လား႐ိူးၿမိဳ႕ အထက(၉)တြင္ ေက်ာင္းသား (၅၀၀) နီးပါးခန္႔ အျပစ္ေပးအ႐ိုက္ခံခဲ့ရ


ျဖစ္ပြားပုံမွာ....
ဇြန္လ ၁၅ရက္ေန႔က လား႐ိူးၿမိဳ႕ အထက(၉)တြင္ ေက်ာင္းအုပ္
ဆရာမႀကီး ေဒၚနန္းခ်ိဳခ်ိဳမင္းမွ ေက်ာင္းသား(ေယာက္်ား
ေလး) (၅၀၀)ဦးခန္႔အား အျပစ္ေပးသည့္အေနျဖင့္ ဒုတိယ
တန္းမွစ၍ ဆယ္တန္း အထိ တစ္ေယာက္တစ္ခ်က္ ျပစ္
ဒဏ္ေပး ႐ိုက္ခဲ့ပါသည္။
အဆိုပါကိစၥႏွင့္ပတ္သက္၍ ဆရာမႀကီးအားေတြ႔ဆုံေမးျမန္း
ခဲ႔ရာ ဆရာမႀကီးမွ .....
လြန္ခဲ့သည့္တစ္ပတ္ နံနံပိုင္းတြင္ ဆရာမႀကီးမွေက်ာင္း
စာသင္ေနမႈအားလွည့္လည္စစ္ေဆးၿပီး ေက်ာင္းသား
အိမ္သာသို႔ ေရာက္ရိွခဲ့ပါသည္...
Image may contain: outdoor
အငယ္တန္း ကေလးမ်ားအတြက္ထားရိွေသာ ေနရာတြင္
ရိွသည့္ ေရကန္ငယ္ေလးမ်ားအတြင္းမွ အုတ္က်ိဳးႏွင့္ျဗံဳး
မ်ားအား ဖယ္ရွား သန္႔႐ွင္းၿပီးေရျပန္ျဖည့္ကာထားေပးခဲ့
ပါသည္...
ေနာက္ရက္ ၎ေနရာအားျပန္လည္စစ္ေဆးရာကန္ငယ္
ေလးမ်ားအတြင္းမွ ေရမ်ားသည္ အျမဳတ္မ်ားျဖင့္ ျပည့္ေန
ေသာေၾကာင့္႐ိုး႐ိုးသားသား ထင္မွတ္ကာ ၎ကန္ငယ္
ေလး အတြင္းမွ ေရမ်ားအား ပုံးျဖင့္ကိုယ္တိုင္ခပ္၍ သန္႔
႐ွင္းကာ လက္အားျပန္ေဆးၿပီး ေရျပန္ျဖည့္ေပးခဲ့သည္...
ေနာက္ ၂ ရက္အၾကာ ၎ေနရာအားထပ္မံသြားေရာက္ ၾကည့္႐ႈရာ ဝါထိန္ၿပီး အျမဳတ္မ်ားထကာသုံးမရေအာင္
ျဖစ္မွ ေသးေပါက္ ထည့္ခဲ့ၾကေၾကာင္း ရိပ္စားမိခဲ့သည္.
ထိုအခါ ေက်ာင္းသားမ်ားအားလုံးေခၚယူေမျမန္းရာ
ေက်ာင္းသားငယ္(၂/၃/၄)တန္းမွကေလးမ်ာမွမည္သူ
ေပါက္သည္ မည္ဝါေပါက္သည္ကိုေျပာခဲ့ၾကေသာ္လည္း
အတန္းႀကီး ေက်ာင္းသားမ်ား ပါဝင္ေသာ္လည္းမေျပာရဲေၾကာင္း ေက်ာင္းသားႀကီးမ်ားမွလည္း ဝန္ခံျခင္းမရိွ
ေသာေၾကာင့္ ဒုတိယတန္းမွစ၍ဆယ္တန္း အထိေက်ာင္းသား မ်ားအား တစ္ေယာက္တစ္ခ်က္ ႏႈန္းျဖင့္ ႐ိုက္ခဲ့ရျခင္းျဖစ္ေၾကာင္း႐ွင္းျပခဲ့ပါသည္.....
ဆက္လက္ၿပီး ဆရာမႀကီးမွ...
