လက္ခဏာ ပညာ ရဲ့အခြေခံ လက်ဝါး(၇)မျိုးအကြောင်း


မင်္ဂလာပါဗျာ လက္ခဏာ ပညာ ကို ဝါသာနာ ထုံကာ လေ့လာလိုက်စားကြသော အမျိုးကောင်း သားသမီး တို့အတွက် လက္ခဏာပညာရဲ့အခြေခံဖြစ်သော လက်အမျိုးစား (၇)မျိုးအကြောင်း တတ်အားသ၍စေတနာများဖြင့် ပညာမျှဝေေ ပးလိုက် ပါတယ်ခင်ဗျာ။

လက်ဝါကိုမှောက်ပြီး လက်ဖမိုးဖက်မှကြည့်ရန်







၁။အခြေခံအညံ့စားလက် လက်ဝါးလက်ချောင်းများ တုတ်ခိုင်ထူထဲ ကြမ်းတမ်းလွမ်းလှပြီး အမြင်ဆိုးလှပါသည်။ လက်ဖဝါး ဖက်ကိုလှန်ကြည့်လျှင်လည်း အသက်လမ်းညာဏ်လမ်းနှလုံးလမ်းဟူ၍ ၃ကြောင်းထဲသာ တုံးတိအနေနဲ့ဖြစ်နေတတ် သ ည်။

လက်သည်းများက ပေါက်ပြားပုံစံ။ ထိုလက်ပိုင်ရှင်တို့သည် ညာဏ်သမားမဟုတ်ကြပါ ကာယသမား ဗလအားကိုးတတ် သူအစစ်ဖြစ်ကြပါသည်။ တိရိစ္ဆာန်သာသာညာဏ်လေးဖြင့် လောကအတွက်မိမိအတွက် ဘာကောင်းကျိုးမှမပြုနိုင် တတ် ကြပါ။

ဒေါသကိုမထိန်းချူပ်နိုင်ခြင်းနဲ့အတူ မဆင်မချင်တုံးတိုက်ကမ်းဆိုက်လုပ်တတ်သည်။ သတ္တိမရှိ ဂုဏ်မရှိ ကြီးပွားလိုစိတ်မရှိ အိပ်မှု့စားမှု့ကာမမှု့သာ သူ့အတွက်အဓိကဖြစ်သည်။ ဒီလက်မျိုးကို လက်ပြတ်ဟုခေါ်ကြပါသေးသည်။

၂။လေးဒေါင့်လက် လက်ဝါး လက်ချောင်း လက်သည်း အားလုံးသည်လေးဒေါင့်ကျကျဖြစ်နေတတ်သည်။ လက်ဝါးကိုလှ န်ကြည့်လိုက်လျှင်လည်း ညာဏ်လမ်းမှာ ကန့်လန့်ဖြတ်ဖြောင့်စင်းနေတတ်သည်။ အတွေးသမားအပြောသမားမဟုတ် လက်တွေ့သမားစစ်စစ်ဖြစ်သည်။

စဉ်းစားညာဏ်နဲ့လက်တွေလုပ်ကိုင်တတ်ခြင်းကြောင့် အရာရာလည်းအောင်မြင်တတ်ကြ၏ စည်းကမ်းကြီးသည် ပြတ်သားသည် အလုပ်ကိုတိကျသည်။ အပြောအဆိုနုတ်မချိုတတ် တာဝန်ကြီးကြီးရာထူးကြီးကြီးလုပ်နေရသူတို့သည် ထိုလက်ပိုင်ရှင်မျိုးများဖြစ်ကြသည်။

၃။ဖျပ်လပ်သန်မာ အဖျားကားလက် လက်ဝါးအောက်ခြေထက် အပေါ်ပိုင်းပိုကားသည် လက်ချောင်းအဖျားလေးတွေက လည်း အရင်းပိုင်းထက်ပိုကားသည်။ လက်ဝါးဖက်လှန်ကြည့်ပါက နှလုံးလမ်း တိုနေပြီး ညာဏ်လမ်းအထက်ဖက်သို့ ကော့တက်နေတတ်သည်။

