ဒလမြို့နယ်တွင် ဖခင်အရင်းက အသက် ၁၅ နှစ်အရွယ် သမီးငယ်ကို သားမယားပြုကျင့်



ထိုသို့မေးမြန်းရာ၎င်းကိုဖခင်အရင်းဖြစ်သူ ဇော်ဝင်း(ခ)ဇော်လှိုင်မင်း(၃၈ နှစ်) က လွန်ခဲ့သော ၆ လခန့် ညဉ့်နက်ပိုင်းတွင် ဓါးဖြင့်ထောက်၍ သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း၊ ကျန်ခဲ့သည့် ၃ လထိ သားမယား အဖြစ်အကြိမ်ကြိမ်ပြု ကျင့်ခဲ့ကြောင်း မိခင်ကို ပြန်ပြောပါက သားအမိ ၂ ယောက်စလုံး သတ်ပစ်မည်ဟု ပြောဆိုခြိမ်းခြောက်ခဲ့ကြောင်း ရာသီမလာသည့်အချိန်များတွင် ဆေးများ တိုက်ကျွေးခဲ့ကြောင်း သမီးဖြစ်သူ၏ပြောပြချက် အရသိရသဖြင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။


Credit – Today Myanmar

========

Unicode

ဒလမြို့နယ်တွင် ဖခင်အရင်းက သမီးငယ်ကို သားမယားပြုကျင့်ခဲ့ သည်ဆိုမှုကို သက်ဆိုင်ရာက ဇွန် ၁၃ ရက်နေ့တွင် အမှုဖွင့် အရေးယူထားသည်။

အဆိုပါနေ့ နံနက် ၅ နာရီ အချိန်ခန့်တွင် ဒလမြို့နယ်နေ အသက် ၃၃ နှစ်အရွယ် အမျိုးသမီးက သက်ဆိုင်ရာသို့တိုင်ကြားရာတွင် ၄င်းနေအိမ်တွင်ရှိနေစဉ် အသက် ၁၅ နှစ်အရွယ် သမီးဖြစ်သူက ဒီအိမ်မှာ မနေချင်ကြောင်းပြောဆိုသဖြင့် ဘာဖြစ်လို့လဲဟုမေးမြန်းခဲ့သည်ဟု ပါရှိသည်။

ထိုသို့မေးမြန်းရာ၄င်းကိုဖခင်အရင်းဖြစ်သူ ဇော်ဝင်း(ခ)ဇော်လှိုင်မင်း(၃၈ နှစ်) က လွန်ခဲ့သော ၆ လခန့် ညဉ့်နက်ပိုင်းတွင် ဓါးဖြင့်ထောက်၍ သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း၊ ကျန်ခဲ့သည့် ၃ လထိ သားမယား အဖြစ်အကြိမ်ကြိမ်ပြု ကျင့်ခဲ့ကြောင်း မိခင်ကို ပြန်ပြောပါက သားအမိ ၂ ယောက်စလုံး သတ်ပစ်မည်ဟု ပြောဆိုခြိမ်းခြောက်ခဲ့ကြောင်း ရာသီမလာသည့်အချိန်များတွင် ဆေးများ တိုက်ကျွေးခဲ့ကြောင်း သမီးဖြစ်သူ၏ပြောပြချက် အရသိရသဖြင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။

ဒလမြို့မရဲစခန်းက(ပ)၄၈၃/၁၇ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေးယူထားသည်။

Credit – Today Myanmar

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...