႐ုပ္ေဆာင္ တစ္ဦးအေနနဲ႔ ပထမဆံုးအစက အသက္သံုးႏွစ္ခဲြေလာက္မွာ ဗီဒီယိုဇာတ္ကားတစ္ကားမွာ ပါ၀င္ျဖစ္သြားတာပါလို႔ အမွတ္တရ ေျပာျပခဲ့ပါတယ္။

“အရင္ကတည္းကလည္း ႐ႈတင္ေတြနဲ႔က မစိမ္းေတာ့ ႐ႈတင္ေတြ လိုက္သြားရင္းနဲ႔ အသက္သံုးႏွစ္ခဲြေလာက္မွာ ႐ိုက္မလားလို႔ လူႀကီးေတြက ေမးၾကတာေပါ့။ အျမဲတမ္း ျမင္ေတြ႔ေနက် အရာလည္းျဖစ္ေနေတာ့ လုပ္မယ္ဆိုၿပီးေတာ့ပဲ ပထမဆံုးဇာတ္ကားကို ႐ိုက္ျဖစ္သြားတာ။ တကယ္တမ္း႐ိုက္ေတာ့ လူႀကီးေတြ အမ်ားႀကီးနဲ႔ ေန႔တုိင္း႐ိုက္လိုက္ရလို႔လားေတာ့ မသိဘူး။ ဇာတ္ကားၿပီးေတာ့ ဖ်ားသြားတာလည္း အမွတ္တရပါပဲ။ အဲဒီပထမဆံုး ဇာတ္ကားက ဦးေက်ာ္ဟိန္းနဲ႔ ဗီဒီယိုဇာတ္ကားပါ။ ဦးေက်ာ္ဟိန္းကို နာမည္ႀကီးတယ္ဆိုတာလည္း ကေလးဆိုေတာ့ သိပ္မသိဘူး။ ဦးေက်ာ္ဟိန္းရဲ႕ သမီးေနရာက သ႐ုပ္ေဆာင္ရတာဆိုေတာ့ သူကလည္းေႏြးေႏြးေထြးေထြး ဆက္ဆံတဲ့ အခါက်ေတာ့ အဲဒီဇာတ္ကား႐ိုက္ေနရင္းနဲ႔ ကိုယ္သ႐ုပ္ေဆာင္ရမယ့္ အခ်ိန္မဟုတ္ရင္ေတာင္ ဦးေက်ာ္ဟိန္းကို ေဖေဖဆိုၿပီး ေခၚေနတာကေတာ့ အမွတ္တရပါပဲ” လို႔ ယြန္းယြန္းက ေျပာျပခဲ့ပါတယ္။

ဒီေနာက္မွာေတာ့ ယြန္းယြန္းက ႐ုပ္ရွင္နဲ႔ ဗီဒီယိုဇာတ္ကားေပါင္းမ်ားစြာမွာ ကေလးသ႐ုပ္ေဆာင္ တစ္ဦးအေနနဲ႔ ပါ၀င္သ႐ုပ္ေဆာင္ခဲ့ပါတယ္။ ဗီဒီယိုမွာဆိုရင္ေတာ့ ဒါ႐ိုက္တာ ေက်ာ္ေဇာလင္း (အေတြးပံုရိပ္) နဲ႔ ႐ိုက္ကူးျဖစ္ခဲ့တဲ့ ဇာတ္ကားေလးေတြကို အမွတ္တရရိွခဲ့ၿပီး ႐ုပ္ရွင္ကားႀကီးေတြမွာေတာ့ အကယ္ဒမီ၀ိုင္းနဲ႔ ႐ိုက္ကူးခဲ့ရတဲ့ ေစတန္ရဲ႕ကေခ်သည္၊ လက္ပံ၊ ကြၽန္မကႏွင္းဆီပါေမာင္ ဇာတ္ကားေတြက အမွတ္တရပါလို႔ ဆိုပါတယ္။ ဇာတ္ကားတစ္ကားခ်င္းစီတိုင္းမွာ သိကြၽမ္းနားလည္သေလာက္ ႀကိဳးစားခဲ့တာျဖစ္လို႔ ျပန္ၾကည့္တိုင္းေတာ့ အမွတ္ရပါတယ္လို႔လည္း ဆိုခဲ့ပါေသးတယ္။