ထိုသူမျိုးက ဟိုစပ်စပ်ဒီစပ်စပ် အမြဲတမ်းသွက်လက်ပြီး စူးစမ်းနေတတ် လုပ်ကိုင်နေတတ်ကြသည်။ စွန့်စားတီထွင်တတ်ခြ င်း ပါးရည်နပ်ရည်ရှိခြင်း နေရာနဲ့အချိန်ခါလိုက်ပြီးနေတတ်ခြင်းက သူတို့၏ထူးခြားဂုဏ်ဖြစ်ပါသည်။ တခါတလေ စီးမဲ့ကမ်း မဲ့ပရမ်းပတာလုပ်တတ်တာကလွဲရင် မှန်တယ်ထင်တာလုပ်တတ်ပြီး မိမိအကျိုးအများအကျိုးသယ်ပိုးတတ်တဲ့ ထူးခြားသူ မျိုးဖြစ်တတ်ကြပါသည်။

၎။အဘိဓမ္မာလက် အချို့က ဒဿနိကလက်ဟုဆိုသည် လက်ဝါး က လေးဒေါင့် သို့မဟုတ် အဝိုင်းရှည်မျောပုံစံရှိပြီး လက်ချောင်းများခါသိမ်ကာ လက်ဆစ်တုတ်နေသည် လက် ကိုထောင်ကြည့်ပါက လက်ချောင်းခြားမှာဟာနေ တာေ တွမြင်ရမည်။

လက်ဝါးကိုလှန်ကြည့်လျှင် ညာဏ်လမ်းအောက်ဘက်သို့ကွေးဆင်းပြီး ဆော်လမွန်လက်စွတ်နဲ့မှော်ကြက်ချေများ တွေ့ရတတ်သည်။ ထိုသူမျိုးသည် ရူပဗေဒ ရုက္ခဗေဒနှင့် ဗေဒင်ယတြာ ဆေးဝါးမာန္တ္ဘာန်စသော ဂမ္ဘ္ဘ္တီရပညာရပ်များကို လေ့လာလိုက်စား ဝါသနာထုံတတ်သည်နှင့်အညီ အောင်မြင်မှု့လည်းရတတ်ကြသည်။

တွေးသည်ကြံသည် နှိုက်၂ချွတ်၂လေ့လာသည် အားနာတတ်ကြသည် ပရဟိတနဲ့သာသနာပြုဆိုင်ရာများ ကြိုးစားလုပ် ကိုင်တတ်ကြပြီး အကြားအမြင်ပေါက်ရောက်သည်အထိ အောင်မြင်တတ်ကြပြီး အများတကာလေးစားခံရသော ဆရာကြီးဆရာမကြီးများဖြစ်တတ်ကြပါသည်

၅။အနုပညာလက် လှပသောလက်အဖျားချွန်သောလက် လက်ချောင်းလေးများသည် ဆင်စွယ်ကဲ့သို့အရင်းတုတ်ပြီး အဖျားချွန်သည် လက်ဝါးဖက်လှန်ကြည့်လျှင် လမ်းကြောင်းရှုပ်ထွေးပြီး ညာဏ်ညာဏ်လမ်းကြောင်းက လေးကိုင်းလိုေ ကွးဆင်းနေမည်။

ထိုသူတို့သည် ရုပ်ရှင် ကဗျာ ဂီတ သုခုမနဲ့ အလှအပဆိုင်ရာကိစ္စများတွင် လေ့လာလိုက်စား ဝါသနာထုံသည့်အလျောက် အကျိုးလည်းပေးတတ်ပါသည်။ ခံစားကျေကွဲလွယ်သည် ဝမ်းသာကြည်နူးလွယ်သည် အရမ်းချစ်တတ်ကြပြီး စိတ်နှလုံး သားနုညံ့သိမ်မွေ့တတ်ကြည်သည် အရောင်းအဝယ်နဲ့ အနုပညာလုပ်ငန်းများတွင် အောင်မြင်ထူးချွန်ကြပြီး လူသိရှ င်ကြားကျော်ဇော်တတ်ကြပါသည်။

