တိုက္ေပၚမွ ခုန္ခ်ေသဆုံးခဲ့သည့္ မိန္းကေလး မိသားစုဝင္မ်ား စင္ကာပူ လာေရာက္နိုင္ေရး

စင္ကာပူနိုင္ငံ ကြန္ဒို ၁၈ ထပ္မွ ျမန္မာ အိမ္အကူ မိန္းကေလးတဦး ခုန္ခ် ေသေၾကာင္းႀကံစည္မႈ ဇြန္ ၁၂ ရက္ ညေန က ျဖစ္ပြားခဲ့သည္။

ယခုအခါ ေသဆုံးသူ၏ မိသားစုႏွင့္ အဆက္အသြယ္ရၿပီျဖစ္ၿပီး ၎၏ ဖခင္ႏွင့္ ဦးေလးျဖစ္သူ အျမန္ဆုံး လိုက္လာ နိုင္ရန္ စင္ကာပူနိုင္ငံ အေျခစိုက္ ျမန္မာသံ႐ုံးက လိုအပ္သည္မ်ားကို အကူအညီ ေပးေနေၾကာင္း စင္ကာပူ နိုင္ငံ ဆိုင္ရာ ျမန္မာသံ႐ုံး ေကာင္စစ္ဝန္ ဌာနမွ အရာရွိတဦး က ဧရာဝတီကို ေျပာသည္။

“သူ႔အေဖနဲ႔ ဦးေလး လာဖို႔ စီစဥ္ေနတယ္။ ရက္အတိအက်ေတာ့ ကာယကံရွင္ဘက္က မဆုံးျဖတ္နိုင္ေသးပါဘူး။ သူတို႔လာရင္ လိုအပ္တာ ကူညီေဆာင္ရြက္ေပးဖို႔ သက္ဆိုင္ရာ ဝန္ႀကီးဌာနေတြကို စာထုတ္ထားေပးပါတယ္” ဟု ၎က ဆိုသည္။

စင္ကာပူ နိုင္ငံ ဒီပို႔လမ္းမေပၚမွ ၂၄ ထပ္အျမင့္ရွိ အင္တာေလ့ (Interlace) ကြန္ဒိုေပၚမွ ခုန္ခ် ေသဆုံးသူ မဇင္မာဦး၊ အသက္ ၂၅ ႏွစ္သည္ ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕နယ္မွ လာသူျဖစ္ၿပီး အိမ္အကူလုပ္ေနသည္မွာ ၈ လခန႔္ရွိၿပီ ျဖစ္ ေၾကာင္း၊ ေသေၾကာင္းႀကံစည္သည့္ အေၾကာင္းရင္းကို မသိရေသးဘဲ စင္ကာပူ ရဲတပ္ဖြဲ႕ႏွင့္ပူးေပါင္းၿပီး သတင္း အဆက္ မျပတ္ စုံစမ္းေပးေနေၾကာင္းလည္း အဆိုပါအရာရွိက ေျပာသည္။

ေသဆုံးသူ မိန္းကေလး ႐ုပ္အေလာင္းကို စင္ကာပူ အေထြေထြေရာဂါကုေဆး႐ုံရွိ အေဆာင္ ၉ တြင္ ျမန္မာ သံ႐ုံး တာဝန္ရွိသူ ႏွစ္ဦးႏွင့္အတူ သြားေရာက္ၾကည့္ရႈခြင့္ ရခဲ့သည့္ ေဒၚခင္ေလး၏ ေျပာျပခ်က္အရ မဇင္မာဦး တိုက္ေပၚမွ မခုန္ခ်ခင္ အခ်ိန္ မိနစ္ ၉၀ အတြင္းတြင္ ကယ္ဆယ္ေရးအဖြဲ႕က ေျဖာင္းဖ်ေျပာဆိုျခင္း ျပဳလုပ္ခဲ့သကဲ့သို႔ ျပဳတ္က် လာနိုင္ေျခရွိသည့္ ေနရာမ်ားတြင္လည္း ေလေမြ႕ယာမ်ား၊ ေလေဘာလုံးမ်ား ခ်ထားခဲ့ေသာ္လည္း အေဆာက္အဦ၏ ဒီဇိုင္းပုံစံေၾကာင့္ အသက္ကယ္ဆယ္ရန္ မေအာင္ ျမင္ခဲ့ေၾကာင္း သိရသည္။