ယြန္းယြန္းက ကေလးသ႐ုပ္ေဆာင္ တစ္ဦးအေနနဲ႔ အႏုပညာလုပ္ငန္းေတြ လုပ္ကိုင္ေနရင္းမွာပဲ ေက်ာင္းပညာေရးကိုလည္း မလစ္ဟင္းေစခဲ့ပါဘူး။ ေက်ာင္းစာေတြကို နားလည္တတ္ကြၽမ္းေအာင္ အပင္ပန္းခံၿပီး ႀကိဳးစားခဲ့တယ္လို႔ ဆိုပါတယ္။ ေက်ာင္းတက္စဥ္မွာ ေတြ႕ဆံုခဲ့ရတဲ့ သူငယ္ခ်င္းေတြကေတာ့ ငယ္စဥ္ကေလးဘ၀တည္းက သူငယ္ခ်င္းမ်ားနဲ႔သာ ႏွစ္စဥ္အတန္းတိုင္းမွာ ၾကံဳဆံုရတာျဖစ္လို႔ ကေလးသ႐ုပ္ေဆာင္အျဖစ္ တည္ရိွေနမႈက ေက်ာင္းသူတစ္ေယာက္ဘ၀ကိုလည္း အမ်ားႀကီး အေႏွာင့္အယွက္ မျဖစ္ေစခဲ့ဘူးလို႔ ယြန္းယြန္းက ဆိုပါတယ္။

ကေလးသ႐ုပ္ေဆာင္တစ္ဦးအျဖစ္ ဇာတ္ကားေပါင္းမ်ားစြာ ႐ိုက္ကူးအၿပီးမွာေတာ့ ‘တိမ္မင္းသမီးရဲ႕ဒ႑ာရီ’ ႐ုပ္ရွင္ဇာတ္ကားမွာ ႏွစ္ကိုယ္ခဲြဇာတ္႐ုပ္နဲ႔ အကယ္ဒမီသမိုင္းရဲ႕ ရခဲလွတဲ့ အထူးဆုကို ရရိွခဲ့ပါတယ္။ ဒီဇာတ္ကားမွာ ႀကိဳးစားအားထုတ္ခဲ့ရတဲ့ အမွတ္တရေတြနဲ႔ ဆုရရိွခဲ့တဲ့အေပၚ ေပ်ာ္ရႊင္မႈကိုလည္း ယြန္းယြန္းက အခုလိုပဲ ဆိုပါတယ္။

“အဲဒီဇာတ္ကားမွာက ယြန္းလည္းအရမ္းပင္ပန္းသလို ေမေမလည္းေတာ္ေတာ္ေလး ပင္ပန္းတယ္။ ဇာတ္ကားထဲက ႏွစ္ကိုယ္ခဲြစ႐ိုက္က လံုး၀ဆန္႔က်င္ဘက္ ျဖစ္ေနရမွာေလ။ ႐ိုက္ေနရင္းနဲ႔ မိတ္ကပ္၊ ဆံပင္ကအစ ပံုစံခ်က္ခ်င္း ေျပာင္းရတာဆိုေတာ့ ေတာ္ေတာ္ေလး ျပင္ဆင္ရသလို ပင္ပန္းတယ္။ ၿပီးေတာ့နယ္မွာ အခ်ိန္ယူၿပီးသြား ႐ိုက္ခဲ့ရတဲ့ဇာတ္လမ္းေပါ့။ အဲဒီလိုပင္ပန္းတာေတြက ႐ံုတင္တဲ့အခ်ိန္ ပရိသတ္ေတြက ႀကိဳက္တယ္ဆိုတာနဲ႔တင္ ေက်နပ္ေနပါၿပီ။ ဆုေတြဘာေတြလည္း မမွန္းပါဘူး။ တကယ္တမ္း အကယ္ဒမီပဲြနီးလာေတာ့ ပရိသတ္ေတြကလည္း ရေစခ်င္ၾကတယ္။ မီဒီယာေတြကလည္း ေမးေပးၾကတယ္ဆိုေတာ့ ရင္ေတာ့ခုန္တာေပါ့။ တကယ္လည္း ဆုရသြားေရာ ကိုယ္တိုင္အတြက္ေပ်ာ္တယ္ဆိုတာထက္ ရေစခ်င္တဲ့သူေတြ ေပ်ာ္ၾကတယ္ဆိုတာနဲ႔တင္ ေက်နပ္ပါတယ္” လို႔ ယြန္းယြန္းက အမွတ္တရ ဆိုခဲ့ပါတယ္။

