ဂီတပါရမီရွင္ကေလးႏွစ္ဦးကို ကြၽန္းသားဂစ္တာ လက္ေဆာင္ေပးလိုက္တဲ့ ေဇာ္ဝင္းထြဋ္

နာမည္ႀကီးသီခ်င္းမ်ား ကို ကိုယ္တုိင္တီး၍ ျပန္လည္ သီဆုိသည့္ ျမင္းၿခံၿမိဳ႕က ကေလး ငယ္ႏွစ္ဦးကို အမွတ္တရအေန ျဖင့္ ကြၽန္းျဖင့္ျပဳလုပ္ထားသည့္ ဂစ္တာတစ္လက္ လက္ေဆာင္ ေပးခဲ့ေၾကာင္း အဆုိေတာ္ ေဇာ္ ဝင္းထြဋ္က ေျပာသည္။

‘‘သူတုိ႔ကို ခ်ိန္းထားတာမသိ ဘူး။ ႐ံုးကိုဝင္လာေတာ့ ကေလး ႏွစ္ေယာက္ဆုိတာကိုေတြ႕တာ ေတာ္ေတာ္ေကာင္းလုိ႔ အခန္းထဲ မွာ ခ်ိတ္ထားတဲ့ဂစ္တာကို ေပး လုိက္တာ။ တစ္ခုလံုး ကြၽန္းသားနဲ႔ ေအာ္ဒါမွာၿပီး လုပ္ထားတဲ့ ဂစ္ တာ’’ဟု ၎က ေျပာသည္။

ေဇာ္ဝင္းထြဋ္ထံမွ ဂစ္တာ လက္ေဆာင္ရရွိခဲ့ေသာ ဥကၠာၿဖိဳး ႏွင့္ လေရာင္သစ္တုိ႔သည္ ညီအစ္ ကိုအရင္းျဖစ္ၿပီး ၎တုိ႔ကိုယ္တုိင္ တီး၍ သီဆိုထားသည့္ သီခ်င္းဗီဒီ ယိုဖိုင္မ်ားကို ေမလလယ္က Thae Aye လူမႈကြန္ရက္ စာမ်က္ႏွာတြင္ ေဖာ္ျပခဲ့ရာမွ ပရိသတ္အသိအမွတ္ျပဳမႈရရွိခဲ့သည္။

၎တုိ႔ႏွစ္ဦးကိုယ္တုိင္ တီး ခတ္သီဆုိခဲ့ေသာ သီခ်င္းမ်ားထဲ တြင္ ‘အေႂကြး’၊ ‘ဗိုလ္ေအာင္ဒင္’၊ ‘အမွတ္တရ’၊ ‘ဒီေရ ဒီေလွ’၊ ‘မိတ္ ကပ္မႀကိဳက္ေသာ သီခ်င္းမ်ား’ စသည့္သီခ်င္းမ်ားအပါအဝင္ အဆိုေတာ္မ်ား၏ နာမည္ႀကီး သီခ်င္းေတာ္ေတာ္မ်ားမ်ားကို ပရိ သတ္မ်ားက ႏွစ္ၿခိဳက္ခဲ့ၾကသည္။

ဇြန္လ ၂၃ ရက္က FM Bagan ၏ ေဖ့စ္ဘြတ္ခ္စာမ်က္ ႏွာတြင္ ဥကၠာၿဖိဳးႏွင့္ လေရာင္သစ္ တုိ႔ ႏွစ္ဦးႏွင့္ ေတြ႕ဆံုသည့္အစီအ စဥ္ကို တိုက္႐ိုက္ထုတ္လႊင့္ခဲ့ သည္။

