ေသေသခ်ာခ်ာေလး စစ္ေဆးၾကပါဦး ဦးအရာရွိႀကီးတို႔ရယ္..။

ေရႊျပည္သာက(၈)တန္းတက္ေနတဲ့ကိုရင္ေလးကို ေရႊျပည္သာတရားရံုးက ေထာင္(၁)ႏွစ္ခ်လိုက္ျပီ
စစ္ေဆးေမးျမန္းခြင့္ ထုေခ်ခြင့္ေတာင္ မရလိုက္ပါဘူး
ေဖေဖာ္ဝါရီ(၁၄)ရက္ေန႔မွာဖမ္းတယ္ ယေန႔ ၂၀.၂.၂၀၁၇ ရက္ေန႔မွာ ရံုးထုတ္တယ္ လူမသိသူမသိ
ေရႊျပည္သာျမိဳ႕နယ္တရားသူႀကီးက ကိုရင္ေလးကို
အျပစ္ရွိလား မရွိဘူးလား မေမးပါပဲ အိမ္ကိုသြားလား
မသြားဘူးလားေမးကာ သြားပါတယ္လို႔ေျဖလိုက္တာနဲ႔
ေထာင္ဒဏ္(၁)ႏွစ္ခ်မွတ္လိုက္ပါတယ္ ။
ဘာမွနားမလည္တဲ့ ျမိဳတိုင္းရင္းသားကိုရင္ေလးပါ
လူအမည္က ေမာင္ေမာင္ေအး
 အသက္က ၁၅ ႏွစ္
ေမြးသကၠရာဇ္က ၇ လပိုင္း ၂၀၀၂ ခုပါ
၁၅ ႏွစ္ကို မျပည့္ေသးပါဘူး။
ျဖစ္စဥ္မွာ
ေဖေဖာ္ဝါရီ ၁၄ ရက္ေန႔က ေက်ာင္းအနီးရွိ
အိမ္တစ္အိမ္ကိုအခ်ိန္မေတာ္
ဝင္ေရာက္သည္ဟု ဆိုကာ ေရႊျပည္သာျမိဳ႕နယ္
၂၀ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးႏွင့္ လူ၂၀ ဦးခန္႕မွ
ထိုးႀကိတ္ ရိုက္ႏွက္ျပီး လက္ကိုႀကိဳးတုတ္ကာ
သကၤန္းအား မည္သည့္သံဃာ သဃာ့အဖြဲ႔အစည္း၏
ခြင့္ျပဳခ်က္မွ မယူပါပဲ ခြ်တ္ျပစ္ခဲ့ပါသည္။
ထို႔ေနာက္ ဦးေခါင္းအားရိုက္ခြဲကာ လက္ကိုႀကိဳးတုတ္ျပီး ေရႊျပည္သာျမိဳ႕မ ရဲစခန္းသို႔
ပို႔ေဆာင္ခဲ့ပါသည္ ။
ရဲစခန္းေရာက္မွ
 ကိုရင္ေလး ေနထိုင္ရာေက်ာင္းတိုက္မွ ဆရာေတာ္ကို
ယခင္အုပ္ခ်ဳပ္ေရးမွဴးေဟာင္းမွ ပင့္ေဆာင္ရန္သြားတဲ့အခါ ဆရာေတာ္နယ္ျပန္ၾကြ
ေနသည့္အတြက္ တုိက္အုပ္ဆရာေတာ္အား
ရဲစခန္းခဏလိုက္ခဲ့ပါဟု ေျပာျပီး စခန္းေရာက္သည့္အခါ အက်ိဳးအေၾကာင္း
မေရွာက္ထားပါပဲ သိကၡာခ်ခိုင္းခဲ့ပါသည္။
တိုက္အုပ္ဆရာေတာ္မွ
ဒါက ကိုရင္ေလးပါ သိကၡာခ်စရာမလိုဘူးဟု
ေျပာသည့္အတြက္ အုပ္ခ်ဳပ္ေရးမွဴးေဟာင္းႏွင့္အတူ
ရဲမ်ားမွ ဝိုင္းဝန္းဖိအားေပးလို႔ ငါးပါးသီလေပးခဲ့ရပါသည္
ေရႊျပည္သာရဲမ်ားမွလည္း
ဥပေဒကိုေက်ာ္လြန္ကာ အသက္ ၁၅ ႏွစ္မျပည့္
ေသးသည့္ ကိုရင္ေလးအား ခ်ဳပ္ခြင့္မရွိပါပဲ အခ်ဳပ္အတြင္းခ်ဳပ္ေႏွာင္ထားခဲ့ပါသည္။
ကေလးသူငယ္ဥပေဒအရ
လက္ျပန္ႀကိဳးတုတ္ျခင္း ရိုက္ႏွက္ခ်င္းျခင္း
အခ်ဳပ္ထဲထည့္ျခင္း မျပဳရလို႔ ဥပေဒမွာ တရားဝင္
ျပ႒ာန္းထားပါလ်ွက္ ေရႊျပည္သာရဲမ်ားမွလည္း
ဥပေဒကိုခ်ိဳးေဖာက္ျပီး အခ်ဳပ္ထဲထည့္ထားျခင္း
ေရႊျပည္သာ ၂၀ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးပါလူ ၂၀ ခန္႔
မွလည္း လက္ျပန္ႀကိဳးတုတ္ျခင္း ထိုးႏွက္ျခင္း
ဦးေခါင္းအားရိုက္ခြဲျခင္းမ်ား ျပဳလုပ္ခဲ့ပါသည္။
ထိုမတရားမႈအား
အမ်ိဳးသားေရးညြန္႔ေပါင္းအဖြဲ႕ရန္ကုန္ႏွင့္
မ်ိဳးခ်စ္ျမန္မာရဟန္းေတာ္မ်ားသမဂၢ(ရန္ကုန္)တို႔က