ယြန္းယြန္းက ဆယ္ေက်ာ္သက္အရြယ္ ေရာက္လာခ်ိန္မွာေတာ့ ကေလးသ႐ုပ္ေဆာင္ တစ္ဦးအေနနဲ႔ ဇာတ္ကား႐ိုက္ကူးမႈေတြ ရပ္နားၿပီး တကၠသိုလ္၀င္တန္း စာေမးပဲြကို ဂုဏ္ထူးႏွစ္ဘာသာနဲ႔ ထူးခြၽန္စြာ ေအာင္ျမင္ေအာင္ ႀကိဳးစားခဲ့ပါတယ္။ ဒီေနာက္မွာေတာ့ စိတ္ပညာအထူးျပဳနဲ႔ တကၠသိုလ္တက္ေရာက္ေနသလို ႏိုင္ငံတကာ အသိအမွတ္ျပဳ လက္မွတ္တစ္ခုျဖစ္တဲ့ UK က ABE Business Management ကို Level 4 ေျဖဆိုေအာင္ျမင္ထားၿပီး Level 5 မွာ တက္ေရာက္ေနတယ္လို႔ ေျပာျပခဲ့ပါတယ္။

ဆယ္ေက်ာ္သက္အရြယ္ေရာက္လာခ်ိန္မွာ အကယ္ဒမီယြန္းယြန္းက ေနာက္ထပ္ အႏုပညာေျခလွမ္းသစ္ တစ္ခုအေနနဲ႔ ‘မေန႔ကျဖစ္သည္’ ႐ုပ္သံဇာတ္လမ္းတဲြမွာပါ၀င္ သ႐ုပ္ေဆာင္ခဲ့ပါတယ္။

‘မေန႔ကျဖစ္သည္’ ဇာတ္လမ္းတဲြနဲ႔ ပတ္သက္လို႔လည္း သ႐ုပ္ေဆာင္ ယြန္းယြန္းက “အဲဒီဇာတ္ကားက ဇာတ္လမ္းေလးကို ၾကည့္ေတာ့လည္း လုပ္ၾကည့္ခ်င္တယ္။ မလုပ္ဖူးေသးတဲ့ ကာ႐ိုက္တာမ်ဳိးေပါ့။ တဲြဖက္သ႐ုပ္ေဆာင္ရမွာကလည္း လူငယ္ေတြပဲဆိုေတာ့ လုပ္ၾကည့္မယ္ေလဆိုၿပီး ႐ိုက္ျဖစ္သြားတာ။ တကယ္တမ္း႐ိုက္တဲ့ အခ်ိန္ေတြတုန္းကလည္း လူတစ္ေယာက္ကို ခ်စ္မိသြားတဲ့ ဆယ္ေက်ာ္သက္ မိန္းကေလးတစ္ေယာက္ ခံစားမႈမ်ဳိး၊ သူ႔ကိုစိတ္၀င္စားလာေအာင္ မာယာေတြ သံုးရတာမ်ဳိးဆိုရင္ ခက္ခဲပါတယ္။ စိတ္ေတြက်ဥ္းက်ပ္မိတဲ့အထိ ခက္ခဲခဲ့တယ္။ ႐ုပ္သံမွာျပတဲ့ အခါက်ေတာ့လည္း ပရိသတ္ေတြက ယြန္းကိုပဲေတြ အရမ္းမ်ားလာတယ္။ အိုဗာအက္တင္ေတြ လုပ္တယ္လို႔ ဇာတ္ကားအစပိုင္းမွာ ေျပာၾကေတာ့ စိတ္မေကာင္းျဖစ္ရတာေပါ့ေနာ္။ တကယ္တမ္း ဇာတ္ကားဆံုးသြားတဲ့ အခါက်ေတာ့မွ ဒီလိုစိတၱဇေ၀ဒနာရိွလို႔ ဒီလိုအိုဗာေတြ လုပ္ျပတာပါလားလို႔ နားလည္ၿပီး ခ်ီးက်ဴးၾကတယ္။ အဲဒီအခ်ိန္က်မွပဲ သက္ျပင္းခ်ႏိုင္ပါတယ္။ ယြန္းအတြက္ေတာ့ အမွတ္တရရိွရတဲ့ ဇာတ္ကားတစ္ကားပါ” လို႔ ေျပာျပခဲ့ပါတယ္။

