ေက်ာင္းဆရာမကို လူပ်ိဳလို႔ေျပာျပီး လိမ္ညာ ေပါင္းသင္းတဲ့ ဒုရဲအုပ္၊ တစ္လင္ တစ္မယား ဥပေဒနဲ႔ အမႈဖြင့္ခံရ

ဧရာ၀တီတိုင္းေဒသႀကီး၊ ဘိုကေလးၿမိဳ႕မ ရဲစခန္းမွာ တာ၀န္ ထမ္းေဆာင္ေနတဲ့ ဒုရဲအုပ္ညီညီေအာင္ ကို ေက်ာင္းဆရာမတစ္ဦးက တစ္လင္တစ္မယား က်င့္သံုး ျခင္းဆိုင္ရာ ဥပေဒနဲ႔ အမႈဖြင့္ တိုင္ၾကား ထားတယ္လို႔ အဆိုပါ ျမိဳ႕မရဲစခန္းကေနသိရပါတယ္။

သူဟာ ဇနီးမယားရွိလ်က္နဲ႔ မိမိကိုယ္ကို လူပ်ိဳလို႔ေျပာျပီး ေက်ာင္းဆရာမ တစ္ဦးကို လိမ္လည္ေပါင္းသင္းေနထိုင္ ခဲ့တာေၾကာင့္ ကာယကံရွင္ျဖစ္သူ ေက်ာင္းဆရာမက အမႈဖြင့္ တုိင္ၾကားခဲ့တာျဖစ္တယ္လို႔ ဘုိကေလးျမိဳ႕မရဲစခန္းက တာ၀န္က် ရဲအရာရွိ က ေျပာပါတယ္။
“သူက လူပ်ိဳလို႔ေျပာျပီး ေက်ာင္းဆရာမကိုခိုးေျပးသြားတယ္။ ျပီးေတာ့ တရားရံုးမွာ လက္မွတ္ထိုးဖုိ႔ လုပ္ေနတုန္း ေက်ာင္းဆရာမက သူ႕မွာ မိန္းမေရာ ကေလးေရာရွိမွန္းသိသြားတာ။ ေလာေလာဆယ္ သူ႕ကို စခန္းမွာ ဖမ္းထားတယ္။ ရမန္ယူထားတယ္။ စစ္ေဆး ဖို႔က်န္ေသးတယ္” လို႔ အဆိုပါရဲအရာရွိက ဆိုပါတယ္။
ဒုရဲအုပ္ ညီညီေအာင္ဟာ ရဲတပ္ဖြဲ႕၀င္ျဖစ္တဲ့အတြက္ ရဲစည္းကမ္း ထိန္းသိမ္းေရးအဖြဲ႕ကလည္း စံုစမ္းစစ္ေဆးျပီး အေရးယူ သြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

လက္ရွိမွာေတာ့ သူ႕ကို ဘိုကေလးၿမိဳ႕မရဲစခန္းက (ပ)၁၂၃/၂၀၁၇ တစ္လင္တစ္မယားဆိုင္ရာ ဥပေဒပုဒ္မ ၁၇ နဲ႔ အမႈဖြင့္ ဖမ္းဆီး ထားတာျဖစ္ပါတယ္။
တစ္လင္တစ္မယား က်င့္သံုး ျခင္းဆိုင္ရာ ဥပေဒ ဟာ ေထာင္ဒဏ္ ၇ ႏွစ္ထိ ခ်မွတ္လို႔ရျပီး ေငြဒဏ္လည္း ခ်မွတ္နိုင္ပါတယ္။
mmknowledgecorner

Unicode
ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့မ ရဲစခန်းမှာ တာဝန် ထမ်းဆောင်နေတဲ့ ဒုရဲအုပ်ညီညီအောင် ကို ကျောင်းဆရာမတစ်ဦးက တစ်လင်တစ်မယား ကျင့်သုံး ခြင်းဆိုင်ရာ ဥပဒေနဲ့ အမှုဖွင့် တိုင်ကြား ထားတယ်လို့ အဆိုပါ မြို့မရဲစခန်းကနေသိရပါတယ်။

သူဟာ ဇနီးမယားရှိလျက်နဲ့ မိမိကိုယ်ကို လူပျိုလို့ပြောပြီး ကျောင်းဆရာမ တစ်ဦးကို လိမ်လည်ပေါင်းသင်းနေထိုင် ခဲ့တာကြောင့် ကာယကံရှင်ဖြစ်သူ ကျောင်းဆရာမက အမှုဖွင့် တိုင်ကြားခဲ့တာဖြစ်တယ်လို့ ဘိုကလေးမြို့မရဲစခန်းက တာဝန်ကျ ရဲအရာရှိ က ပြောပါတယ်။
“သူက လူပျိုလို့ပြောပြီး ကျောင်းဆရာမကိုခိုးပြေးသွားတယ်။ ပြီးတော့ တရားရုံးမှာ လက်မှတ်ထိုးဖို့ လုပ်နေတုန်း ကျောင်းဆရာမက သူ့မှာ မိန်းမရော ကလေးရောရှိမှန်းသိသွားတာ။ လောလောဆယ် သူ့ကို စခန်းမှာ ဖမ်းထားတယ်။ ရမန်ယူထားတယ်။ စစ်ဆေး ဖို့ကျန်သေးတယ်” လို့ အဆိုပါရဲအရာရှိက ဆိုပါတယ်။
ဒုရဲအုပ် ညီညီအောင်ဟာ ရဲတပ်ဖွဲ့ဝင်ဖြစ်တဲ့အတွက် ရဲစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့ကလည်း စုံစမ်းစစ်ဆေးပြီး အရေးယူ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ သူ့ကို ဘိုကလေးမြို့မရဲစခန်းက (ပ)၁၂၃/၂၀၁၇ တစ်လင်တစ်မယားဆိုင်ရာ ဥပဒေပုဒ်မ ၁၇ နဲ့ အမှုဖွင့် ဖမ်းဆီး ထားတာဖြစ်ပါတယ်။
တစ်လင်တစ်မယား ကျင့်သုံး ခြင်းဆိုင်ရာ ဥပဒေ ဟာ ထောင်ဒဏ် ၇ နှစ်ထိ ချမှတ်လို့ရပြီး ငွေဒဏ်လည်း ချမှတ်နိုင်ပါတယ်။
mmknowledgecorner

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...