ဘုရင္မကို ခ်စ္မွာလား။ မိဘုရားကို ခ်စ္မွာလား။


ပ်ိဳေမတို႕ဟာ ဘုရင္မလား။ မိဘုရားလား။ ဘယ္လိုအခ်စ္မ်ိဳးကိုေကာ ပိုင္ဆိုင္ထားၾကလဲ။

ပ်ိဳေမတို႕ေရ။ လူတစ္ကုိယ္ စိိတ္တစ္မ်ိဳးပဲ မဟုတ္ပါလား။ ဒါေပမယ့္ ကုိယ္ဟာ ဘုရင္မလား။ မိဘုရားလား။ ကုိယ့္ခ်စ္သူကေကာ ၾကင္ယာေတာ္ျဖစ္မလား။ ဘုရင္ႀကီးပဲ ျဖစ္မလား။ ၾကည့္လိုက္ၾကရေအာင္။

ဘုရင္မက အရာရာကို စီမံခန္႕ခြဲတယ္။ မိဘုရားက ဘုရင္စီမံခန္႕ခြဲတာကိုပဲ လိုက္နာတယ္။

ဘုရင္မက ကုိယ့္ကုိယ္ကို ယံုၾကည္မွဳ လြန္ကဲတယ္။ မိဘုရားကေတာ့ ၾကာျမင့္စြာ စဥ္းစားခ်င့္ခ်ိန္တယ္။

ဘုရင္မက ကုိယ့္ကို သူမ်ားဦးေဆာင္တာ မႀကိဳက္ဘူး။မိဘုရားက ဘုရင္ဦးေဆာင္တာကို မႀကိဳက္ရင္ေတာင္ မတြန္းလွန္ဘူး။

ဘုရင္မက စိတ္ကူးဥာဏ္ထက္ျမက္တယ္။ မိဘုရားက ဘုရင့္စိတ္ကူးကို ေထာက္ခံတတ္တယ္။

ဘုရင္မက ျပႆနာတစ္ခုကို ေထာင့္ေပါင္းစံုက အေျဖရွာတယ္။ မိဘုရားက ျပႆနာတစ္ခုကို မေတြ႕ခင္က ေရွာင္တယ္။



ဘုရင္မက သူမ်ားကို လက္ညွိဳးထိုး ခိုင္းတတ္တယ္။ မိဘုရားက ဘယ္သူမွ ခိုင္းစရာမလိုဘဲ သူ႕ဘာသူ လုပ္တတ္တယ္။ ဘုရင္မက လြတ္လပ္ေပါ့ပါးတယ္။ မိဘုရားက အေႏွာင္အဖြဲ႕မ်ားတယ္။

ဘုရင္မက အျပစ္ျမင္လြယ္တယ္။ မိဘုရားက ခ်စ္ခင္လြယ္တယ္။

ဘုရင္မက ကုိယ့္အိပ္မက္ေတြကို  အေကာင္အထည္ေဖာ္တယ္။ မိဘုရားက သူမ်ားအိပ္မက္ေတြကို အေကာင္အထည္ေဖာ္တယ္။

ဘုရင္မက ေရွ႕တန္းက ရဲဝံ့စြာေနတယ္။ မိဘုရားက ေနာက္တန္းက အစြမ္းကုန္ကူညီတယ္

ေယာက္်ားေတြ ေတာ္လာေလေလ သူ႕အတြက္ မိန္းမေတြ ေပါလာေလေလ ျဖစ္ေပမယ့္ မိန္းမေတြ ထက္ျမက္လာေလေလ သူ႕အတြက္ေယာက္်ား ရွားလာေလေလပါပဲ။

ဒါေၾကာင့္ ကုိယ့္အားကုိယ္ကိုးတတ္တဲ့ ဘုရင္မလို မိန္းမသားေတြဟာ တူတူတန္တန္ေယာက္်ား ရွာမေနေတာ့ဘဲ အပ်ိဳႀကီးအျဖစ္ ေနၾကၿပီး အားကိုးတြယ္တာလိုတဲ့ မိဘုရားလို မိန္းမသားေတြကေတာ့ လင္ေယာက္်ားအတြက္ အိမ္ေထာင္ရွင္မေကာင္းတစ္ဦး ျဖစ္လာပါေတာ့တယ္။

 Verte (For Her Myanmar)
====
 Unicode
ပျိုမေတို့ရေ။ လူတစ်ကိုယ် စိိတ်တစ်မျိုးပဲ မဟုတ်ပါလား။ ဒါပေမယ့် ကိုယ်ဟာ ဘုရင်မလား။ မိဘုရားလား။ ကိုယ့်ချစ်သူကကော ကြင်ယာတော်ဖြစ်မလား။ ဘုရင်ကြီးပဲ ဖြစ်မလား။ ကြည့်လိုက်ကြရအောင်။

ဘုရင်မက အရာရာကို စီမံခန့်ခွဲတယ်။ မိဘုရားက ဘုရင်စီမံခန့်ခွဲတာကိုပဲ လိုက်နာတယ်။

ဘုရင်မက ကိုယ့်ကိုယ်ကို ယုံကြည်မှု လွန်ကဲတယ်။ မိဘုရားကတော့ ကြာမြင့်စွာ စဉ်းစားချင့်ချိန်တယ်။

ဘုရင်မက ကိုယ့်ကို သူများဦးဆောင်တာ မကြိုက်ဘူး။မိဘုရားက ဘုရင်ဦးဆောင်တာကို မကြိုက်ရင်တောင် မတွန်းလှန်ဘူး။

ဘုရင်မက စိတ်ကူးဉာဏ်ထက်မြက်တယ်။ မိဘုရားက ဘုရင့်စိတ်ကူးကို ထောက်ခံတတ်တယ်။

ဘုရင်မက ပြဿနာတစ်ခုကို ထောင့်ပေါင်းစုံက အဖြေရှာတယ်။ မိဘုရားက ပြဿနာတစ်ခုကို မတွေ့ခင်က ရှောင်တယ်။



ဘုရင်မက သူများကို လက်ညှိုးထိုး ခိုင်းတတ်တယ်။ မိဘုရားက ဘယ်သူမှ ခိုင်းစရာမလိုဘဲ သူ့ဘာသူ လုပ်တတ်တယ်။ ဘုရင်မက လွတ်လပ်ပေါ့ပါးတယ်။ မိဘုရားက အနှောင်အဖွဲ့များတယ်။

ဘုရင်မက အပြစ်မြင်လွယ်တယ်။ မိဘုရားက ချစ်ခင်လွယ်တယ်။

ဘုရင်မက ကိုယ့်အိပ်မက်တွေကို  အကောင်အထည်ဖော်တယ်။ မိဘုရားက သူများအိပ်မက်တွေကို အကောင်အထည်ဖော်တယ်။

ဘုရင်မက ရှေ့တန်းက ရဲဝံ့စွာနေတယ်။ မိဘုရားက နောက်တန်းက အစွမ်းကုန်ကူညီတယ်

ယောက်ျားတွေ တော်လာလေလေ သူ့အတွက် မိန်းမတွေ ပေါလာလေလေ ဖြစ်ပေမယ့် မိန်းမတွေ ထက်မြက်လာလေလေ သူ့အတွက်ယောက်ျား ရှားလာလေလေပါပဲ။

ဒါကြောင့် ကိုယ့်အားကိုယ်ကိုးတတ်တဲ့ ဘုရင်မလို မိန်းမသားတွေဟာ တူတူတန်တန်ယောက်ျား ရှာမနေတော့ဘဲ အပျိုကြီးအဖြစ် နေကြပြီး အားကိုးတွယ်တာလိုတဲ့ မိဘုရားလို မိန်းမသားတွေကတော့ လင်ယောက်ျားအတွက် အိမ်ထောင်ရှင်မကောင်းတစ်ဦး ဖြစ်လာပါတော့တယ်။

 Verte (For Her Myanmar)

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...