၆။စိတ္တဇလက် လက်ဝါး ရော လက်ချောင်း များက သွယ်လျပြီးရှည်မျောနေတတ်သည် လက်အလွန်ရှည်သွယ်ပြီး အလွန် လှသောလက်ပါ။ လက်ဖဝါးကိုလှန်ကြည့်လျှင် လမ်းကြောင်းများအရမ်းရှုပ်ထွေးပြီး ညာဏ်လမ်းအစမှာ အသက်လမ်းနဲ့ပူး တွဲနေပြီးအောက်ဖက်သို့ မျှောသွားပြီးစောက်ထိုးဆင်းသွားတတ်သည်။

ထိုသူတို့သည် ကံဆိုးသူများဖြစ်တတ်ကြသည် စိတ်ရောလူပါ အလွန်းအားနည်းတတ်သည်။ လက်တွေ့ဘာမှမ လုပ်ဆော င်နိုင်ကြပဲ စိတ်ကူးယဉ်ကြောမှာ နစ်မျှောနေတတ်ကြမည် တခါတခါကနွဲ့ကယနဲ့ အခြောက်ပုံကဲ့သို့ သူတပါးအမိန့်ပေးရာ ဆွဲဆောင်ဖျားယောင်းရာ အဖျက်စီးအနိုင်ကျင့်တာကိုလည်း အမြဲခံရသူ ပျော်ရွှင်နေရချိန်ထက် ဝမ်းနည်းကြေကွဲစွာ လူမ မာတယောက်လိုဖြစ်နေတတ်ကြပြီး အခြားလက္ခဏာဇာတာများပါညံ့ပါက ကိုယ့်ကိုပင်အဆုံးစီရင် သွားတတ်ကြ ပါသည်။

၇။ရောထွေးသောလက် ပေါင်းစပ်လက်အမျိုးစားဖြစ်သည် လက်ဝါး လက်ချောင်း များ ပုံစံမတူ အမျိုးစားအရွယ်မတူ အတို အရှည်ပုံပန်းမကျ လက်ချောင်းလေးတွေက ပြားတာတချို့ ချွန်တာတချို့ အဖျားကားတာ လေးဒေါင့်ကျတာ စသည် အမျိုး မျိုးဖြစ်သည် လက္ခဏာလမ်းကြောင်းများကလည်း ပုံစံအမျိုးမျိုးပါ ထိုသူတို့သည် နေရာမရွေး အလုပ်မရွေး ပညာမရွေး ချစ်သူမရွေး ပြုမူပြောဆိုလုပ်ကိုင်နေထိုင်ပြီး ချစ်တတ်ကြသည် ။

ဒါပေမဲ့ ဘယ်အရာမှလေးစားမှု့တည်မြဲမှု့မရှိတတ်ကြ အခြေနေနဲ့အချိန်ခါအလိုက် အပြုံးမပျက်နေတတ်ကြသည် ဝမ်းနည်းစရာများကိုလည်း အလွယ်မေ့ဖျောက်နိုင်တတ်ပြီး ငွေရှာကောင်းသလောက် ငွေသုံးလည်းကြမ်းကြသည် အလုပ်မျိုးစုံလည်းအကျိုးပေးတတ်ပြီးအထူးသဖြင့် လောင်းကစားလုပ်ငန်းမှာ ပိုမိုအောင်မြင်တတ်ကြပါသည်။

ပြီးပါပြီ
(သတိပြုရန်) လက်ပုံစံအခြေခံများနဲ့ တခြား လက္ခဏာ ကံဇာတာ များချင့်ချိန်ပြီးမှ အကောင်းဆုံးအသေချာဆုံးဟော ကိ န်းတွေ ဖြစ်လာမယ်ဆိုတာ သတိပြုရပါမည်။

Credit : အောင်ချမ်းမင်း
(ဝေဒလက္ခဏာပညာရှင်)

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...