‘‘သူတုိ႔ေပ့ခ်္မွာလည္း ဆုိ တာ၊ တီးတာ ေတြ႕ေနရတာပဲ။ စိတ္ခ်မ္းခ်မ္းသာသာ ေပ်ာ္ေပ်ာ္ ရႊင္ရႊင္နဲ႔ ဂီတအလုပ္ကို လုပ္ေန တာ ျမင္ရေတာ့ စိတ္ခ်မ္းသာ တယ္။ မ်ားေသာအားျဖင့္ ဂီတ လုပ္ေနၾကတာ ၾကည့္ရတာ ပင္ ပန္းတယ္ေလ။ သီခ်င္းဆုိသလို၊ တီးသလိုနဲ႔မတူဘဲ ေရထမ္းသလို ပင္ပန္းေနေတာ့ ဘာလုပ္မွာလဲ။ ကေလးေတြ ၾကည့္ရတာ အား သစ္အင္သစ္ရတယ္။ ေပ်ာ္ေပ်ာ္ ရႊင္ရႊင္နဲ႔လုပ္ေနတာ’’ဟု ေဇာ္ဝင္း ထြဋ္က ေျပာသည္။

ကေလးငယ္ႏွစ္ဦး၏ အရည္အခ်င္းမ်ား ေတာ္ေသာေၾကာင့္ ခ်ီးက်ဴးသလို ၎တုိ႔၏ မိဘမ်ား ကိုလည္း ခ်ီးက်ဴးရမည္ျဖစ္ ေၾကာင္း ၎က ဆုိသည္။

‘‘သူတုိ႔အိမ္မွာ အေအးဆုိင္ ေလးဖြင့္တယ္ေျပာတယ္။ ကေလးေတြက စာလည္းေတာ္တယ္။ ဂီတလည္း လုပ္တယ္ဆုိေတာ့ ၿပီး ျပည့္စံုတဲ့ကေလးေတြေပါ့။ စိတ္ခ်မ္းသာစရာေကာင္းတဲ့ မိသားစု ေလးေပါ့’’ဟု ေဇာ္ဝင္းထြဋ္က ေျပာသည္။

အဆုိပါကေလးငယ္ႏွစ္ဦး ၏ ဖခင္သည္ ဂစ္တာသမား တစ္ဦးျဖစ္ၿပီး ဥကၠာၿဖိဳးသည္ (၇)ႏွစ္အရြယ္တြင္ စတင္၍ ဂစ္တာတီးခဲ့ျခင္းျဖစ္သည္ဟု FM Bagan၏ အင္တာဗ်ဴးတြင္ ေျဖၾကားထား သည္။လက္ရွိတြင္ ဥကၠာၿဖိဳးသည္ ေျခာက္တန္းတက္ေရာက္ေနၿပီး လေရာင္သစ္သည္ သံုးတန္းတက္ ေရာက္ေနသည္။

Credit - 7daydaily
============

နာမည်ကြီးသီချင်းများ ကို ကိုယ်တိုင်တီး၍ ပြန်လည် သီဆိုသည့် မြင်းခြံမြို့က ကလေး ငယ်နှစ်ဦးကို အမှတ်တရအနေ ဖြင့် ကျွန်းဖြင့်ပြုလုပ်ထားသည့် ဂစ်တာတစ်လက် လက်ဆောင် ပေးခဲ့ကြောင်း အဆိုတော် ဇော် ဝင်းထွဋ်က ပြောသည်။

‘‘သူတို့ကို ချိန်းထားတာမသိ ဘူး။ ရုံးကိုဝင်လာတော့ ကလေး နှစ်ယောက်ဆိုတာကိုတွေ့တာ တော်တော်ကောင်းလို့ အခန်းထဲ မှာ ချိတ်ထားတဲ့ဂစ်တာကို ပေး လိုက်တာ။ တစ်ခုလုံး ကျွန်းသားနဲ့ အော်ဒါမှာပြီး လုပ်ထားတဲ့ ဂစ် တာ’’ဟု ၎င်းက ပြောသည်။

ဇော်ဝင်းထွဋ်ထံမှ ဂစ်တာ လက်ဆောင်ရရှိခဲ့သော ဥက္ကာဖြိုး နှင့် လရောင်သစ်တို့သည် ညီအစ် ကိုအရင်းဖြစ်ပြီး ၎င်းတို့ကိုယ်တိုင် တီး၍ သီဆိုထားသည့် သီချင်းဗီဒီ ယိုဖိုင်များကို မေလလယ်က Thae Aye လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြခဲ့ရာမှ ပရိသတ်အသိအမှတ်ပြုမှုရရှိခဲ့သည်။

