အေဖက တံငါသည္ သားက ဘာသာစံု ဂုဏ္ထူးရွင္


ေမာင္သန္းေ၀ (ဒစ-၅၅၉ (ဘာသာစံုဂုဏ္ထူးရွင္))
အဖ - ဦးေအာင္ခ်မ္းသာ (အလုပ္အကိုင္ တံငါသည္)
အမိ- ေဒၚသန္းႏြဲ႕ရီ ( မွီခို)
ေမြးခ်င္း - ၆ ေယာက္အနက္ စတုတၳေျမာက္သား
ေမြးဖြားရာဇာတိ - ရဲဖ်ားေက်းရြာ(ကၽြန္းဖ်ား)၊ ေျမာက္ဦးၿမိဳ႕နယ္။
သူငယ္တန္းမွ စတုတၳတန္းအထိ၊ အ-မ-က(ရဲဖ်ား)၊
ပဥၥမတန္းမွ အဌမတန္းထိ အမက တဲြဖက္ (ရဲဖ်ား)တြင္ မိဘေထာက္ပံ့မႈေၾကာင့္ ပညာသင္ယူခဲ့သည္။ သူ၏ ငယ္ဆရာ အမက(ရဲဖ်ား) ဆရာဦးေမာင္စိန္မွာ အဓိကူညီပန္႔ပိုးေပးခဲ့သည္။ အဌမတန္းၿပီးေနာက္ပိုင္း ပညာသင္ယူဖို႔ ခက္ခဲခဲ့သည့္အတြက္ ေက်ာင္းထြက္ရမည့္ အေျခအေနကို ေရာက္ရွိခဲ့သည္။ ေနာက္ပိုင္းတြင္ န၀မတန္းကို ဆက္လက္ပညာသင္ယူဖို႔အတြက္ အထကခဲြ( ပ်ားတဲ) ေက်ာင္းအုပ္ဆရာမႀကီး ေဒၚသန္းသန္းေအးမွ ေခၚယူၿပီး ပ်ားတဲေက်းရြာမွ ေက်းရြာသူ/သားမ်ားမွ ေကၽြးေမြးေစာင့္ေရွာက္ထားၿပီး ပညာသင္ဖို႔အတြက္ ဆရာမႀကီးမ ကူညီေထာက္ပ့ံေပးခဲ့သည္။
Image may contain: 1 person, closeup
ဒႆမတန္း ပညာသင္ယူမႈ
-----------------------------------
၂၀၁၅ ခုႏွစ္ ၊ စက္တင္ဘာလတြင္ စကၤာပူႏိုင္ငံမွ အလွဴေငြတို႔ျဖင့္ ကိုေသာင္းတင္ဦးေဆာင္ၿပီး ပ်ားတဲေက်းရြာႏွင့္ အနီးအနားတ၀ိုက္ အလွဴေပးရန္ ကၽြန္ေတာ္ေ၀ဟင္ေအာင္အား ဆက္သြယ္ အကူညီေတာင္းခံခဲ့သည္။ အလွဴပစၥည္းမ်ားေပးအပ္ပဲြအပါအ၀င္ စာေပေဟာေျပာပြဲတစ္ခုကို ထည့္သြင္းခဲ့ၿပီး ကၽြန္ေတာ္တုိ႔ ေဟာေျပာခဲ့သည္။ ေဟာေျပာပဲြၿပီးေနာက္ ေက်ာင္းအုပ္ဆရာမႀကီးမွ "ဆရာေ၀ ဒီကေလး စာေတာ္တယ္။ စစ္ေတြၿမိဳ႕သို႔ ယူေဆာင္သင္ယူရင္ ေကာင္းမယ္။ ဒီမွာ ဆက္လက္ ပညာသင္ယူဖို႔ မလြယ္ဘူး။ ဆရာေခၚသြားပါ"ဟု ေပးအပ္ခဲ့သည့္အတြက္ န၀မတန္း စာေမးပြဲေျဖၿပီးေနာက္မွာ သူ႔ကို ကၽြန္ေတာ္တို႔ ေခၚယူခဲ့သည္။ အဓိက တပည့္အေပၚတြင္ သေဘာတရားႀကီးႀကီး ထူးထူးခၽြန္ခၽြန္ျဖစ္ေအာင္ လက္လြတ္ေပးခဲ့သည့္ အထကခဲြ(ပ်ားတဲ)ဆရာ/မမ်ား၏ စိတ္ဓာတ္ကို ေလးစားဂုဏ္ျပဳမိ၏။ စစ္ေတြၿမိဳ႕ကို ေရာက္ၿပီး "#မဟာပညာေက်ာ္" အထက္တန္းေက်ာင္းမွ ပုိင္ရွင္မ်ားျဖစ္ၾကသည့္ ဆရာစံေရႊသိန္း၊ ဆရာဦးသိန္း၀င္းႏွင့္ ကိုညိဳေခ်တို႔ အကူအညီေတာင္းၿပီး ေက်ာင္းပညာသင္စရိတ္ႏွင့္ အေဆာင္စရိတ္ကို လြတ္ေပးဖို႔ အကူညီအညီေတာင္းခံခဲ့သည္။ "မဟာပညာေက်ာ္"ကိုယ္ပိုင္အထက္တန္းေက်ာင္းမွ ပညာသင္စရိတ္ႏွင့္ အေဆာင္စရိတ္တို႔ကို အခမဲ့ ကူညီေပးခဲ့သည္။ ထမင္းစားစရိတ္အတြက္ "#ပရဟိတလူငယ္မ်ား(စစ္ေတြ)"မွ ေဒါက္တာကံထူးေအာင္၊ လင္းအိမ္၊ ကိုေနမင္းေအာင္ႏွင့္ အသင္းသူ/သားမ်ား အကူညီေတာင္းခံရာ ပညာသင္တစ္ႏွစ္လံုးအတြက္ ထမင္းစားစရိတ္ကို ကူညီေပးခဲ့သည္။ လစဥ္ အေသးသံုးစရိတ္မ်ားကို #ကိုေမာင္စံလွတို႔ သူငယ္ခ်င္းအဖဲြ႕က ကူညီေပးတင္မက အနီးကပ္ လိုအပ္သည္မ်ားကို ျဖည့္ဆည္းေပးခဲ့သည္။ သူတို႔ကား သားတစ္ဦးပနာ ျပဳစုေစာင့္ေရွာက္ခဲ့ၾကသည္။ ကၽြန္ေတာ့္မွာသာ ခရီးသြားခ်ိန္မ်ားေနသည့္အတြက္ အေသးသံုးပိုက္ဆံေလးေပးလိုက္၊ အ၀တ္အစားမ်ားကို ၀ယ္ေပးလိုက္ျဖင့္ ကူညီေထာက္ပံ့ေပးခဲ့ရသည္။ ယခု ရခိုင္ျပည္နယ္၊ ဂုဏ္ေဆာင္ ေျခာက္ဘာသာဂုဏ္ထူးရွင္အျဖစ္ ေမြးထုတ္ေပးလိုက္ႏုိင္ခဲ့ၿပီ။ သူ႔တြက္ တကၠသိုလ္ကို ဆက္လက္သင္ယူႏိုင္ဖို႔ အကူအညီမ်ား အမွန္တကယ္လိုအပ္သည္ ဆုိမွာ ေျပာဖြယ္ မလိုေတာ့ေပ။
ယခု သူ႔ကို ကြန္ပ်ဴတာပညာရပ္ကို အနီးကပ္ သင္ေပးထားၿပီး အဂၤလိပ္စာကို ေလ့လာခိုင္းထားသည္။
Image may contain: 2 people, people standing, sky, outdoor and nature
ေနာက္ဆက္တြဲ
---------------
ေမာင္သန္းေ၀ကို ျပဳစုပ်ိဳေထာင္မႈ ေအာင္ျမင္သည္ဟု ခံစားမိသည့္အတြက္ ယခုပညာသင္ႏွစ္မွာ ၁၀ ဦး ဆက္လက္ ပညာေတာ္သင္ ေထာက္ပံ့ေပးထားသည္။ စားစရိတ္၊ ပညာသင္စရိတ္ႏွင့္ အေဆာင္စရိတ္အျပည့္အ၀ ၅ ဦးႏွင့္ ပညာသင္စရိတ္၊ အေဆာင္စရိတ္၊ ထမင္းစားစရိတ္မပါဘဲ ၅ ဦးေပးထားသည္။ ႏွစ္စဥ္ႏွစ္တိုင္း ဆင္းရဲခ်ိဳ႕တဲ့သည့္ ရခိုင္ျပည္နယ္အႏွံ႔မွ ပညာေတာ္သည့္ ကေလးမ်ားကို ဆက္လက္ေမြးျမဴႏုိင္ဖိုိ႔ "ဇာမရီ"ပညာေရးေဖာင္ေဒးရွင္းကို ဖဲြ႕ထားၿပီး ပညာေရးတြင္ ေရရွည္ ကူညီေထာက္ပံ့ႏုိင္ေအာင္ လုပ္ေဆာင္လ်က္ရွိသည္။ ဆင္းရဲခ်ိဳ႕တဲ့ ပညာငတ္မြတ္ေနသည့္ ရခိုင္ျပည္အတြက္ "ဇာမရီ"ပညာေရးေဖာင္ေဒးရွင္းက တစ္ဖက္တလမ္းက ပူေပါင္းပါ၀င္ ကူညီေထာက္ပံ့ႏိုင္ေအာင္ ႀကိဳးစားေနသည္။ လူမ်ိဳးတစ္မ်ိဳးအတြက္ ေရရွည္ ရင္းႏွီးျမဳပ္ႏွံခ်င္လွ်င္ ပညာေရးမွာ အရင္းတည္ပါ။ ပညာေရးျဖင့္ ေရရွည္ ရခိုင္တို႔ဘ၀ကို တည္ေဆာက္သြားဖို႔အတြက္ ကၽြန္ေတာ္တို႔ "ဇာမရီ"ပညာေရးေဖာင္ေဒးရွင္းက ႀကိဳးစားသြားမွာျဖစ္ပါသည္။ လူႀကီးမင္းတို႔ အေနျဖင့္ အလွဴေငြအပါအဝင္ သင္ေထာက္ကူပစၥည္းမ်ားျဖစ္ၾကသည့္ ပံုႏွိပ္စာအုပ္၊ အထူးထုတ္စာအုပ္၊ ဗလာစာအုပ္၊ ေဘာပင္၊ ေဖာင္တိန္မ်ားကို လွဴဒါန္းလိုလွ်င္ ကၽြန္ေတာ္တို႔ "ဇာမရီ"ပညာေရးေဖာင္ေဒးရွင္းႏွင့္ ပူးေပါင္းပါ၀င္ျခင္းျဖင့္ ကူညီႏိုင္ပါသည္။
ေမာင္သန္းေ၀ - ပထမဦးဆံုး ဇာမရီ မ်ိဳးဆက္ လြတ္လပ္စြာ ပ်ံသန္ခြင့္ရရွိခဲ့သြားၿပီ။
ေ၀ဟင္ေအာင္
09450542986




Image may contain: 1 person, smiling, outdoor

မောင်သန်းဝေ (ဒစ-၅၅၉ (ဘာသာစုံဂုဏ်ထူးရှင်))
အဖ - ဦးအောင်ချမ်းသာ (အလုပ်အကိုင် တံငါသည်)
အမိ- ဒေါ်သန်းနွဲ့ရီ ( မှီခို)
မွေးချင်း - ၆ ယောက်အနက် စတုတ္ထမြောက်သား
မွေးဖွားရာဇာတိ - ရဲဖျားကျေးရွာ(ကျွန်းဖျား)၊ မြောက်ဦးမြို့နယ်။
သူငယ်တန်းမှ စတုတ္ထတန်းအထိ၊ အ-မ-က(ရဲဖျား)၊ 
ပဉ္စမတန်းမှ အဌမတန်းထိ အမက တွဲဖက် (ရဲဖျား)တွင် မိဘထောက်ပံ့မှုကြောင့် ပညာသင်ယူခဲ့သည်။ သူ၏ ငယ်ဆရာ အမက(ရဲဖျား) ဆရာဦးမောင်စိန်မှာ အဓိကူညီပန့်ပိုးပေးခဲ့သည်။ အဌမတန်းပြီးနောက်ပိုင်း ပညာသင်ယူဖို့ ခက်ခဲခဲ့သည့်အတွက် ကျောင်းထွက်ရမည့် အခြေအနေကို ရောက်ရှိခဲ့သည်။ နောက်ပိုင်းတွင် နဝမတန်းကို ဆက်လက်ပညာသင်ယူဖို့အတွက် အထကခွဲ( ပျားတဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းအေးမှ ခေါ်ယူပြီး ပျားတဲကျေးရွာမှ ကျေးရွာသူ/သားများမှ ကျွေးမွေးစောင့်ရှောက်ထားပြီး ပညာသင်ဖို့အတွက် ဆရာမကြီးမ ကူညီထောက်ပံ့ပေးခဲ့သည်။
ဒဿမတန်း ပညာသင်ယူမှု