ေဒၚခင္ေလးသည္ စင္ကာပူအေျခစိုက္ လူသားခ်င္းဆိုင္ရာ အကူအညီေပးေရး အဖြဲ႕တဖြဲ႕ျဖစ္သည့္ HOME အဖြဲ႕၏ ေစတနာ့ ဝန္ထမ္း တဦးျဖစ္ၿပီး အဖြဲ႕အေနျဖင့္ ဦးေဆာင္၍ ေငြေၾကးေကာက္ယူကာ ေသဆုံးသူ မိန္းကေလး၏ က်န္ရစ္သူ မိသားစုဝင္မ်ား ကို ေထာက္ပံ့ေပးရန္ စီစဥ္ေနသည္ဟု ဆိုသည္။

ျမန္မာအစိုးရ အေနျဖင့္ စင္ကာပူသို႔ အိမ္အကူ အလုပ္သမားပို႔မႈကို ၂၀၁၄ ခုႏွစ္ကတည္းက တားျမစ္ထားခဲ့ ေသာ ေၾကာင့္ ေနာက္ပိုင္းလူမ်ားသည္ တရားမဝင္ျဖစ္သည့္ အတြက္ ပို႔ေပးေနသည့္ ေအဂ်င္စီမ်ား အေနျဖင့္ တာဝန္ယူမႈ၊ တာဝန္ခံမႈ အျပည့္အဝ ထားေပးေစခ်င္ေၾကာင္း ေဒၚခင္ေလးက ေျပာသည္။

“အဓိက အသက္ငယ္ေတာ့ ကေလးေတြအေနနဲ႔ စိတ္ပိုင္းျဖတ္မႈ မေပးနိုင္ဘူး။ လုပ္ငန္း အေတြ႕အၾကဳံမရွိဘူး။ စာေတြ႕ ေရာ၊ လက္ေတြ႕ေရာ အကုန္အားနည္းေနတဲ့ အေနအထား။ အဲဒါေတြအားလုံး ျဖည့္ၿပီးေတာ့မွပဲ ပို႔ေပးၾကပါ။ ေအဂ်င္စီ ေတြအေနနဲ႔ တာဝန္ယူမႈ၊ တာဝန္ခံမႈ အျပည့္အဝ ထားေပးၾကပါလို႔ ေတာင္းဆိုခ်င္တယ္” ဟုလည္း ၎က ဆိုသည္။

ဆက္လက္၍ ၎က စင္ကာပူ၏ ဥပေဒအရ အနည္းဆုံး အသက္ ၂၃ ႏွစ္၊ အတန္းပညာ ၈ တန္းေအာင္မွ လက္ခံ ေၾကာင္း၊ အသက္ မျပည့္ေသးသူမ်ားကို နိုင္ငံကူး လက္မွတ္(Passport)ထုတ္ေပးေနျခင္း၊ ႏွစ္တန္း မေအာင္သည့္ ကေလးမ်ားကို ရွစ္တန္း၊ ဆယ္တန္း ေအာင္ျဖစ္ရန္ လုပ္ေပးေနျခင္း၊ ရန္ကုန္ေလဆိပ္မွ ထြက္ခြာခြင့္ရရန္ ျပရသည့္ အသြားအျပန္ ေလယာဥ္ လက္မွတ္၊ Show money မ်ားကို မည္သူမ်ားက လုပ္ေပးေနၾကသလဲ ဆိုသည္က ေမးခြန္း ထုတ္စရာျဖစ္ေနေၾကာင္း ေျပာဆိုသည္။

“အလုပ္သမား ဝန္ႀကီးဌာနအေနနဲ႔ ေအဂ်င္စီေတြ အေပၚမွာ ထိထိေရာက္ေရာက္ ကိုင္တြယ္ဖို႔ လိုအပ္ေနၿပီ၊ အခ်ိန္ က် ေနၿပီလို႔ ထင္တယ္။ အဓိကက ေအဂ်င္စီ တခုတည္းေရာ အလုပ္သမား ဝန္ႀကီးဌာနေရာ သူတို႔ႏွစ္ေယာက္ထဲ လုပ္လို႔ မရဘူး။ ျပည္ထဲေရးပါ ပါလာတာေပါ့ေနာ္” ဟု ေဒၚခင္ေလးက ေျပာသည္။