၁၈.၂.၂၀၁၇ ရက္ေန႔မွာ ျမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴးရံုးတြင္
ေရႊျပည္သာျမိဳ႕နယ္သံဃနာယက
ျမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး
စခန္းမွဴး
သာသနာေရးမွဴး
အစရွိသသူတို႔ႏွင့္ေတြ႔ဆံုျပီး ဥပေဒေၾကာင္းအရ
ျပဳလုပ္ဘို႕ ဥပေဒနဲ႔အညီေဆာင္ရြက္ဘို႔ ေဆြးေႏြးတဲ့အခါ ေရႊျပည္သာျမိဳ႕နယ္သံဃနာယက
ဥကၠဌဆရာေတာ္မွ မ်ိဳးခ်စ္ျမန္မာရဟန္းေတာ္မ်ားသမဂၢ သံဃာေတာ္မ်ားအား ဒါဟာငါ့ျမိဳ႕နယ္
မင္းတို႔ဘာမွလာျပီးေက်ာ္လုပ္စရာအေၾကာင္းမရွိဘူး
ငါတို႔ေကာင္းေအာင္လုပ္ေနတယ္ဆိုျပီး ဆူပူႀကိမ္းေမာင္းခဲ့ပါသည္ ငါ့ျမိဳ႕နယ္မွာ ဒါမ်ိဳးအျဖစ္မခံဘူးငါတာန္ဝန္ယူတယ္
ဆိုျပီးေတာ့လည္း မိန္႔ၾကားခဲ့ပါတယ္။
ေရႊျပည္သာျမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး
စခန္းမွဴးတို႔မွလည္း အာမခံရေအာင္
တနလၤာေန႔ရံုးထုတ္တာနဲ႔ ကူညီပါမည့္လို႔
ကတိေပးပါတယ္။
ရဲေတြအေနနဲ႔ သံဃနာယကအဖြဲ႔အစည္းမဟုတ္တဲ့
စလင္းေက်ာင္းဆရာေတာ္ ဦးေတေဇာကို ရဲစခန္းမွာ
ႀကိဳတင္ပင့္ေဆာင္ထားတာကလည္း မရိုးသားတဲ့
အခ်က္တစ္ခုပါ။
၂၀ ရပ္ကြက္ အုပ္ခ်ဳပ္ေရး မွဴးႏွင့္အတူ
ကာယကံရွင္ မိသားစုျဖစ္တဲ့ ေဒၚျမျမေအးပါ
လူ ၂၀ ခန္႔ကလည္း ရဟန္းသံဃာ ကိုရင္တပါးကို
သကၤန္း ဆြဲခြ်တ္ခြင့္မရွိသလို ႀကိဳးတုတ္ခြင့္ရိုက္ႏွက္ခြင့္
မရွိပါဘူး အဲဒိသူေတြသည္ ယခုထိ အေရးယူခံရျခင္း
မရွိေသးပါဘူး။
ကိုရင္ေလးအား
ေထာင္ခ်လိုက္တာကေတာ့
ပုဒ္မ ၅၀၉ ျဖစ္ပါတယ္ အဓိပၸါယ္ကေတာ့
မိန္းမတို႔ကာယိေၿႏၵအားေစာ္ကားရန္ ရည္ရြယ္ေသာ
စကားေျပာျခင္း သို႔မဟုတ္ ကိုဟ္အမူအရာျပသျခင္း
ဆိုတဲ့ပုဒ္မနဲ႔ ယေန႔ ေရႊျပည္သာ ျမိဳ႕နယ္တရားသူႀကီးက ေထာင္ဒဏ္(၁)ႏွစ္
ခ်မွတ္လိုက္တာပါ။
ရဲႏွင့္ တရားရံုးရဲ႕ မတရားလုပ္မႈအတြက္
ျပည္သူအမ်ားအျပားၾကား ေဒါသျဖစ္ျခင္း
ေဝဘန္ျခင္း ကဲ့ရဲ႕ရႈံ႕ခ်ျခင္းမ်ား လည္းရွိေနပါသည္။
အမ်ိဳးသားေရးညြန္႔ေပါင္းအဖြဲ႔ ရန္ကုန္အေနႏွင့္လည္း
ကိုရင္ေလးအမႈအား ခရိုင္အဆင့္တက္ျပီး
အယူခံဝင္ဘို႔ျပင္ဆင္ေနၾကသလို
ရဲစခန္းႏွင့္ တရားရံုးအားလည္း ျငိမ္းစုစီတင္ျပီး
မတရားမႈလုပ္ရပ္ကို ဆႏၵေဖာ္ထုတ္သြားဘို႔ရွိပါတယ္။
ဒီမိုကေရစီအတြက္ ရဟန္းသံဃာေတြ
တိုက္ပြဲဝင္ခဲ့ၾကတာ အခုလို ဘာသာသာသနာကို
ဖ်က္ဆီးခ်ိဳးႏွိမ္ဘို႔ မဟုတ္ဘူး သာသနာျပဳ
အစိုးရမင္းမ်ား ျဖစ္ပါေစ သာသနာဖ်က္အစိုးရမ်ား
မျဖစ္ၾကပါေစနဲ႔။
ကိုရင္ေလးေရ
မတရားမႈေဘး အျမန္ဆံုး ကင္းေဝးပါေစ။ ။
၂၀.၁.၂၀၁၇ အရွင္သုစိတၱ(မ်ိဳးခ်စ္သမဂၢ)
https://www.facebook.com/permalink.php?story_fbid=149329335581775&id=100015141285630

