Y-8 ပ်က္က်ေလယာဥ္အျမီးပိုင္း စတင္ေတြ႕ရွိ

ပ်က္က်ေလယာဥ္၏ အစိတ္အပိုင္းမ်ား စတင္ေတြ႕ရွိ
ေနျပည္ေတာ္၊ ဇြန္ ၁၅
ယေန႔ညေန ၅ နာရီ ၁၈ မိနစ္တြင္ ပင္လယ္ျပင္အတြင္း တပ္မေတာ္စစ္ေရယာဥ္မ်ာႏွင့္အတူ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား လုပ္ေဆာင္ေနသည့္ ေအာင္သုခ ေဒသခံငါးဖမ္းစက္ေလွသည္ ထား၀ယ္ျမင္းခြာေအာ္မွ အေနာက္ယြန္းယြန္း ၂၆၀ ဒီဂရီအတုိင္း ၇.၅ မိုင္အကြာ(ေျမာက္လတၱီတြဒ္ ၁၃ ဒီဂရီ ၃၁ မိနစ္၊ အေရွ႕ေလာင္ဂ်ီတြဒ္ ၉၈ ဒီဂရီ) ေနရာတြင္ ငါးဖမ္းပိုက္ျဖင့္ တရြတ္ဆြဲရွာေဖြစဥ္ ေရေအာက္တြင္ ပိုက္၌ တစ္စံုတစ္ရာၿငိေနေၾကာင္း သတင္းေပးပို႔ခဲ့သည္။
အဆိုပါသတင္းပို႔ခ်က္အရ ၄င္းေနရာတြင္ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား လုပ္ေဆာင္ေနသည့္ စစ္ေရယာဥ္ ၂ စီးတို႔မွ ေရေအာက္ရွာေဖြေရးကိရိယာ ဆိုနာျဖင့္ ထပ္မံအတည္ျပဳၿပီး ေရငုပ္စစ္သည္မ်ားက ေရငုပ္စစ္ေဆးခဲ့ရာ ေရေအာက္အနက္ ၃၅ မီတာခန္႔တြင္ ပ်က္က်ေလယာဥ္၏ အစိတ္အပိုင္းအားရွာေဖြေတြ႕ရွိခဲ့သည္။
ယင္းအစိတ္အပိုင္းမွာ ပ်က္က် Y-8 ေလယာဥ္၏ ေလယာဥ္အမွတ္၊ ၅၈၂၀ အမွတ္အသားပါရွိသည့္ ေလယာဥ္အၿမီးပိုင္းျဖစ္ေၾကာင္း သိရွိရၿပီး ရွာေဖြေရးလုပ္ငန္းမ်ား ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး
(Unicode Version)
ပျက်ကျလေယာဉ်၏ အစိတ်အပိုင်းများ စတင်တွေ့ရှိ
နေပြည်တော်၊ ဇွန် ၁၅
ယနေ့ညနေ ၅ နာရီ ၁၈ မိနစ်တွင် ပင်လယ်ပြင်အတွင်း တပ်မတော်စစ်ရေယာဉ်မျာနှင့်အတူ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် အောင်သုခ ဒေသခံငါးဖမ်းစက်လှေသည် ထားဝယ်မြင်းခွာအော်မှ အနောက်ယွန်းယွန်း ၂၆၀ ဒီဂရီအတိုင်း ၇.၅ မိုင်အကွာ(မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၃၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၈ ဒီဂရီ) နေရာတွင် ငါးဖမ်းပိုက်ဖြင့် တရွတ်ဆွဲရှာဖွေစဉ် ရေအောက်တွင် ပိုက်၌ တစ်စုံတစ်ရာငြိနေကြောင်း သတင်းပေးပို့ခဲ့သည်။
အဆိုပါသတင်းပို့ချက်အရ ၄င်းနေရာတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် စစ်ရေယာဉ် ၂ စီးတို့မှ ရေအောက်ရှာဖွေရေးကိရိယာ ဆိုနာဖြင့် ထပ်မံအတည်ပြုပြီး ရေငုပ်စစ်သည်များက ရေငုပ်စစ်ဆေးခဲ့ရာ ရေအောက်အနက် ၃၅ မီတာခန့်တွင် ပျက်ကျလေယာဉ်၏ အစိတ်အပိုင်းအားရှာဖွေတွေ့ရှိခဲ့သည်။
ယင်းအစိတ်အပိုင်းမှာ ပျက်ကျ Y-8 လေယာဉ်၏ လေယာဉ်အမှတ်၊ ၅၈၂၀ အမှတ်အသားပါရှိသည့် လေယာဉ်အမြီးပိုင်းဖြစ်ကြောင်း သိရှိရပြီး ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။





Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...