လက္ရိွမွာေတာ့ ေခါင္းေဆာင္မင္းသမီးအေနနဲ႔ ႐ိုက္ကူးဖို႔ ကမ္းလွမ္းမႈေတြ ရိွေပမယ့္ ကေလးအျဖစ္သာ ျမင္ေသးတဲ့ ပရိသတ္ေတြနဲ႔ ေခါင္းေဆာင္မင္းသမီးအျဖစ္ ႐ိုက္ေစခ်င္တဲ့ ပရိသတ္ႏွစ္ပိုင္းကဲြေနတာေၾကာင့္ ေတြေ၀ေနမိတယ္လို႔လည္း ပြင့္ပြင့္လင္းလင္း ဆိုခဲ့ပါတယ္။ လက္ရိွအသက္အရြယ္၊ ဇာတ္ေကာင္စ႐ိုက္နဲ႔ အံ၀င္ခြင္က်ျဖစ္တာမ်ဳိး ရိွရင္ေတာ့ အေကာင္းဆံုးေရြးခ်ယ္ၿပီးေတာ့ လုပ္ျဖစ္သြားမွာပါလို႔လည္း ယြန္းယြန္းက ဆိုခဲ့ပါတယ္။

လင္းလင္းခိုင္
http://news-eleven.com/entertainment/38168
============

ရုပ်ရှင်နယ်ပယ်အတွင်းမှာ အရေအတွက် မများလှတဲ့ ကလေးသရုပ်ဆောင်တွေ ရှိကြတဲ့အနက် ဆံပင်ရှည်ရှည်၊ ချစ်စဖွယ် အပြုံးနဲ့ အမူအရာ ပီပြင်လှတဲ့ ကလေးသရုပ်ဆောင်လေးကတော့ အကယ်ဒမီယွန်းယွန်းပဲ ဖြစ်ပါတယ်။ ကလေးသရုပ်ဆောင်တစ်ဦး အဖြစ်နဲ့ ဇာတ်ကားပေါင်းများစွာမှာ ပါဝင်ခဲ့သလို အကယ်ဒမီထူးချွန်ဆုသမိုင်းမှာ ရခဲလှတဲ့ ကလေးသရုပ်ဆောင် အထူးဆုကိုပါ ဆွတ်ခူးရရှိနိုင်ခဲ့သူ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ တက္ကသိုလ် တက်ရောက်နေပြီး ဆယ်ကျော်သက်အရွယ်ကို ရောက်ရှိနေသူလည်း ဖြစ်ပါတယ်။ ချစ်ခင်တဲ့ပရိသတ်များရဲ့ မျက်စိရှေ့မှောက်မှာပဲ တစစကြီးပြင်း အရွယ်ရောက်လာခဲ့သူ အကယ်ဒမီယွန်းယွန်းရဲ့ ငယ်စဉ်ဘဝ အမှတ်တရ ပုံရိပ်အချို့ကို တင်ဆက်ပေးချင်ပါတယ်။

ယွန်းယွန်းကို ဇန်နဝါရီ ၁၉ ရက် ၂၀၀၀ ပြည့်နှစ်မှာ ရန်ကုန်မြို့မှာပဲ မွေးဖွားခဲ့တာပဲ ဖြစ်ပါတယ်။ အဘွားဖြစ်သူက သရုပ်ဆောင် ဒေါ်သဲနုအောင်ဖြစ်တာကြောင့် အနုပညာမျိုးရိုးရှိသူ တစ်ဦးလို့လည်း ပြောလို့ရပါတယ်။ ငယ်စဉ်ကလေးဘဝမှာကတော့ ရုပ်ရှင်ရိုက်တမ်း ကစားတာတွေ၊ သရုပ်ဆောင် တစ်ယောက်လို ဟန်ပန်လုပ်တာတွေ၊ ကြော်ငြာတွေထဲက မင်းသမီးရဲ့ဟန်ပန်အတိုင်း လိုက်လုပ်တတ်တာတွေက အမှတ်တရပါပဲလို့ ယွန်းယွန်းက ဆိုပါတယ်။ ယွန်းယွန်းရဲ့ ကလေးသရုပ်ဆောင် တစ်ဦးအနေနဲ့ ပထမဆုံးအစက အသက်သုံးနှစ်ခွဲလောက်မှာ ဗီဒီယိုဇာတ်ကားတစ်ကားမှာ ပါဝင်ဖြစ်သွားတာပါလို့ အမှတ်တရ ပြောပြခဲ့ပါတယ်။