ယခုကဲ့သို႔ ေသေၾကာင္းႀကံမႈ ယခုႏွစ္ ေဖေဖာ္ဝါရီက တဦး၊ ေမလက တဦး ရွိခဲ့ၿပီး ထိုႏွစ္ဦးသည္ အသက္မေသဘဲ ခါးရိုးက်ိဳးသြားေၾကာင္း၊ တဦးကို ျမန္မာနိုင္ငံသို႔ ျပန္ပို႔လိုက္ၿပီျဖစ္ၿပီး က်န္တဦးကို လည္း ျပန္ပို႔ေပး ရန္ စီစဥ္ေနေၾကာင္း သိရသည္။

ျမန္မာ အလုပ္သမားမ်ား အေနျဖင့္ အခက္အခဲ တစုံတရာျဖစ္လာပါက တဦးတည္း မေျဖရွင္းဘဲ သက္ဆိုင္ရာ သံ႐ုံး တာဝန္ရွိသူမ်ားႏွင့္ ျမန္မာ့လူမႈ အသိုင္းအဝိုင္းက အေရးေပၚ ဆက္သြယ္ရမည့္ ဖုန္းနံပါတ္မ်ားကို ေခၚယူ အေၾကာင္း ၾကား ၾကရန္ စင္ကာပူေရာက္ ျမန္မာ့အေရး အကူအညီေပးေနသူမ်ားက ေျပာဆိုၾကသည္။

ျမန္မာအိမ္အကူ အလုပ္သမား မိန္းကေလးတဦး ၁၈ ထပ္တိုက္ေပၚမွ ခုန္ခ်ၿပီး ေသေၾကာင္းႀကံစည္ခဲ့သည့္ ဗီဒီယိုဖိုင္ မ်ား လူမႈကြန္ရက္ေပၚတြင္ ပ်ံ႕ႏွံ့ခဲ့ၿပီးေနာက္ စင္ကာပူေရာက္ ျမန္မာမ်ားအပါအဝင္ ျမန္မာနိုင္ငံသားမ်ားၾကား တုန္လႈပ္ ဖြယ္ရာ ျဖစ္ရပ္တခုျဖစ္ခဲ့သည္။

တရားမဝင္ ေစလႊတ္မႈမ်ားေၾကာင့္ စင္ကာပူနိုင္ငံတြင္ ျမန္မာနိုင္ငံမွ အိမ္အကူ အလုပ္သမားအျဖစ္ သြားေရာက္ လုပ္ကိုင္ေနသူ ၄၀၀၀၀ ခန႔္ရွိေၾကာင္း သိရသည္။

Credit - burma.irrawaddy
=============
စင်ကာပူနိုင်ငံ ကွန်ဒို ၁၈ ထပ်မှ မြန်မာ အိမ်အကူ မိန်းကလေးတဦး ခုန်ချ သေကြောင်းကြံစည်မှု ဇွန် ၁၂ ရက် ညနေ က ဖြစ်ပွားခဲ့သည်။

ယခုအခါ သေဆုံးသူ၏ မိသားစုနှင့် အဆက်အသွယ်ရပြီဖြစ်ပြီး ၎င်း၏ ဖခင်နှင့် ဦးလေးဖြစ်သူ အမြန်ဆုံး လိုက်လာ နိုင်ရန် စင်ကာပူနိုင်ငံ အခြေစိုက် မြန်မာသံရုံးက လိုအပ်သည်များကို အကူအညီ ပေးနေကြောင်း စင်ကာပူ နိုင်ငံ ဆိုင်ရာ မြန်မာသံရုံး ကောင်စစ်ဝန် ဌာနမှ အရာရှိတဦး က ဧရာဝတီကို ပြောသည်။

