ယောကျာင်္းဆိုတာ ယောကျာင်္းပါပဲ


တစ်နေ့မှာ အမျိုးသမီး တစ်ယောက်ဟာ သူ့ အမျိုးသား ကို စမ်းချင်နေမိတယ်.. သူဘာမှ မပြောပဲ ထွက်သွားရင် သူ့ ယောက်ျား ဘယ်လို တုန့်ပြန်မလဲ ဆိုတာ အရမ်းသိချင်နေခဲ့တယ်။ ဒီလိုနဲ့ စာတစ်ခု ရေးထားတယ်။

“ရှင်နဲ့ပေါင်းရတာ စိတ်ကုန်ပါပြီ.. ဆက်ပြီး မပေါင်းချင်တော့လို့ ထွက်သွားပါတယ်..” လို့ ရေးထားပြီး စာရွက်ကို စားပွဲေ ပါ် တင်ထား လိုက်တယ်။ သူကတော့ ကုတင် အောက်မှာ ၀င်ပုန်း နေလိုက်တယ်။

အမျိုးသား ပြန်လာပါပြီ… ဟော စာရွက် ကို တွေ့ ပြီ… ကောက်ဖတ်လိုက်တယ်… ပြီးတော့ အဲဒီ စာရွက်မှာပဲ စာပြန်ရေး ထား လိုက်တယ်…

နောက်တော့ သီချင်းလေးဆို က ရင်း… အ၀တ်အစား လှဲ နေတုန်း… တစ်စုံ တစ်ယောက်ဆီ ဖုန်းကောက်ဆက်လိုက် တယ်…

“ဟာလို ချစ်လေး… ငါ ခု မင်းနဲ့ တွေ့ ဖို့ အ၀တ်စား လှဲ နေတယ်.. ငါကွာ.. တခြား တစ်ယောက်ကို အရူး လုပ်နေရတဲ့ အဖြစ်အတွက် အရူးမီးဝိုင်း ဖြစ်နေတာ… နောက်ဆုံးတော့ ပြီးသွားပါပြီ…. သူမနဲ့ လက်ထပ်ခဲ့တာ တကယ်ကို မှားသွား ခဲ့ပါတယ်… မင်းကို ကြိုအသိပေးချင်နေခဲ့တာပါ။… မကြာခင် တွေ့ မယ်နော် ချစ်လေး…”

ယောက်ျား ဖြစ်သူ အခန်းထဲမှ လမ်းလျှောက်ထွက်သွားပြီးနောက် မျက်ရည် မျက်ခွက် နဲ့ ထွက်လာပြီး သူ့ ယောက်ျား ရေးထားတဲ့ စာ ကို ကောက်ဖတ် လိုက်တယ်…

“ကုတင်အောက် မှာ ခင်များ ရဲ့ ခြေတစ်လုံး မြင်နေရတယ်.. ငါ ဘယ် ဖုန်းမှ မခေါ် ခဲ့ဘူး.. အပြင်ထွက်ပြီး ပေါင်မုန့် သွား ၀ယ် အုံးမယ်.. ထ တော့.. အရူးအကွက်တွေ တော်ပြီ… ငါ့အတွက် အစားအသောက် ပြင်ပေး… I LOVE You”

ပြုံးပျော် နိုင်ကြပါစေ…

Credit:Feeling Guy
Source : https://www.facebook.com/feelingguywls/

Admin Unknown

ApannPyay Website ပေါ်တွင် ဖော်ပြတင်ဆက်သော သတင်း၊ ဆောင်းပါး၊ ဗဟုသုတများကို မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆို ခွင့်တောင်းခံစရာမလိုပဲ မူလ Credit မပါသော ပို့စ်မျာကို Credit-ApannPyay ပေးပြီး ပြန်လည်ကူးယူ မျှဝေဖော်ပြနိုင်ပါသည်။

0 comments :

Post a Comment

Loading...