“အရင်ကတည်းကလည်း ရှုတင်တွေနဲ့က မစိမ်းတော့ ရှုတင်တွေ လိုက်သွားရင်းနဲ့ အသက်သုံးနှစ်ခွဲလောက်မှာ ရိုက်မလားလို့ လူကြီးတွေက မေးကြတာပေါ့။ အမြဲတမ်း မြင်တွေ့နေကျ အရာလည်းဖြစ်နေတော့ လုပ်မယ်ဆိုပြီးတော့ပဲ ပထမဆုံးဇာတ်ကားကို ရိုက်ဖြစ်သွားတာ။ တကယ်တမ်းရိုက်တော့ လူကြီးတွေ အများကြီးနဲ့ နေ့တိုင်းရိုက်လိုက်ရလို့လားတော့ မသိဘူး။ ဇာတ်ကားပြီးတော့ ဖျားသွားတာလည်း အမှတ်တရပါပဲ။ အဲဒီပထမဆုံး ဇာတ်ကားက ဦးကျော်ဟိန်းနဲ့ ဗီဒီယိုဇာတ်ကားပါ။ ဦးကျော်ဟိန်းကို နာမည်ကြီးတယ်ဆိုတာလည်း ကလေးဆိုတော့ သိပ်မသိဘူး။ ဦးကျော်ဟိန်းရဲ့ သမီးနေရာက သရုပ်ဆောင်ရတာဆိုတော့ သူကလည်းနွေးနွေးထွေးထွေး ဆက်ဆံတဲ့ အခါကျတော့ အဲဒီဇာတ်ကားရိုက်နေရင်းနဲ့ ကိုယ်သရုပ်ဆောင်ရမယ့် အချိန်မဟုတ်ရင်တောင် ဦးကျော်ဟိန်းကို ဖေဖေဆိုပြီး ခေါ်နေတာကတော့ အမှတ်တရပါပဲ” လို့ ယွန်းယွန်းက ပြောပြခဲ့ပါတယ်။

ဒီနောက်မှာတော့ ယွန်းယွန်းက ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားပေါင်းများစွာမှာ ကလေးသရုပ်ဆောင် တစ်ဦးအနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဗီဒီယိုမှာဆိုရင်တော့ ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) နဲ့ ရိုက်ကူးဖြစ်ခဲ့တဲ့ ဇာတ်ကားလေးတွေကို အမှတ်တရရှိခဲ့ပြီး ရုပ်ရှင်ကားကြီးတွေမှာတော့ အကယ်ဒမီဝိုင်းနဲ့ ရိုက်ကူးခဲ့ရတဲ့ စေတန်ရဲ့ကချေသည်၊ လက်ပံ၊ ကျွန်မကနှင်းဆီပါမောင် ဇာတ်ကားတွေက အမှတ်တရပါလို့ ဆိုပါတယ်။ ဇာတ်ကားတစ်ကားချင်းစီတိုင်းမှာ သိကျွမ်းနားလည်သလောက် ကြိုးစားခဲ့တာဖြစ်လို့ ပြန်ကြည့်တိုင်းတော့ အမှတ်ရပါတယ်လို့လည်း ဆိုခဲ့ပါသေးတယ်။

