အသက် ၈၈ နှစ်အဖွား ဉာဏ်ကောင်းလို့ မုဒိန်းကျင့် ခံရမှုမှ လွတ်မြောက်ခဲ့ရ


ပန်ဆယ်လ်ဗေးနီးယားပြည်နယ်မှ အသက် ၈၈ နှစ်အရွယ် Helen Reynolds ဆိုသူအမျိုးသမီးကြီး နေအိမ်တွင် တစ်ဦးတည်းရှိနေစဉ် နေအိမ်ဖောက်ထွင်းခံခဲ့ရပြီး ဖောက်ထွင်းသမားက ငွေကြေးနှင့် တန်ဖိုးရှိပစ္စည်းများကို ယူရုံမျှမကပဲ သူမကို မုဒိန်းကျင့်စော်ကားရန် ချဉ်းကပ်လာခဲ့သည်။

သို့သော် သူမ၏ ဖြတ်ထိုးဉာဏ်တစ်ချက်ကြောင့် မုဒိန်းကျင့်ခံရမှုမှ လက်မတင်လေး လွတ်မြောက်ခဲ့ရကြောင်း ABC News ကို ပြောကြားခဲ့သည်။ ထိုအချိန်က သူမ၏ ပါစပ်ကို တိပ်နှင့် ပိတ်ထားခဲ့သော်လည်း စကားပြန်ပြောနိုင်လောက်သည့် အခွင့်အရေးတော့ ရှိနေခဲ့သည့်အတွက် အဲ့သည့်အခွင့်အရေးကို အပိုင်အသုံးချခဲ့ခြင်းဖြစ်သည်။

ဖောက်ထွင်းသမားက စော်ကာရန်အနားသို့ တိုးလာစဉ် သူမ၏ ယောက်ျားသေဆုံးသွားခဲ့ရသည့်အကြောင်းကို ပြောပြလိုက်သည်။ ယောက်ျားဖြစ်သူမှာ HIV ရောဂါနှင့် သေဆုံးခဲ့ပြီး သူမတွင်လည်း ​ယောက်ျားမှတစ်ဆင့် ကူးစက်ခံထားရသူဖြစ်ကြောင်း ပြောလိုက်သည့်အခါ ထိုသူမှာ နောက်ဆုတ်သွားခဲ့ပြီး စော်ကားခံရမည့် ရန်မှကင်းဝေးခဲ့သည်။

ထို့အပြင် သူမက ဖောက်ထွင်းသမား အိမ်ထဲက ထွက်မသွားခင်လေးမှာ သူမက ထိုသူ၏ ချက်ကောင်းကို ထိထိမိမိ ကန်ခဲ့ကြောင်း ပြောဆိုခဲ့သည်။ သို့သော် အဆိုပါ ဖောက်ထွင်းမှုနှင့် ပက်သက်ပြီး ယနေ့ထိ တရားခံကို ဖမ်း၍မမိသေးကြောင်း သိရှိရသည်။

ဖြတ်ထိုးဉာဏ်လေး တစ်ချက်က သူမရဲ့ ဘဝကို က်တင်လိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ တစ်ကယ်တော့ အဲဒီလိုအချိန်မျိုးမှာ ဖြတ်ထိုးဉာဏ်ပေါ်လာဖို့ဆိုတာ မလွယ်တဲ့ ကိစ္စတစ်ခုပဲ ဖြစ်ပါတယ်။
Credit:popolay

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...