YBS BUS ေတြကို လံုး၀လံုး၀ ေနာက္ေပါက္က မတတ္ၾကပါနဲ႔ အႏၲရာယ္မ်ားလို႔ပါ..။ လူတိုင္းသိေအာင္ရွဲေပးပါ။

အဆင္းေပါက္တံခါးပိတ္ေနရင္းတန္းလန္း ယာဥ္ေမာင္းေအာ္ေနတဲ့ၾကားကပင္ အသက္ (၅၀) ခန္႔အရြယ္ အမ်ိဳးသမီးတစ္ဦး အဆင္းေပါက္က အတင္းေျပးတက္လာၿပီး ကားေပၚေရာက္လာတယ္။
“ကားခ လာထည့္ပါ့မယ္” လို႔ေျပာရင္း အဲဒီအမ်ိဳးသမီးက ကားအေ႐ွ႕ပိုင္းကို ေလွ်ာက္လာပါတယ္။ ယာဥ္ေမာင္းက “အဲလိုမတက္နဲ႔ေလဗ်ာ၊ အႏၲရာယ္မ်ားတာေပါ့” လို႔ေျပာတယ္။ “ေ႐ွ႕ေပါက္ထိလာတက္ရင္ ကားမမွီဘဲထြက္သြားမွာစိုးလို႔ပါ” လို႔ အဲဒီအမ်ိဳးသမီးျပန္ေျပာပါတယ္။ သူမွားမွန္းသိေတာ့ မ်က္ႏွာခ်ိဳျပန္ေသြးတဲ့ပံုနဲ႔ ယာဥ္ေမာင္းမ်က္ႏွာကိုၾကည့္ၿပီး “ဒီမွာ ကားခထည့္လိုက္ပါၿပီေနာ္” လို႔ေျပာကာ ထည့္ၿပီးတာနဲ႔ ကားေနာက္ပိုင္းကိုျပန္ေလွ်ာက္သြားပါတယ္။
ဒီျဖစ္စဥ္က ၉.၆.၂၀၁၇ ညေန ၆ နာရီခန္႔, ဝိုင္ယာလက္မွတ္တိုင္, YBS 37 (ယခင္ BRT) မွာ ျဖစ္ခဲ့တာပါ။ မသိနားမလည္လို႔မဟုတ္ဘဲ ကားမမွီဘဲထြက္သြားမွာစိုးလို႔ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔စည္းကမ္းေဖာက္တဲ့ ျဖစ္စဥ္ပါ။
ဒီေနရာမွာ အဆင္းေပါက္မွာ႐ွိတဲ့ အာရံုခံကိရိယာ (mid door sensor) အေၾကာင္းကို မသိေသးတဲ့သူေတြအတြက္ ကြၽန္ေတာ္မွ်ေဝခ်င္ပါတယ္။ Mid door sensor က ေလွကားခြင္အတြင္း ဟိုဖက္ထိပ္နဲ႔ဒီဖက္ထိပ္မွာ ႐ွိပါတယ္။ ေလွကားခြင္အတြင္း လူမတ္တပ္ရပ္ေနတာျဖစ္ျဖစ္၊ အရာဝတၳဳပစၥည္းတစ္ခုခု ႐ွိေနတာျဖစ္ျဖစ္ sensor က အာရံုခံမိတာေၾကာင့္ တံခါးျပန္ပိတ္လို႔မရပါဘူး။ တံခါးမပိတ္တဲ့အခါ lever နင္းလို႔မရျပန္တဲ့အတြက္ ကားလည္းထြက္လို႔မရပါဘူး။ တံခါးပိတ္ေနစဥ္မွာ ကားေပၚကလူတစ္ေယာက္ေယာက္က အတင္းေျပးဆင္းရင္ sensor က အာရံုခံမိတာေၾကာင့္ တံခါးျပန္ပြင့္သြားပါတယ္။ ဒီလိုအေနအထားက သိပ္အႏၲရယ္မ႐ွိပါဘူး။ အႏၲရာယ္႐ွိတာက တံခါးပိတ္ေနစဥ္မွာ ေအာက္ကေန အတင္းေျပးတက္တာပါ။ ေအာက္ကေနေျပးတက္တဲ့အေနအထားမွာ sensor က အာရံုမခံမိႏိုင္ဖို႔ ၉၉ % ေသခ်ာပါတယ္။ ဒီလိုအာရံုလည္းမခံမိတဲ့အတြက္ လူတက္ေနေပမယ့္လည္း တံခါးကျပန္မပြင့္တဲ့အခါ ေနာက္ျပန္လန္ျပဳတ္က်ၿပီး မလိုလားအပ္တဲ့ေနာက္ဆက္တြဲအႏၲရယ္ေတြ ျဖစ္လာႏိုင္ပါတယ္။ ျဖစ္လာႏိုင္တဲ့အႏၲရယ္ေတြကို ကိုယ္တိုင္သာေတြးၾကည့္ပါခင္ဗ်ာ။
ဒီလိုျဖစ္စဥ္ေတြက ယာဥ္ေနာက္လိုက္မပါဘဲ BRT Lite အေနနဲ႔ ပထမဆံုးစတင္ေျပးဆြဲခဲ့တဲ့ လြန္ခဲ့တဲ့တစ္ႏွစ္ေက်ာ္တည္းက ၾကံဳေတြခဲ့ရတဲ့ျပႆနာေတြထဲက တစ္ခုပဲ႐ွိပါေသးတယ္။ အခုေနာက္ပိုင္း ယာဥ္ေနာက္လိုက္မပါဘဲ အသစ္ေျပးဆြဲတဲ့ YBS 20 နဲ႔ YBS 56 ယာဥ္လိုင္းေတြမွာလည္း လြန္ခဲ့တဲ့တစ္ႏွစ္ေက်ာ္တည္းက အခုထိတိုင္ BRT ကားေတြမွာၾကံဳေတြခဲ့ရတဲ့ ျဖစ္စဥ္မ်ိဳးေတြ႐ွိေနဦးမွာပါ. စည္းကမ္းလိုက္နာရင္း အႏၲရာယ္လည္းမက်ေရာက္ေစဖို႔အတြက္ ဆႏၵ႐ွိပါက ဒီ post ကို လြပ္လပ္စြာ share ႏိုင္ပါတယ္ခင္ဗ်ာ။
– သက္ႏိုင္စိုး
Training Engineer
Hyundai Truck & Bus Myanmar
============

အဆင်းပေါက်တံခါးပိတ်နေရင်းတန်းလန်း ယာဉ်မောင်းအော်နေတဲ့ကြားကပင် အသက် (၅၀) ခန့်အရွယ် အမျိုးသမီးတစ်ဦး အဆင်းပေါက်က အတင်းပြေးတက်လာပြီး ကားပေါ်ရောက်လာတယ်။
“ကားခ လာထည့်ပါ့မယ်” လို့ပြောရင်း အဲဒီအမျိုးသမီးက ကားအရှေ့ပိုင်းကို လျှောက်လာပါတယ်။ ယာဉ်မောင်းက “အဲလိုမတက်နဲ့လေဗျာ၊ အန္တရာယ်များတာပေါ့” လို့ပြောတယ်။ “ရှေ့ပေါက်ထိလာတက်ရင် ကားမမှီဘဲထွက်သွားမှာစိုးလို့ပါ” လို့ အဲဒီအမျိုးသမီးပြန်ပြောပါတယ်။ သူမှားမှန်းသိတော့ မျက်နှာချိုပြန်သွေးတဲ့ပုံနဲ့ ယာဉ်မောင်းမျက်နှာကိုကြည့်ပြီး “ဒီမှာ ကားခထည့်လိုက်ပါပြီနော်” လို့ပြောကာ ထည့်ပြီးတာနဲ့ ကားနောက်ပိုင်းကိုပြန်လျှောက်သွားပါတယ်။
ဒီဖြစ်စဉ်က ၉.၆.၂၀၁၇ ညနေ ၆ နာရီခန့်, ဝိုင်ယာလက်မှတ်တိုင်, YBS 37 (ယခင် BRT) မှာ ဖြစ်ခဲ့တာပါ။ မသိနားမလည်လို့မဟုတ်ဘဲ ကားမမှီဘဲထွက်သွားမှာစိုးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့စည်းကမ်းဖောက်တဲ့ ဖြစ်စဉ်ပါ။
