လူရွစ္ေယာက္ မီးေလာင္ေသဆံုးခဲ့တဲ့ အံစာတံုးကား ယာဥ္ေမာင္းကုိ ရံုးထုတ္ၿပီ

ဇန္နဝါရီ ၂၁ ရက္ မနက္ ၈ နာရီေက်ာ္အခိ်န္က အျမန္လမ္းမိုင္တိုင္အမွတ္ ၄ မုိင္ ၃ ဖာလံုမွာ ျဖစ္ပြားခဲ့တဲ့ အံစာတုံးကား မီးေလာင္မႈမွာ အဆိုပါကားကုိေမာင္းႏွင္ခဲ့တဲ့ ယာဥ္ေမာင္း ေအာင္ခန္႔ကုိ ေဖဖာ္၀ါရီလ ၂၀ ရက္ေန႔ ေန႔လည္က လွည္းကူးတရားရုံးမွာ ရုံးထုတ္စစ္ေဆးခဲ့တယ္လို႔ သိရပါတယ္။
"ဒီေန႔သူ႔ကို ရာဇသက္ႀကီး ပုဒ္မ၃၀၄(က)နဲ႔ တရားစြဲဆိုထားပါတယ္။ တရားလိုကေတာ့ ရဲအုပ္ျပည္လင္းေအာင္ပါ။ လိုျပသက္ေသကိုေတာ ၂၇ ရက္ေန႔မွာ စစ္ေဆးမွာပါ"လို႔ လွည္းကူးၿမိဳ႕နယ္ တရားသူႀကီး ဦးခ်စ္ကိုကိုက ေျပာပါတယ္။

ဇန္န၀ါရီလ ၂၁ ရက္ေန႔က မနက္ ၈ နာရီက ရန္ကုန္-မႏၱေလးအျမန္လမ္းမ မိုင္တိုင္ ၄ မိုင္နဲ႔ ၂ ဖာလံုၾကားမွာ ျဖစ္ပြားခဲ့တဲ့ အံစာတံုးကားမီးေလာင္မႈက သမာရိုးက်မီးေလာင္မႈသာျဖစ္တယ္လို႔ အျမန္လမ္းရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားၿပီး အသက္ရွင္လြတ္ေျမာက္ခဲ့သူျဖစ္တဲ့ ကိုေအာင္ခန္႔က ကားကုိေမာင္းခဲ့တာလုိ႔ ၀န္ခံခဲ့တာေၾကာင့္ ပုဒ္မသံုးခုနဲ႔ တရားစြဲဆုိခဲ့တာပါ။

အျမန္လမ္းမေပၚမွာ ဆ႒ဂံေဆာက္လုပ္ေရးကုမၸဏီ ဝန္ထမ္းေတြစီးလာတဲ့ ဘုရားဖူးကားဘီးေပါက္ၿပီး လမ္းလယ္ေဘာင္ကုိ တိုက္မိတာကေန မီးေလာင္ၿပီး လူ ရွစ္ဦး မီးေလာင္ေသဆံုးခဲ့ကာ ယာဥ္ေမာင္းသူတစ္ဦးပဲ လြတ္ေျမာက္ခဲ့တာျဖစ္ပါတယ္။
ကားမီးေလာင္မႈေႀကာင့္ ကားေပၚမွာလိုက္ပါလာတဲ့ အမ်ိဳးသမီးခုႏွစ္ဦးနဲ႔ အမ်ိဳးသားတစ္ဦး မီးေလာင္ေသဆုံးခဲ့ၿပီး ယာဥ္ေမာင္းျဖစ္သူကို အင္းစိန္ CID စစ္ေဆးေနတာပါ။
Source & Photos : 7DayDaily
 ဇန်နဝါရီ ၂၁ ရက် မနက် ၈ နာရီကျော်အချိန်က အမြန်လမ်းမိုင်တိုင်အမှတ် ၄ မိုင် ၃ ဖာလုံမှာ ဖြစ်ပွားခဲ့တဲ့ အံစာတုံးကား မီးလောင်မှုမှာ အဆိုပါကားကိုမောင်းနှင်ခဲ့တဲ့ ယာဉ်မောင်း အောင်ခန့်ကို ဖေဖာ်ဝါရီလ ၂၀ ရက်နေ့ နေ့လည်က လှည်းကူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
"ဒီနေ့သူ့ကို ရာဇသက်ကြီး ပုဒ်မ၃၀၄(က)နဲ့ တရားစွဲဆိုထားပါတယ်။ တရားလိုကတော့ ရဲအုပ်ပြည်လင်းအောင်ပါ။ လိုပြသက်သေကိုတော ၂၇ ရက်နေ့မှာ စစ်ဆေးမှာပါ"လို့ လှည်းကူးမြို့နယ် တရားသူကြီး ဦးချစ်ကိုကိုက ပြောပါတယ်။

ဇန်နဝါရီလ ၂၁ ရက်နေ့က မနက် ၈ နာရီက ရန်ကုန်-မန္တလေးအမြန်လမ်းမ မိုင်တိုင် ၄ မိုင်နဲ့ ၂ ဖာလုံကြားမှာ ဖြစ်ပွားခဲ့တဲ့ အံစာတုံးကားမီးလောင်မှုက သမာရိုးကျမီးလောင်မှုသာဖြစ်တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပြီး အသက်ရှင်လွတ်မြောက်ခဲ့သူဖြစ်တဲ့ ကိုအောင်ခန့်က ကားကိုမောင်းခဲ့တာလို့ ဝန်ခံခဲ့တာကြောင့် ပုဒ်မသုံးခုနဲ့ တရားစွဲဆိုခဲ့တာပါ။

အမြန်လမ်းမပေါ်မှာ ဆဋ္ဌဂံဆောက်လုပ်ရေးကုမ္ပဏီ ဝန်ထမ်းတွေစီးလာတဲ့ ဘုရားဖူးကားဘီးပေါက်ပြီး လမ်းလယ်ဘောင်ကို တိုက်မိတာကနေ မီးလောင်ပြီး လူ ရှစ်ဦး မီးလောင်သေဆုံးခဲ့ကာ ယာဉ်မောင်းသူတစ်ဦးပဲ လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။
ကားမီးလောင်မှုကြောင့် ကားပေါ်မှာလိုက်ပါလာတဲ့ အမျိုးသမီးခုနှစ်ဦးနဲ့ အမျိုးသားတစ်ဦး မီးလောင်သေဆုံးခဲ့ပြီး ယာဉ်မောင်းဖြစ်သူကို အင်းစိန် CID စစ်ဆေးနေတာပါ။
Source & Photos : 7DayDaily

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...