-----------------------------------
၂၀၁၅ ခုနှစ် ၊ စက်တင်ဘာလတွင် စင်္ကာပူနိုင်ငံမှ အလှူငွေတို့ဖြင့် ကိုသောင်းတင်ဦးဆောင်ပြီး ပျားတဲကျေးရွာနှင့် အနီးအနားတဝိုက် အလှူပေးရန် ကျွန်တော်ဝေဟင်အောင်အား ဆက်သွယ် အကူညီတောင်းခံခဲ့သည်။ အလှူပစ္စည်းများပေးအပ်ပွဲအပါအဝင် စာပေဟောပြောပွဲတစ်ခုကို ထည့်သွင်းခဲ့ပြီး ကျွန်တော်တို့ ဟောပြောခဲ့သည်။ ဟောပြောပွဲပြီးနောက် ကျောင်းအုပ်ဆရာမကြီးမှ "ဆရာဝေ ဒီကလေး စာတော်တယ်။ စစ်တွေမြို့သို့ ယူဆောင်သင်ယူရင် ကောင်းမယ်။ ဒီမှာ ဆက်လက် ပညာသင်ယူဖို့ မလွယ်ဘူး။ ဆရာခေါ်သွားပါ"ဟု ပေးအပ်ခဲ့သည့်အတွက် နဝမတန်း စာမေးပွဲဖြေပြီးနောက်မှာ သူ့ကို ကျွန်တော်တို့ ခေါ်ယူခဲ့သည်။ အဓိက တပည့်အပေါ်တွင် သဘောတရားကြီးကြီး ထူးထူးချွန်ချွန်ဖြစ်အောင် လက်လွတ်ပေးခဲ့သည့် အထကခွဲ(ပျားတဲ)ဆရာ/မများ၏ စိတ်ဓာတ်ကို လေးစားဂုဏ်ပြုမိ၏။ စစ်တွေမြို့ကို ရောက်ပြီး "#မဟာပညာကျော်" အထက်တန်းကျောင်းမှ ပိုင်ရှင်များဖြစ်ကြသည့် ဆရာစံရွှေသိန်း၊ ဆရာဦးသိန်းဝင်းနှင့် ကိုညိုချေတို့ အကူအညီတောင်းပြီး ကျောင်းပညာသင်စရိတ်နှင့် အဆောင်စရိတ်ကို လွတ်ပေးဖို့ အကူညီအညီတောင်းခံခဲ့သည်။ "မဟာပညာကျော်"ကိုယ်ပိုင်အထက်တန်းကျောင်းမှ ပညာသင်စရိတ်နှင့် အဆောင်စရိတ်တို့ကို အခမဲ့ ကူညီပေးခဲ့သည်။ ထမင်းစားစရိတ်အတွက် "#ပရဟိတလူငယ်များ(စစ်တွေ)"မှ ဒေါက်တာကံထူးအောင်၊ လင်းအိမ်၊ ကိုနေမင်းအောင်နှင့် အသင်းသူ/သားများ အကူညီတောင်းခံရာ ပညာသင်တစ်နှစ်လုံးအတွက် ထမင်းစားစရိတ်ကို ကူညီပေးခဲ့သည်။ လစဉ် အသေးသုံးစရိတ်များကို #ကိုမောင်စံလှတို့ သူငယ်ချင်းအဖွဲ့က ကူညီပေးတင်မက အနီးကပ် လိုအပ်သည်များကို ဖြည့်ဆည်းပေးခဲ့သည်။ သူတို့ကား သားတစ်ဦးပနာ ပြုစုစောင့်ရှောက်ခဲ့ကြသည်။ ကျွန်တော့်မှာသာ ခရီးသွားချိန်များနေသည့်အတွက် အသေးသုံးပိုက်ဆံလေးပေးလိုက်၊ အဝတ်အစားများကို ဝယ်ပေးလိုက်ဖြင့် ကူညီထောက်ပံ့ပေးခဲ့ရသည်။ ယခု ရခိုင်ပြည်နယ်၊ ဂုဏ်ဆောင် ခြောက်ဘာသာဂုဏ်ထူးရှင်အဖြစ် မွေးထုတ်ပေးလိုက်နိုင်ခဲ့ပြီ။ သူ့တွက် တက္ကသိုလ်ကို ဆက်လက်သင်ယူနိုင်ဖို့ အကူအညီများ အမှန်တကယ်လိုအပ်သည် ဆိုမှာ ပြောဖွယ် မလိုတော့ပေ။
