ဆယ်တန်းအောင်စာရင်း သံသယရှိပါက တစ်ဘာသာကို ငါးထောင်ကျပ်ဖြင့် ပြန်စစ်ပေးရန် တောင်းဆိုနိုင်


၂၀၁၇ တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်း (ဆယ်တန်းအောင်စာရင်း) ရလဒ်ကို သံသယရှိပါက အဖြေလွှာ ပြန်လည်စစ်ဆေးပေးရန် တောင်းဆိုနိုင်ကြောင်း သိရပါတယ်။ တက္ကသိုလ်ဝင် စာမေးပွဲရ လဒ်ကို သံသယရှိပါက အဖြေလွှာပြန်စစ်ပေးရန် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန (လှိုင်တက္ကသိုလ် နယ်မြေ) တွင် အောင်စာရင်းထွက်ပြီး တစ်လခန့်အကြာမှာ ဖြေဆိုသူ ကိုယ်တိုင် (သို့မဟုတ်) မိဘက တောင်းဆိုနိုင်မယ်လို့ ဆိုပါတယ်။
‘‘ကျတဲ့သူတွေ အဖြေလွှာ ပြန်စစ်ဆေးပေးဖို့ တင်ပြလို့ရပါတယ်။ အမှတ်စာရင်းတွေထုတ်ပေးပြီး သိပ်မကြာဘူး။ အဖြေလွှာ ပြန်စစ်ခွင့်ပေးပါမယ်’’ ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က ပြောပါတယ်။
အဖြေလွှာများ ပြန်စစ်ဆေး စေလိုပါက မိမိစစ်ဆေးလိုသော ဘာသာရပ်အလိုက် နိုင်ငံတော်သို့ တစ်ဘာသာလျှင် ကျပ် ၅,၀၀၀ ပေးသွင်းရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံစာစစ်အဖွဲ့က ပြန်စစ်ဆေးကာ မူလစစ်ဆေးမှုနှင့် ကွဲလွဲမှု ရှိ၊ မရှိ တစ်လအတွင်း ကျောင်းသားထံ အ ကြောင်းပြန်ပေးသွားမယ်လို့ ဆိုပါတယ်။
 
‘ကျောင်းသားဖြေဆိုခဲ့တာနဲ့ ရလာတဲ့အမှတ် ကွဲပြားမှုရှိတယ်လို့ ယူဆရင် ကျောင်းသား (ဒါမှမဟုတ်) မိဘကိုယ်တိုင် ခံဝန်ကတိထိုးပြီး ကြည့်ချင်တဲ့အကြောင်း တင်ပြနိုင်တယ်။ ဆရာတို့က စာစစ်အဖွဲ့ကို အကြောင်းကြားပေးမယ်။ ပြန်စစ်ဆေးပေးမယ်။ ပြီးရင်တော့ သူပြန်လည်စစ်ဆေးတဲ့ ဘာသာရပ်တွေဟာ ကွဲလွဲမှုမရှိဘူး၊ မှန်ကန်တယ်ဆိုတဲ့အကြောင်း စာစစ်အဖွဲ့က ပြန်ကြားတာကို ဆရာတို့က ပြန်ကြားပေးမယ်။ အဖြေလွှာကိုတော့ သူ့ကို ပြန်ပြတာမျိုးမဟုတ်ဘူး’’ လို့ မြန် မာနိုင်ငံစာစစ်ဦးစီးဌာန (လှိုင် တက္ကသိုလ်နယ်မြေ) ညွှန်ကြား ရေးမှူးတစ်ဦးက ပြောထားပါတယ်။
လွန်ခဲ့သည့် တက္ကသိုလ်ဝင် စာမေးပွဲတွင် အောင်စာရင်းရလဒ် ကို သံသယရှိတာကြောင့် ပြန်လည်စစ်ဆေးရန် တောင်းဆိုသော ကျောင်းသားအချို့ ရှိသော်လည်း ရလဒ် ကွဲလွဲမှုမရှိခဲ့ပါဘူး။ ‘‘ကွဲလွဲမှုကတော့ ရှိခဲတယ်။ ဒါပေမဲ့ ကလေး မနစ်နာအောင် တက္ကသိုလ်တွေ မဖွင့်သေးခင် ပြန်စစ်နိုင်အောင် စီစဉ်ပေးတာပါ’’ လို့ အထက်ပါ ညွှန်ကြားရေးမှူးက ဆိုပါတယ်။
၂၀၁၇ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ယနေ့ (ဇွန် ၁၇ ရက်) ထုတ်ပြန်ကြေညာခဲ့ပြီး အောင်စာရင်းထွက်ပြီး တစ်ပတ်ခန့်အကြာမှာ အမှတ်စာရင်းများ ထုတ်ပေးနိုင်ရန် စီစဉ်နေကြောင်းလည်း သိရပါတယ်။
Source & Photo: 7Day Daily/နစ်ကီ

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...