 ရွှေပြည်သာက(၈)တန်းတက်နေတဲ့ကိုရင်လေးကို ရွှေပြည်သာတရားရုံးက ထောင်(၁)နှစ်ချလိုက်ပြီ
===================================

စစ်ဆေးမေးမြန်းခွင့် ထုချေခွင့်တောင် မရလိုက်ပါဘူး
ဖေဖော်ဝါရီ(၁၄)ရက်နေ့မှာဖမ်းတယ် ယနေ့ ၂၀.၂.၂၀၁၇ ရက်နေ့မှာ ရုံးထုတ်တယ် လူမသိသူမသိ
ရွှေပြည်သာမြို့နယ်တရားသူကြီးက ကိုရင်လေးကို
အပြစ်ရှိလား မရှိဘူးလား မမေးပါပဲ အိမ်ကိုသွားလား
မသွားဘူးလားမေးကာ သွားပါတယ်လို့ဖြေလိုက်တာနဲ့
ထောင်ဒဏ်(၁)နှစ်ချမှတ်လိုက်ပါတယ် ။

ဘာမှနားမလည်တဲ့ မြိုတိုင်းရင်းသားကိုရင်လေးပါ
လူအမည်က မောင်မောင်အေး
အသက်က ၁၅ နှစ်
မွေးသက္ကရာဇ်က ၇ လပိုင်း ၂၀၀၂ ခုပါ
၁၅ နှစ်ကို မပြည့်သေးပါဘူး။