“သူ့အဖေနဲ့ ဦးလေး လာဖို့ စီစဉ်နေတယ်။ ရက်အတိအကျတော့ ကာယကံရှင်ဘက်က မဆုံးဖြတ်နိုင်သေးပါဘူး။ သူတို့လာရင် လိုအပ်တာ ကူညီဆောင်ရွက်ပေးဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို စာထုတ်ထားပေးပါတယ်” ဟု ၎င်းက ဆိုသည်။

စင်ကာပူ နိုင်ငံ ဒီပို့လမ်းမပေါ်မှ ၂၄ ထပ်အမြင့်ရှိ အင်တာလေ့ (Interlace) ကွန်ဒိုပေါ်မှ ခုန်ချ သေဆုံးသူ မဇင်မာဦး၊ အသက် ၂၅ နှစ်သည် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ လာသူဖြစ်ပြီး အိမ်အကူလုပ်နေသည်မှာ ၈ လခန့်ရှိပြီ ဖြစ် ကြောင်း၊ သေကြောင်းကြံစည်သည့် အကြောင်းရင်းကို မသိရသေးဘဲ စင်ကာပူ ရဲတပ်ဖွဲ့နှင့်ပူးပေါင်းပြီး သတင်း အဆက် မပြတ် စုံစမ်းပေးနေကြောင်းလည်း အဆိုပါအရာရှိက ပြောသည်။

သေဆုံးသူ မိန်းကလေး ရုပ်အလောင်းကို စင်ကာပူ အထွေထွေရောဂါကုဆေးရုံရှိ အဆောင် ၉ တွင် မြန်မာ သံရုံး တာဝန်ရှိသူ နှစ်ဦးနှင့်အတူ သွားရောက်ကြည့်ရှုခွင့် ရခဲ့သည့် ဒေါ်ခင်လေး၏ ပြောပြချက်အရ မဇင်မာဦး တိုက်ပေါ်မှ မခုန်ချခင် အချိန် မိနစ် ၉၀ အတွင်းတွင် ကယ်ဆယ်ရေးအဖွဲ့က ဖြောင်းဖျပြောဆိုခြင်း ပြုလုပ်ခဲ့သကဲ့သို့ ပြုတ်ကျ လာနိုင်ခြေရှိသည့် နေရာများတွင်လည်း လေမွေ့ယာများ၊ လေဘောလုံးများ ချထားခဲ့သော်လည်း အဆောက်အဦ၏ ဒီဇိုင်းပုံစံကြောင့် အသက်ကယ်ဆယ်ရန် မအောင် မြင်ခဲ့ကြောင်း သိရသည်။

ဒေါ်ခင်လေးသည် စင်ကာပူအခြေစိုက် လူသားချင်းဆိုင်ရာ အကူအညီပေးရေး အဖွဲ့တဖွဲ့ဖြစ်သည့် HOME အဖွဲ့၏ စေတနာ့ ဝန်ထမ်း တဦးဖြစ်ပြီး အဖွဲ့အနေဖြင့် ဦးဆောင်၍ ငွေကြေးကောက်ယူကာ သေဆုံးသူ မိန်းကလေး၏ ကျန်ရစ်သူ မိသားစုဝင်များ ကို ထောက်ပံ့ပေးရန် စီစဉ်နေသည်ဟု ဆိုသည်။

မြန်မာအစိုးရ အနေဖြင့် စင်ကာပူသို့ အိမ်အကူ အလုပ်သမားပို့မှုကို ၂၀၁၄ ခုနှစ်ကတည်းက တားမြစ်ထားခဲ့ သော ကြောင့် နောက်ပိုင်းလူများသည် တရားမဝင်ဖြစ်သည့် အတွက် ပို့ပေးနေသည့် အေဂျင်စီများ အနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝ ထားပေးစေချင်ကြောင်း ဒေါ်ခင်လေးက ပြောသည်။

“အဓိက အသက်ငယ်တော့ ကလေးတွေအနေနဲ့ စိတ်ပိုင်းဖြတ်မှု မပေးနိုင်ဘူး။ လုပ်ငန်း အတွေ့အကြုံမရှိဘူး။ စာတွေ့ ရော၊ လက်တွေ့ရော အကုန်အားနည်းနေတဲ့ အနေအထား။ အဲဒါတွေအားလုံး ဖြည့်ပြီးတော့မှပဲ ပို့ပေးကြပါ။ အေဂျင်စီ တွေအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝ ထားပေးကြပါလို့ တောင်းဆိုချင်တယ်” ဟုလည်း ၎င်းက ဆိုသည်။