ယွန်းယွန်းက ကလေးသရုပ်ဆောင် တစ်ဦးအနေနဲ့ အနုပညာလုပ်ငန်းတွေ လုပ်ကိုင်နေရင်းမှာပဲ ကျောင်းပညာရေးကိုလည်း မလစ်ဟင်းစေခဲ့ပါဘူး။ ကျောင်းစာတွေကို နားလည်တတ်ကျွမ်းအောင် အပင်ပန်းခံပြီး ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ ကျောင်းတက်စဉ်မှာ တွေ့ဆုံခဲ့ရတဲ့ သူငယ်ချင်းတွေကတော့ ငယ်စဉ်ကလေးဘဝတည်းက သူငယ်ချင်းများနဲ့သာ နှစ်စဉ်အတန်းတိုင်းမှာ ကြုံဆုံရတာဖြစ်လို့ ကလေးသရုပ်ဆောင်အဖြစ် တည်ရှိနေမှုက ကျောင်းသူတစ်ယောက်ဘဝကိုလည်း အများကြီး အနှောင့်အယှက် မဖြစ်စေခဲ့ဘူးလို့ ယွန်းယွန်းက ဆိုပါတယ်။

ကလေးသရုပ်ဆောင်တစ်ဦးအဖြစ် ဇာတ်ကားပေါင်းများစွာ ရိုက်ကူးအပြီးမှာတော့ ‘တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ’ ရုပ်ရှင်ဇာတ်ကားမှာ နှစ်ကိုယ်ခွဲဇာတ်ရုပ်နဲ့ အကယ်ဒမီသမိုင်းရဲ့ ရခဲလှတဲ့ အထူးဆုကို ရရှိခဲ့ပါတယ်။ ဒီဇာတ်ကားမှာ ကြိုးစားအားထုတ်ခဲ့ရတဲ့ အမှတ်တရတွေနဲ့ ဆုရရှိခဲ့တဲ့အပေါ် ပျော်ရွှင်မှုကိုလည်း ယွန်းယွန်းက အခုလိုပဲ ဆိုပါတယ်။

“အဲဒီဇာတ်ကားမှာက ယွန်းလည်းအရမ်းပင်ပန်းသလို မေမေလည်းတော်တော်လေး ပင်ပန်းတယ်။ ဇာတ်ကားထဲက နှစ်ကိုယ်ခွဲစရိုက်က လုံးဝဆန့်ကျင်ဘက် ဖြစ်နေရမှာလေ။ ရိုက်နေရင်းနဲ့ မိတ်ကပ်၊ ဆံပင်ကအစ ပုံစံချက်ချင်း ပြောင်းရတာဆိုတော့ တော်တော်လေး ပြင်ဆင်ရသလို ပင်ပန်းတယ်။ ပြီးတော့နယ်မှာ အချိန်ယူပြီးသွား ရိုက်ခဲ့ရတဲ့ဇာတ်လမ်းပေါ့။ အဲဒီလိုပင်ပန်းတာတွေက ရုံတင်တဲ့အချိန် ပရိသတ်တွေက ကြိုက်တယ်ဆိုတာနဲ့တင် ကျေနပ်နေပါပြီ။ ဆုတွေဘာတွေလည်း မမှန်းပါဘူး။ တကယ်တမ်း အကယ်ဒမီပွဲနီးလာတော့ ပရိသတ်တွေကလည်း ရစေချင်ကြတယ်။ မီဒီယာတွေကလည်း မေးပေးကြတယ်ဆိုတော့ ရင်တော့ခုန်တာပေါ့။ တကယ်လည်း ဆုရသွားရော ကိုယ်တိုင်အတွက်ပျော်တယ်ဆိုတာထက် ရစေချင်တဲ့သူတွေ ပျော်ကြတယ်ဆိုတာနဲ့တင် ကျေနပ်ပါတယ်” လို့ ယွန်းယွန်းက အမှတ်တရ ဆိုခဲ့ပါတယ်။

ယွန်းယွန်းက ဆယ်ကျော်သက်အရွယ် ရောက်လာချိန်မှာတော့ ကလေးသရုပ်ဆောင် တစ်ဦးအနေနဲ့ ဇာတ်ကားရိုက်ကူးမှုတွေ ရပ်နားပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဂုဏ်ထူးနှစ်ဘာသာနဲ့ ထူးချွန်စွာ အောင်မြင်အောင် ကြိုးစားခဲ့ပါတယ်။ ဒီနောက်မှာတော့ စိတ်ပညာအထူးပြုနဲ့ တက္ကသိုလ်တက်ရောက်နေသလို နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်တစ်ခုဖြစ်တဲ့ UK က ABE Business Management ကို Level 4 ဖြေဆိုအောင်မြင်ထားပြီး Level 5 မှာ တက်ရောက်နေတယ်လို့ ပြောပြခဲ့ပါတယ်။