၎င်းတို့နှစ်ဦးကိုယ်တိုင် တီး ခတ်သီဆိုခဲ့သော သီချင်းများထဲ တွင် ‘အကြွေး’၊ ‘ဗိုလ်အောင်ဒင်’၊ ‘အမှတ်တရ’၊ ‘ဒီရေ ဒီလှေ’၊ ‘မိတ် ကပ်မကြိုက်သော သီချင်းများ’ စသည့်သီချင်းများအပါအဝင် အဆိုတော်များ၏ နာမည်ကြီး သီချင်းတော်တော်များများကို ပရိ သတ်များက နှစ်ခြိုက်ခဲ့ကြသည်။

ဇွန်လ ၂၃ ရက်က FM Bagan ၏ ဖေ့စ်ဘွတ်ခ်စာမျက် နှာတွင် ဥက္ကာဖြိုးနှင့် လရောင်သစ် တို့ နှစ်ဦးနှင့် တွေ့ဆုံသည့်အစီအ စဉ်ကို တိုက်ရိုက်ထုတ်လွှင့်ခဲ့ သည်။

‘‘သူတို့ပေ့ချ်မှာလည်း ဆို တာ၊ တီးတာ တွေ့နေရတာပဲ။ စိတ်ချမ်းချမ်းသာသာ ပျော်ပျော် ရွှင်ရွှင်နဲ့ ဂီတအလုပ်ကို လုပ်နေ တာ မြင်ရတော့ စိတ်ချမ်းသာ တယ်။ များသောအားဖြင့် ဂီတ လုပ်နေကြတာ ကြည့်ရတာ ပင် ပန်းတယ်လေ။ သီချင်းဆိုသလို၊ တီးသလိုနဲ့မတူဘဲ ရေထမ်းသလို ပင်ပန်းနေတော့ ဘာလုပ်မှာလဲ။ ကလေးတွေ ကြည့်ရတာ အား သစ်အင်သစ်ရတယ်။ ပျော်ပျော် ရွှင်ရွှင်နဲ့လုပ်နေတာ’’ဟု ဇော်ဝင်း ထွဋ်က ပြောသည်။

ကလေးငယ်နှစ်ဦး၏ အရည်အချင်းများ တော်သောကြောင့် ချီးကျူးသလို ၎င်းတို့၏ မိဘများ ကိုလည်း ချီးကျူးရမည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။

‘‘သူတို့အိမ်မှာ အအေးဆိုင် လေးဖွင့်တယ်ပြောတယ်။ ကလေးတွေက စာလည်းတော်တယ်။ ဂီတလည်း လုပ်တယ်ဆိုတော့ ပြီး ပြည့်စုံတဲ့ကလေးတွေပေါ့။ စိတ်ချမ်းသာစရာကောင်းတဲ့ မိသားစု လေးပေါ့’’ဟု ဇော်ဝင်းထွဋ်က ပြောသည်။

အဆိုပါကလေးငယ်နှစ်ဦး ၏ ဖခင်သည် ဂစ်တာသမား တစ်ဦးဖြစ်ပြီး ဥက္ကာဖြိုးသည် (၇)နှစ်အရွယ်တွင် စတင်၍ ဂစ်တာတီးခဲ့ခြင်းဖြစ်သည်ဟု FM Bagan၏ အင်တာဗျူးတွင် ဖြေကြားထား သည်။လက်ရှိတွင် ဥက္ကာဖြိုးသည် ခြောက်တန်းတက်ရောက်နေပြီး လရောင်သစ်သည် သုံးတန်းတက် ရောက်နေသည်။

Credit - 7daydaily

Admin Unknown

ApannPyay Website ေပၚတြင္ ေဖာ္ျပတင္ဆက္ေသာ သတင္း၊ ေဆာင္းပါး၊ ဗဟုသုတမ်ားကို မည္သည့္ Facebook စာမ်က္ႏွာ၊ Website မ်ားတြင္မဆို ခြင့္ေတာင္းခံစရာမလိုပဲ မူလ Credit မပါေသာ ပို႔စ္မ်ာကို Credit-ApannPyay ေပးၿပီး ျပန္လည္ကူးယူ မွ်ေ၀ေဖာ္ျပႏိုင္ပါသည္။

0 comments :

Post a Comment

Loading...