ဒီနေရာမှာ အဆင်းပေါက်မှာရှိတဲ့ အာရုံခံကိရိယာ (mid door sensor) အကြောင်းကို မသိသေးတဲ့သူတွေအတွက် ကျွန်တော်မျှဝေချင်ပါတယ်။ Mid door sensor က လှေကားခွင်အတွင်း ဟိုဖက်ထိပ်နဲ့ဒီဖက်ထိပ်မှာ ရှိပါတယ်။ လှေကားခွင်အတွင်း လူမတ်တပ်ရပ်နေတာဖြစ်ဖြစ်၊ အရာဝတ္ထုပစ္စည်းတစ်ခုခု ရှိနေတာဖြစ်ဖြစ် sensor က အာရုံခံမိတာကြောင့် တံခါးပြန်ပိတ်လို့မရပါဘူး။ တံခါးမပိတ်တဲ့အခါ lever နင်းလို့မရပြန်တဲ့အတွက် ကားလည်းထွက်လို့မရပါဘူး။ တံခါးပိတ်နေစဉ်မှာ ကားပေါ်ကလူတစ်ယောက်ယောက်က အတင်းပြေးဆင်းရင် sensor က အာရုံခံမိတာကြောင့် တံခါးပြန်ပွင့်သွားပါတယ်။ ဒီလိုအနေအထားက သိပ်အန္တရယ်မရှိပါဘူး။ အန္တရာယ်ရှိတာက တံခါးပိတ်နေစဉ်မှာ အောက်ကနေ အတင်းပြေးတက်တာပါ။ အောက်ကနေပြေးတက်တဲ့အနေအထားမှာ sensor က အာရုံမခံမိနိုင်ဖို့ ၉၉ % သေချာပါတယ်။ ဒီလိုအာရုံလည်းမခံမိတဲ့အတွက် လူတက်နေပေမယ့်လည်း တံခါးကပြန်မပွင့်တဲ့အခါ နောက်ပြန်လန်ပြုတ်ကျပြီး မလိုလားအပ်တဲ့နောက်ဆက်တွဲအန္တရယ်တွေ ဖြစ်လာနိုင်ပါတယ်။ ဖြစ်လာနိုင်တဲ့အန္တရယ်တွေကို ကိုယ်တိုင်သာတွေးကြည့်ပါခင်ဗျာ။
ဒီလိုဖြစ်စဉ်တွေက ယာဉ်နောက်လိုက်မပါဘဲ BRT Lite အနေနဲ့ ပထမဆုံးစတင်ပြေးဆွဲခဲ့တဲ့ လွန်ခဲ့တဲ့တစ်နှစ်ကျော်တည်းက ကြုံတွေခဲ့ရတဲ့ပြဿနာတွေထဲက တစ်ခုပဲရှိပါသေးတယ်။ အခုနောက်ပိုင်း ယာဉ်နောက်လိုက်မပါဘဲ အသစ်ပြေးဆွဲတဲ့ YBS 20 နဲ့ YBS 56 ယာဉ်လိုင်းတွေမှာလည်း လွန်ခဲ့တဲ့တစ်နှစ်ကျော်တည်းက အခုထိတိုင် BRT ကားတွေမှာကြုံတွေခဲ့ရတဲ့ ဖြစ်စဉ်မျိုးတွေရှိနေဦးမှာပါ. စည်းကမ်းလိုက်နာရင်း အန္တရာယ်လည်းမကျရောက်စေဖို့အတွက် ဆန္ဒရှိပါက ဒီ post ကို လွပ်လပ်စွာ share နိုင်ပါတယ်ခင်ဗျာ။
– သက်နိုင်စိုး
Training Engineer
Hyundai Truck & Bus Myanmar

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...