ဖြစ်စဉ်မှာ
ဖေဖော်ဝါရီ ၁၄ ရက်နေ့က ကျောင်းအနီးရှိ
အိမ်တစ်အိမ်ကိုအချိန်မတော်
ဝင်ရောက်သည်ဟု ဆိုကာ ရွှေပြည်သာမြို့နယ်
၂၀ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် လူ၂၀ ဦးခန့်မှ
ထိုးကြိတ် ရိုက်နှက်ပြီး လက်ကိုကြိုးတုတ်ကာ
သင်္ကန်းအား မည်သည့်သံဃာ သဃာ့အဖွဲ့အစည်း၏
ခွင့်ပြုချက်မှ မယူပါပဲ ချွတ်ပြစ်ခဲ့ပါသည်။

ထို့နောက် ဦးခေါင်းအားရိုက်ခွဲကာ လက်ကိုကြိုးတုတ်ပြီး ရွှေပြည်သာမြို့မ ရဲစခန်းသို့
ပို့ဆောင်ခဲ့ပါသည် ။

ရဲစခန်းရောက်မှ
ကိုရင်လေး နေထိုင်ရာကျောင်းတိုက်မှ ဆရာတော်ကို
ယခင်အုပ်ချုပ်ရေးမှူးဟောင်းမှ ပင့်ဆောင်ရန်သွားတဲ့အခါ ဆရာတော်နယ်ပြန်ကြွ
နေသည့်အတွက် တိုက်အုပ်ဆရာတော်အား
ရဲစခန်းခဏလိုက်ခဲ့ပါဟု ပြောပြီး စခန်းရောက်သည့်အခါ အကျိုးအကြောင်း
မရှောက်ထားပါပဲ သိက္ခာချခိုင်းခဲ့ပါသည်။

တိုက်အုပ်ဆရာတော်မှ
ဒါက ကိုရင်လေးပါ သိက္ခာချစရာမလိုဘူးဟု
ပြောသည့်အတွက် အုပ်ချုပ်ရေးမှူးဟောင်းနှင့်အတူ
ရဲများမှ ဝိုင်းဝန်းဖိအားပေးလို့ ငါးပါးသီလပေးခဲ့ရပါသည်

ရွှေပြည်သာရဲများမှလည်း
ဥပဒေကိုကျော်လွန်ကာ အသက် ၁၅ နှစ်မပြည့်
သေးသည့် ကိုရင်လေးအား ချုပ်ခွင့်မရှိပါပဲ အချုပ်အတွင်းချုပ်နှောင်ထားခဲ့ပါသည်။

ကလေးသူငယ်ဥပဒေအရ
လက်ပြန်ကြိုးတုတ်ခြင်း ရိုက်နှက်ချင်းခြင်း
အချုပ်ထဲထည့်ခြင်း မပြုရလို့ ဥပဒေမှာ တရားဝင်
ပြဋ္ဌာန်းထားပါလျှက် ရွှေပြည်သာရဲများမှလည်း
ဥပဒေကိုချိုးဖောက်ပြီး အချုပ်ထဲထည့်ထားခြင်း
ရွှေပြည်သာ ၂၀ ရပ်ကွက်အုပ်ချုပ်ရေးမှူးပါလူ ၂၀ ခန့်
မှလည်း လက်ပြန်ကြိုးတုတ်ခြင်း ထိုးနှက်ခြင်း
ဦးခေါင်းအားရိုက်ခွဲခြင်းများ ပြုလုပ်ခဲ့ပါသည်။

ထိုမတရားမှုအား
အမျိုးသားရေးညွန့်ပေါင်းအဖွဲ့ရန်ကုန်နှင့်
မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)တို့က
၁၈.၂.၂၀၁၇ ရက်နေ့မှာ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင်
ရွှေပြည်သာမြို့နယ်သံဃနာယက
မြို့နယ်ရဲတပ်ဖွဲ့မှူး
စခန်းမှူး
သာသနာရေးမှူး
အစရှိသသူတို့နှင့်တွေ့ဆုံပြီး ဥပဒေကြောင်းအရ
ပြုလုပ်ဘို့ ဥပဒေနဲ့အညီဆောင်ရွက်ဘို့ ဆွေးနွေးတဲ့အခါ ရွှေပြည်သာမြို့နယ်သံဃနာယက
ဥက္ကဌဆရာတော်မှ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ သံဃာတော်များအား ဒါဟာငါ့မြို့နယ်
မင်းတို့ဘာမှလာပြီးကျော်လုပ်စရာအကြောင်းမရှိဘူး
ငါတို့ကောင်းအောင်လုပ်နေတယ်ဆိုပြီး ဆူပူကြိမ်းမောင်းခဲ့ပါသည် ငါ့မြို့နယ်မှာ ဒါမျိုးအဖြစ်မခံဘူးငါတာန်ဝန်ယူတယ်
ဆိုပြီးတော့လည်း မိန့်ကြားခဲ့ပါတယ်။