ယခု သူ့ကို ကွန်ပျူတာပညာရပ်ကို အနီးကပ် သင်ပေးထားပြီး အင်္ဂလိပ်စာကို လေ့လာခိုင်းထားသည်။

Image may contain: 3 people, people sitting
နောက်ဆက်တွဲ
---------------
မောင်သန်းဝေကို ပြုစုပျိုထောင်မှု အောင်မြင်သည်ဟု ခံစားမိသည့်အတွက် ယခုပညာသင်နှစ်မှာ ၁၀ ဦး ဆက်လက် ပညာတော်သင် ထောက်ပံ့ပေးထားသည်။ စားစရိတ်၊ ပညာသင်စရိတ်နှင့် အဆောင်စရိတ်အပြည့်အဝ ၅ ဦးနှင့် ပညာသင်စရိတ်၊ အဆောင်စရိတ်၊ ထမင်းစားစရိတ်မပါဘဲ ၅ ဦးပေးထားသည်။ နှစ်စဉ်နှစ်တိုင်း ဆင်းရဲချို့တဲ့သည့် ရခိုင်ပြည်နယ်အနှံ့မှ ပညာတော်သည့် ကလေးများကို ဆက်လက်မွေးမြူနိုင်ဖိို့ "ဇာမရီ"ပညာရေးဖောင်ဒေးရှင်းကို ဖွဲ့ထားပြီး ပညာရေးတွင် ရေရှည် ကူညီထောက်ပံ့နိုင်အောင် လုပ်ဆောင်လျက်ရှိသည်။ ဆင်းရဲချို့တဲ့ ပညာငတ်မွတ်နေသည့် ရခိုင်ပြည်အတွက် "ဇာမရီ"ပညာရေးဖောင်ဒေးရှင်းက တစ်ဖက်တလမ်းက ပူပေါင်းပါဝင် ကူညီထောက်ပံ့နိုင်အောင် ကြိုးစားနေသည်။ လူမျိုးတစ်မျိုးအတွက် ရေရှည် ရင်းနှီးမြုပ်နှံချင်လျှင် ပညာရေးမှာ အရင်းတည်ပါ။ ပညာရေးဖြင့် ရေရှည် ရခိုင်တို့ဘဝကို တည်ဆောက်သွားဖို့အတွက် ကျွန်တော်တို့ "ဇာမရီ"ပညာရေးဖောင်ဒေးရှင်းက ကြိုးစားသွားမှာဖြစ်ပါသည်။ လူကြီးမင်းတို့ အနေဖြင့် အလှူငွေအပါအဝင် သင်ထောက်ကူပစ္စည်းများဖြစ်ကြသည့် ပုံနှိပ်စာအုပ်၊ အထူးထုတ်စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ဖောင်တိန်များကို လှူဒါန်းလိုလျှင် ကျွန်တော်တို့ "ဇာမရီ"ပညာရေးဖောင်ဒေးရှင်းနှင့် ပူးပေါင်းပါဝင်ခြင်းဖြင့် ကူညီနိုင်ပါသည်။
မောင်သန်းဝေ - ပထမဦးဆုံး ဇာမရီ မျိုးဆက် လွတ်လပ်စွာ ပျံသန်ခွင့်ရရှိခဲ့သွားပြီ။
ဝေဟင်အောင်
09450542986
https://m.facebook.com/story.php…

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...