၁၀ တန္းမေအာင္သျဖင့္ ေက်ာင္းသူတဦး ေရထဲခုန္ခ်

ရန္ကုန္တိုင္းေဒသႀကီး ဆိပ္ႀကီးခေနာင္တိုၿမိဳ ့နယ္မွာ    ဆယ္တန္းမေအာင္တာေၾကာင့္ ေက်ာင္းသူတဦး ေရထဲခုန္ခ်မႈတခု ဇြန္ ၁၇ ရက္ေန႔က  ျဖစ္ပြားခဲ့ပါတယ္။

ျဖစ္စဥ္မွာ ဆိပ္ႀကီးခေနာင္တိုၿမိဳ႕နယ္ ဆမား ၄ ရပ္ကြက္ေန မဝင္းပပထြန္း (အသက္ ၁၉) ႏွစ္ဟာ ေအာင္စာရင္းၾကည့္ၿပီးအျပန္ မနက္ ၃ နာရီဝန္းက်င္မွာ ဆိပ္ႀကီး စက္သမၼာန္စက္အနီးရိွ ေရထဲကို ခုန္ခ်ခဲ့တာပါ။
ဒါေပမာ္ါ အနီးအနားမွာ ရိွတဲ့ လူေတြက ဝိုင္းဝန္းဆယ္ခဲ့တာေၾကာင့္ အသက္ေသဆံုးမႈ ေတာ့ မျဖစ္ခဲ့ပါဘူး။
“ေကာင္မေလးက အေဖမရိွေတာ့ဘူး အေမကလည္း ေနာက္အိမ္ေထာင္နဲ႔ဆိုေတာ့ အေဒၚေတြနဲ႔ေနတာ။ တခါတရံေတာ့ သူအေမလာေနတယ္။ ဆယ္တန္းေျဖတာ ၃ ႏွစ္ရိွၿပီ လက္ရိွမွာ အလုပ္လုပ္ေနတာ။ စာေမးပြဲေျဖတုန္းကေတာ့ ေျဖႏိုင္တယ္ဆိုၿပီး ဝမ္းသာေနေသးတာေတာ့ေတြ႔တယ္လို႔” အိမ္နီးခ်င္းတဦးက ဆိုပါတယ္။
သတင္းႏွင့္ဓာတ္ပုံ – ျပည့္ဘုန္းေအာင္
Source: DVB
ရန်ကုန်တိုင်းဒေသကြီး ဆိပ်ကြီးခနောင်တိုမြို ့နယ်မှာ    ဆယ်တန်းမအောင်တာကြောင့် ကျောင်းသူတဦး ရေထဲခုန်ချမှုတခု ဇွန် ၁၇ ရက်နေ့က  ဖြစ်ပွားခဲ့ပါတယ်။၏
ဖြစ်စဉ်မှာ ဆိပ်ကြီးခနောင်တိုမြို့နယ် ဆမား ၄ ရပ်ကွက်နေ မဝင်းပပထွန်း (အသက် ၁၉) နှစ်ဟာ အောင်စာရင်းကြည့်ပြီးအပြန် မနက် ၃ နာရီဝန်းကျင်မှာ ဆိပ်ကြီး စက်သမ္မာန်စက်အနီးရှိ ရေထဲကို ခုန်ချခဲ့တာပါ။
ဒါပေမါာ် အနီးအနားမှာ ရှိတဲ့ လူတွေက ဝိုင်းဝန်းဆယ်ခဲ့တာကြောင့် အသက်သေဆုံးမှု တော့ မဖြစ်ခဲ့ပါဘူး။
“ကောင်မလေးက အဖေမရှိတော့ဘူး အမေကလည်း နောက်အိမ်ထောင်နဲ့ဆိုတော့ အဒေါ်တွေနဲ့နေတာ။ တခါတရံတော့ သူအမေလာနေတယ်။ ဆယ်တန်းဖြေတာ ၃ နှစ်ရှိပြီ လက်ရှိမှာ အလုပ်လုပ်နေတာ။ စာမေးပွဲဖြေတုန်းကတော့ ဖြေနိုင်တယ်ဆိုပြီး ဝမ်းသာနေသေးတာတော့တွေ့တယ်လို့” အိမ်နီးချင်းတဦးက ဆိုပါတယ်။

သတင်းနှင့်ဓာတ်ပုံ – ပြည့်ဘုန်းအောင်

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...