ေက်ာင္းသားမ်ား အား အခုလို ႐ိုက္ႏွက္ပါကအျပင္တြင္
ျပန္႔ကာ အလုပ္အား ထိခိုက္ႏိုင္သည္ကိုသိရိွပါေသာ္လည္း ဆရာမႀကီးအေနျဖင့္ ေက်ာင္းသားမ်ား၏ အက်င့္ႏွင့္စာရိတၱ အားယခုအခ်ိန္မွ မျပင္လ်ွင္ ေနာင္ျပင္ရန္ မလြယ္သည့္အျပင္ အမွားအား ဝန္မခံရဲေသာဝစိ္တ္အတြက္ မ်ားစြာ ဝမ္းနည္းမိေၾကာင္း႐ွင္းျပခဲ့ပါသည္။
(Lashio News)
No automatic alt text available.
Unicode
ဖြစ်ပွားပုံမှာ....
ဇွန်လ ၁၅ရက်နေ့က လားရိူးမြို့ အထက(၉)တွင် ကျောင်းအုပ်
ဆရာမကြီး ဒေါ်နန်းချိုချိုမင်းမှ ကျောင်းသား(ယောကျာ်း
လေး) (၅၀ဝ)ဦးခန့်အား အပြစ်ပေးသည့်အနေဖြင့် ဒုတိယ
တန်းမှစ၍ ဆယ်တန်း အထိ တစ်ယောက်တစ်ချက် ပြစ်
ဒဏ်ပေး ရိုက်ခဲ့ပါသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆရာမကြီးအားတွေ့ဆုံမေးမြန်း
ခဲ့ရာ ဆရာမကြီးမှ .....
လွန်ခဲ့သည့်တစ်ပတ် နံနံပိုင်းတွင် ဆရာမကြီးမှကျောင်း
စာသင်နေမှုအားလှည့်လည်စစ်ဆေးပြီး ကျောင်းသား
အိမ်သာသို့ ရောက်ရှိခဲ့ပါသည်...
အငယ်တန်း ကလေးများအတွက်ထားရှိသော နေရာတွင်
ရှိသည့် ရေကန်ငယ်လေးများအတွင်းမှ အုတ်ကျိုးနှင့်ဗြုံး
များအား ဖယ်ရှား သန့်ရှင်းပြီးရေပြန်ဖြည့်ကာထားပေးခဲ့
ပါသည်...
နောက်ရက် ၎င်းနေရာအားပြန်လည်စစ်ဆေးရာကန်ငယ်
လေးများအတွင်းမှ ရေများသည် အမြုတ်များဖြင့် ပြည့်နေ
သောကြောင့်ရိုးရိုးသားသား ထင်မှတ်ကာ ၎င်းကန်ငယ်
လေး အတွင်းမှ ရေများအား ပုံးဖြင့်ကိုယ်တိုင်ခပ်၍ သန့်
ရှင်းကာ လက်အားပြန်ဆေးပြီး ရေပြန်ဖြည့်ပေးခဲ့သည်...
နောက် ၂ ရက်အကြာ ၎င်းနေရာအားထပ်မံသွားရောက် ကြည့်ရှုရာ ဝါထိန်ပြီး အမြုတ်များထကာသုံးမရအောင် 
ဖြစ်မှ သေးပေါက် ထည့်ခဲ့ကြကြောင်း ရိပ်စားမိခဲ့သည်.
ထိုအခါ ကျောင်းသားများအားလုံးခေါ်ယူမေမြန်းရာ
ကျောင်းသားငယ်(၂/၃/၄)တန်းမှကလေးမျာမှမည်သူ
ပေါက်သည် မည်ဝါပေါက်သည်ကိုပြောခဲ့ကြသော်လည်း
အတန်းကြီး ကျောင်းသားများ ပါဝင်သော်လည်းမပြောရဲကြောင်း ကျောင်းသားကြီးများမှလည်း ဝန်ခံခြင်းမရှိ
သောကြောင့် ဒုတိယတန်းမှစ၍ဆယ်တန်း အထိကျောင်းသား များအား တစ်ယောက်တစ်ချက် နှုန်းဖြင့် ရိုက်ခဲ့ရခြင်းဖြစ်ကြောင်းရှင်းပြခဲ့ပါသည်.....
ဆက်လက်ပြီး ဆရာမကြီးမှ...
ကျောင်းသားများ အား အခုလို ရိုက်နှက်ပါကအပြင်တွင်
ပြန့်ကာ အလုပ်အား ထိခိုက်နိုင်သည်ကိုသိရှိပါသော်လည်း ဆရာမကြီးအနေဖြင့် ကျောင်းသားများ၏ အကျင့်နှင့်စာရိတ္တ အားယခုအချိန်မှ မပြင်လျှင် နောင်ပြင်ရန် မလွယ်သည့်အပြင် အမှားအား ဝန်မခံရဲသောဝစိ်တ်အတွက် များစွာ ဝမ်းနည်းမိကြောင်းရှင်းပြခဲ့ပါသည်။

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...