ညာဘက်မျက်လုံး မမြင်ရတော့ဘူး ဆိုတဲ့ ကစ်ကစ် အတွက် ဆုတောင်း အားပေးစကားလေးပြေပေးကြဦးနော်..။
Source: Original Uploader
ဟာသသရုပ်ဆောင် ကစ်ကစ်တစ်ယောက် ပြီးခဲ့တဲ့လပိုင်းက ရန်ကုန်ဆေးရုံကြီးမှာ ဆေးဝါးကုသမှု ခံယူခဲ့ပြီးနောက်ပိုင်း ညာဘက်မျက်လုံး မမြင်ရတော့ဘူး ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အဆိုပါသတင်းတွေမှာတော့ ကစ်ကစ်ကို ကျန်းမာရေးပြန်လည် ကောင်းမွန်သွားပြီလားလို့ မေးကြည့်တဲ့အခါ 'တော်တော်လေးနေကောင်းနေပါပြီ။ ခြေထောက်တွေကလွဲလို့ပေါ့။ ဆီးချိုသွေးချိုတက်သွားလို့ ညာဘက်မျက်လုံး မမြင်ရတော့ပါဘူး။ ကွယ်သွားပါပြီ။ အခု ဘယ်ဘက်တစ်ဖက်တည်းနဲ့ အလုပ်လုပ်နေရတယ်။ ဆီးချိုက ၆၂ဝ အထိ တက်သွားတယ်။ သုံး၊ လေးခါတက်သွားတော့ မျက်လုံးက မခံနိုင်တော့ဘူး။ ဒါ့အပြင် ခြေထောက်တွေပါ ထုံသွားတယ်။ ဆီးချိုတက်နေမှန်းမှ မသိတာ။ ကျွန်တော်ကတော့ ကလေးမွေးလို့ ဆီးချိုသွေးချို တက်တယ်လို့ ပဲ ထင်တာ။ တအားကြီးဖြစ်လာလို့ သွားပြတော့မှ ဆီးချိုဖြစ်နေပြီဆိုတာ သိတာ'လို့ ပြောပြခဲ့ကြောင်း ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ပျံလွန်တော်မူသွားတဲ့အကိုဖြစ်သူဦးဇင်းဦးဝါယမကိုရည်စူးပြီး ကစ်ကစ်တစ်ယောက် အလှူတွေပြုလုပ်ခဲ့ပါတယ်။ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေမှာ ပရိသတ်အပြည့်အဝ အားပေးမှုရရှိထားတဲ့ ကစ်ကစ်တစ်ယောက် ကျန်းမာရေးကောင်းပါစေလို့ ဆန္ဒပြုပါတယ်။
Admin Unknown
ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။
0 comments :
Post a Comment
Loading...