ရွှေပြည်သာမြို့နယ်ရဲတပ်ဖွဲ့မှူး
စခန်းမှူးတို့မှလည်း အာမခံရအောင်
တနင်္လာနေ့ရုံးထုတ်တာနဲ့ ကူညီပါမည့်လို့
ကတိပေးပါတယ်။

ရဲတွေအနေနဲ့ သံဃနာယကအဖွဲ့အစည်းမဟုတ်တဲ့
စလင်းကျောင်းဆရာတော် ဦးတေဇောကို ရဲစခန်းမှာ
ကြိုတင်ပင့်ဆောင်ထားတာကလည်း မရိုးသားတဲ့
အချက်တစ်ခုပါ။

၂၀ ရပ်ကွက် အုပ်ချုပ်ရေး မှူးနှင့်အတူ
ကာယကံရှင် မိသားစုဖြစ်တဲ့ ဒေါ်မြမြအေးပါ
လူ ၂၀ ခန့်ကလည်း ရဟန်းသံဃာ ကိုရင်တပါးကို
သင်္ကန်း ဆွဲချွတ်ခွင့်မရှိသလို ကြိုးတုတ်ခွင့်ရိုက်နှက်ခွင့်
မရှိပါဘူး အဲဒိသူတွေသည် ယခုထိ အရေးယူခံရခြင်း
မရှိသေးပါဘူး။

ကိုရင်လေးအား
ထောင်ချလိုက်တာကတော့
ပုဒ်မ ၅၀၉ ဖြစ်ပါတယ် အဓိပ္ပါယ်ကတော့
မိန်းမတို့ကာယိန္ဒြေအားစော်ကားရန် ရည်ရွယ်သော
စကားပြောခြင်း သို့မဟုတ် ကိုဟ်အမူအရာပြသခြင်း
ဆိုတဲ့ပုဒ်မနဲ့ ယနေ့ ရွှေပြည်သာ မြို့နယ်တရားသူကြီးက ထောင်ဒဏ်(၁)နှစ်
ချမှတ်လိုက်တာပါ။

ရဲနှင့် တရားရုံးရဲ့ မတရားလုပ်မှုအတွက်
ပြည်သူအများအပြားကြား ဒေါသဖြစ်ခြင်း
ဝေဘန်ခြင်း ကဲ့ရဲ့ရှုံ့ချခြင်းများ လည်းရှိနေပါသည်။

အမျိုးသားရေးညွန့်ပေါင်းအဖွဲ့ ရန်ကုန်အနေနှင့်လည်း
ကိုရင်လေးအမှုအား ခရိုင်အဆင့်တက်ပြီး
အယူခံဝင်ဘို့ပြင်ဆင်နေကြသလို
ရဲစခန်းနှင့် တရားရုံးအားလည်း ငြိမ်းစုစီတင်ပြီး
မတရားမှုလုပ်ရပ်ကို ဆန္ဒဖော်ထုတ်သွားဘို့ရှိပါတယ်။

ဒီမိုကရေစီအတွက် ရဟန်းသံဃာတွေ
တိုက်ပွဲဝင်ခဲ့ကြတာ အခုလို ဘာသာသာသနာကို
ဖျက်ဆီးချိုးနှိမ်ဘို့ မဟုတ်ဘူး သာသနာပြု
အစိုးရမင်းများ ဖြစ်ပါစေ သာသနာဖျက်အစိုးရများ
မဖြစ်ကြပါစေနဲ့။

ကိုရင်လေးရေ
မတရားမှုဘေး အမြန်ဆုံး ကင်းဝေးပါစေ။ ။

၂၀.၁.၂၀၁၇ အရှင်သုစိတ္တ(မျိုးချစ်သမဂ္ဂ)
https://www.facebook.com/permalink.php?story_fbid=149329335581775&id=100015141285630



Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...