ဆယ်ကျော်သက်အရွယ်ရောက်လာချိန်မှာ အကယ်ဒမီယွန်းယွန်းက နောက်ထပ် အနုပညာခြေလှမ်းသစ် တစ်ခုအနေနဲ့ ‘မနေ့ကဖြစ်သည်’ ရုပ်သံဇာတ်လမ်းတွဲမှာပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။

‘မနေ့ကဖြစ်သည်’ ဇာတ်လမ်းတွဲနဲ့ ပတ်သက်လို့လည်း သရုပ်ဆောင် ယွန်းယွန်းက “အဲဒီဇာတ်ကားက ဇာတ်လမ်းလေးကို ကြည့်တော့လည်း လုပ်ကြည့်ချင်တယ်။ မလုပ်ဖူးသေးတဲ့ ကာရိုက်တာမျိုးပေါ့။ တွဲဖက်သရုပ်ဆောင်ရမှာကလည်း လူငယ်တွေပဲဆိုတော့ လုပ်ကြည့်မယ်လေဆိုပြီး ရိုက်ဖြစ်သွားတာ။ တကယ်တမ်းရိုက်တဲ့ အချိန်တွေတုန်းကလည်း လူတစ်ယောက်ကို ချစ်မိသွားတဲ့ ဆယ်ကျော်သက် မိန်းကလေးတစ်ယောက် ခံစားမှုမျိုး၊ သူ့ကိုစိတ်ဝင်စားလာအောင် မာယာတွေ သုံးရတာမျိုးဆိုရင် ခက်ခဲပါတယ်။ စိတ်တွေကျဉ်းကျပ်မိတဲ့အထိ ခက်ခဲခဲ့တယ်။ ရုပ်သံမှာပြတဲ့ အခါကျတော့လည်း ပရိသတ်တွေက ယွန်းကိုပဲတွေ အရမ်းများလာတယ်။ အိုဗာအက်တင်တွေ လုပ်တယ်လို့ ဇာတ်ကားအစပိုင်းမှာ ပြောကြတော့ စိတ်မကောင်းဖြစ်ရတာပေါ့နော်။ တကယ်တမ်း ဇာတ်ကားဆုံးသွားတဲ့ အခါကျတော့မှ ဒီလိုစိတ္တဇဝေဒနာရှိလို့ ဒီလိုအိုဗာတွေ လုပ်ပြတာပါလားလို့ နားလည်ပြီး ချီးကျူးကြတယ်။ အဲဒီအချိန်ကျမှပဲ သက်ပြင်းချနိုင်ပါတယ်။ ယွန်းအတွက်တော့ အမှတ်တရရှိရတဲ့ ဇာတ်ကားတစ်ကားပါ” လို့ ပြောပြခဲ့ပါတယ်။

လက်ရှိမှာတော့ ခေါင်းဆောင်မင်းသမီးအနေနဲ့ ရိုက်ကူးဖို့ ကမ်းလှမ်းမှုတွေ ရှိပေမယ့် ကလေးအဖြစ်သာ မြင်သေးတဲ့ ပရိသတ်တွေနဲ့ ခေါင်းဆောင်မင်းသမီးအဖြစ် ရိုက်စေချင်တဲ့ ပရိသတ်နှစ်ပိုင်းကွဲနေတာကြောင့် တွေဝေနေမိတယ်လို့လည်း ပွင့်ပွင့်လင်းလင်း ဆိုခဲ့ပါတယ်။ လက်ရှိအသက်အရွယ်၊ ဇာတ်ကောင်စရိုက်နဲ့ အံဝင်ခွင်ကျဖြစ်တာမျိုး ရှိရင်တော့ အကောင်းဆုံးရွေးချယ်ပြီးတော့ လုပ်ဖြစ်သွားမှာပါလို့လည်း ယွန်းယွန်းက ဆိုခဲ့ပါတယ်။

လင်းလင်းခိုင်
http://news-eleven.com/entertainment/38168

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...