ဆက်လက်၍ ၎င်းက စင်ကာပူ၏ ဥပဒေအရ အနည်းဆုံး အသက် ၂၃ နှစ်၊ အတန်းပညာ ၈ တန်းအောင်မှ လက်ခံ ကြောင်း၊ အသက် မပြည့်သေးသူများကို နိုင်ငံကူး လက်မှတ်(Passport)ထုတ်ပေးနေခြင်း၊ နှစ်တန်း မအောင်သည့် ကလေးများကို ရှစ်တန်း၊ ဆယ်တန်း အောင်ဖြစ်ရန် လုပ်ပေးနေခြင်း၊ ရန်ကုန်လေဆိပ်မှ ထွက်ခွာခွင့်ရရန် ပြရသည့် အသွားအပြန် လေယာဉ် လက်မှတ်၊ Show money များကို မည်သူများက လုပ်ပေးနေကြသလဲ ဆိုသည်က မေးခွန်း ထုတ်စရာဖြစ်နေကြောင်း ပြောဆိုသည်။

“အလုပ်သမား ဝန်ကြီးဌာနအနေနဲ့ အေဂျင်စီတွေ အပေါ်မှာ ထိထိရောက်ရောက် ကိုင်တွယ်ဖို့ လိုအပ်နေပြီ၊ အချိန် ကျ နေပြီလို့ ထင်တယ်။ အဓိကက အေဂျင်စီ တခုတည်းရော အလုပ်သမား ဝန်ကြီးဌာနရော သူတို့နှစ်ယောက်ထဲ လုပ်လို့ မရဘူး။ ပြည်ထဲရေးပါ ပါလာတာပေါ့နော်” ဟု ဒေါ်ခင်လေးက ပြောသည်။

ယခုကဲ့သို့ သေကြောင်းကြံမှု ယခုနှစ် ဖေဖော်ဝါရီက တဦး၊ မေလက တဦး ရှိခဲ့ပြီး ထိုနှစ်ဦးသည် အသက်မသေဘဲ ခါးရိုးကျိုးသွားကြောင်း၊ တဦးကို မြန်မာနိုင်ငံသို့ ပြန်ပို့လိုက်ပြီဖြစ်ပြီး ကျန်တဦးကို လည်း ပြန်ပို့ပေး ရန် စီစဉ်နေကြောင်း သိရသည်။

မြန်မာ အလုပ်သမားများ အနေဖြင့် အခက်အခဲ တစုံတရာဖြစ်လာပါက တဦးတည်း မဖြေရှင်းဘဲ သက်ဆိုင်ရာ သံရုံး တာဝန်ရှိသူများနှင့် မြန်မာ့လူမှု အသိုင်းအဝိုင်းက အရေးပေါ် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကို ခေါ်ယူ အကြောင်း ကြား ကြရန် စင်ကာပူရောက် မြန်မာ့အရေး အကူအညီပေးနေသူများက ပြောဆိုကြသည်။

မြန်မာအိမ်အကူ အလုပ်သမား မိန်းကလေးတဦး ၁၈ ထပ်တိုက်ပေါ်မှ ခုန်ချပြီး သေကြောင်းကြံစည်ခဲ့သည့် ဗီဒီယိုဖိုင် များ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့ပြီးနောက် စင်ကာပူရောက် မြန်မာများအပါအဝင် မြန်မာနိုင်ငံသားများကြား တုန်လှုပ် ဖွယ်ရာ ဖြစ်ရပ်တခုဖြစ်ခဲ့သည်။

တရားမဝင် စေလွှတ်မှုများကြောင့် စင်ကာပူနိုင်ငံတွင် မြန်မာနိုင်ငံမှ အိမ်အကူ အလုပ်သမားအဖြစ် သွားရောက် လုပ်ကိုင်နေသူ ၄၀၀၀၀ ခန့်ရှိကြောင်း သိရသည်။

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...